@chochoaung032725: Living together တွဲခဲ့ပြီးမှ လမ်းခွဲလိုက်တဲ့နောက်မှာ အရာရာဟာ ယောင်ချာချာပါဘဲ ။ ဘာမှမဖြစ်ဘူးအဆင်ပြေသွားလိမ့်မယ်လို့ ကိုယ့်ကိုယ်ကိုအားပေးကြည့်တယ်။ ကျနော်လည်း ငိုမနေခဲ့ပါဘူး။ ဒါပေမယ့် စကားလည်းမပြောနိုင်ခဲ့ဘူး။ မနက်ဖြန်တွေကို ဘယ်လိုအင်အားမျိုးနဲ့ ရင်ဆိုင်ရမလဲဆိုတာကိုပဲ တွေးနေခဲ့တယ်။ အိမ်ပြန်နောက်ကျတဲ့နေ့တွေမှာ ပုံမှန်၀င်နေကျစာဟာရောက်မနေခဲ့ဘူး။ ဖုန်းကိုခဏခဏစစ်နေမိတယ်။ မျှော်လင့်ချက်ကတော့သေနေခဲ့တယ်။ အဲနေ့က ပထမဆုံးအနေနဲ့ လစာရလာတဲ့အကြောင်း ပြောပြစရာလူမရှိခဲ့ဘူး။ အထွေအထူး ပြောင်းလဲသွားတာမျိုး မဟုတ်ပေမဲ့.... ကိုယ့်ရှေ့ရေး ကိုယ်တွေးမိတိုင်း သုံးဖြစ်ခဲ့တဲ့ ကိုယ်တို့ - ဆိုတဲ့ နာမ်စားလေးထဲမှာ မင်းနဲ့ကိုယ် အရင်လို အတူတူ ရှိမနေနိုင်တော့တာကလွဲရင် အရာရာဟာ ပုံမှန်ပါဘဲ ။ သူမရှိတော့ဘူး သူမရှိတော့ဘူး .... ကိုယ့်ဘဝထဲမှာ သူမရှိတော့ဘူး ဆိုတဲ့ အတွေးဟာ ဦးနောက်ကနေ နှလုံးသားကို ကျယ်ကျယ်လောင်လောင်နဲ့ နှိပ်စက်တယ် ။ ရှိုက်ကြီးတငင် ငိုချလိုက်ဖို့ တော်တော်ခက်ခဲတယ် ။ မျက်ရည်ဟာ နာကျင်လွန်းတဲ့အခါမှာ ထွက်မလာတော့ဘူး။ အဲ့ဒီအစား ရင်ဘက်တစ်ခုလုံးဟာ တဖြေးဖြေးနဲ့ လောင်မြိုက်ပေးရတယ် ။ ဒီလိုဖြတ်သန်းရတဲ့နေ့မှန်သမျှဟာ ကိုယ့်အတွက်တော့ ငရဲပဲ။ အဆင်ပြေလားတဲ့။ ဗရမ်းဗတာပါပဲ ဒါပေမယ့် လိမ်လိုက်တယ်။ ဘယ်သူကပိုခံစားရတဲ့သူဖြစ်ချင်ပါ့မလဲ။ ချစ်ပေးခဲ့ပြီပဲ လုံလောက်ပြီလို့ကိုယ့်ဘာသာ နှစ်သိမ့်ပေးကြည့်တယ်။ ကျနော် ငိုနေမိလားမသိ။ ညတွေ အိပ်ပျော်ဖို့ကြိုးစားရတယ်။ မနက်ဆိုထနိုင်ဖို့ ကြိုးစားရတယ်။ အချိန်မှန်စားသောက်ဖို့ကြိုးစားရတယ်။ လူတွေကြားထဲ အဆင်ပြေဖို့ကြိုးစားရတယ်။ အရှုံးပေးပြီးထွက်သွားချင်စိတ်ကိုကြိုးစားပြီးတားရတယ် ။ ဒါမှကိုယ်ချစ်တဲ့သူကိုရေရှည်သတိရနေနိုင်မယ်မဟုတ်လား။ #fypage

E L L A
E L L A
Open In TikTok:
Region: MM
Sunday 19 July 2026 01:00:59 GMT
54411
3438
34
411

Music

Download

Comments

to8ickayy
ကျန်းမာရေးဂရုစိုက်နော် :
silent report💔
2026-07-19 14:08:22
6
eie.nwine27
Eie Nwine :
ကိုယ်လဲမနေ့ကမှလမ်းခွဲခဲ့တာဒါမဲ့ မနက်ကမှသိလိုက်ရတာသူကဖောက်ပြန်နေခဲ့တာ ၁ရက်ပဲရှိသေးတာကို သိက္ခာတောင်မထိန်းနိုငိဘူး Living together နေပီးလမ်းခွဲရတာဆိုတော့ယောင်ချာချာပဲ
2026-07-19 10:05:48
34
elliarue003
Haily :
ကိုယ်လဲ အဲ့လိုကြီးဖြစ်မှာကြောက်တယ် ဒါမဲ့ လူဆိုတာ ရှေ့ဆကိဘာဖြစ်မလဲ ဘယ်သူမှမသိကြပဲ တူတူရှိတူံးတော့ ချစ်ပေးမယ်ဂရုစိုက်ပေးမယ် မလွှဲသာလို့ဝေးရမယ်ဆိုလဲ ဖြည့်တွေးတတ်အောင် ခုထဲကစိတ်ကိုပြင်ဆင်ပြီးနေပါတယ်
2026-07-19 16:35:44
7
apply6681
T :
ကိုယ်ဆိုမနေ့ကမနကိမာသိရတာသူကအဝေးကလူနဲ့ဖောက်ပြန်သွားတယ်ဘာလိုလွယ်လွယ်နဲ့လုပ်ရက်ရတာလဲ
2026-07-20 00:42:25
2
h408526
lwal yone💤 :
အခုထိ ယောင်ချာချာနဲ့ လမ်းပျောက်နေတုန်း🥺 တွဲခဲ့ကြတာ ၆ရက်မှ မဟုတ်တာ ၆နှစ်လေ🥺🥺
2026-07-20 00:52:23
3
shwe.eain.san908
Thae Htet Paing :
ဘာမှမဖစ်ဘူးဘဝမှာလူတိုင်းမှားကျတယ်ကောင်းဖို့ဖစ်လာတာအရာရာfighting
2026-07-20 04:49:46
0
tin.tin.htwe2024
𝑲𝒊𝒎 ♏ :
အဆင်ပြေလာလိမ့်မယ်ပြောပေမဲ့ ခုချိန်ထိ ယောင်ချာချာဖြစ်နေတုန်းပဲ သူ့ကိုပုံအောပီးယုံကြည်လို့ နိုင်ငံခြားကနေ ရန်ကုန်ကိုအခြေချပြန်လာခါမှ လုပ်ရက်တယ်🥺
2026-07-19 16:20:03
4
zeus_offical_account
ZEUS :
မသေရုံလေးပါ🫠
2026-07-19 23:59:33
2
may092260
🦥May🦥 :
သေမတတ်ပါဘဲ
2026-07-19 17:08:33
2
ps.success6
P's Success :
စာသားလေးသဘောကျလို့ စာသားလေးချပေးလို့ရမလားနော်
2026-07-20 03:18:18
0
sumyatswe005
sumyatswe005 :
2026-07-19 10:23:35
1
be.love.love
❤️‍🔥 :
ရှေ့မဆက်ချင်လောက်အောင် ဘဝက စုတ်ပြတ်သတ်နေပီ😭
2026-07-19 11:43:28
1
nobalnobal6
Hs_uu :
တို့လည်းမဝေးခြင်ဘူးးး ဒီpostတွေမြင်ရင် အလိုလိုခံစားရသလိုပဲ ဘာပဲဖစ်ဖစ် ဖောက်ပြန်တဲ့ကိစ္စကလွှဲရင်အကုန်ညှိနှိုင်းလို့ရတယ်လို့ပြောထားတော့ နည်းနည်း စိတ်သက်သာရာ ရပါသေးတယ် ကိုအဲ့လုပ်ရပ်ကြီးမလုပ်ရင်ဝေးစရာမလိုဘူးဆိုပီး🥺🥺
2026-07-20 01:42:33
0
zinmilatt16
Fern🐰 :
နေ့ရက်တိုင်းမသေရုံတမယ် အကုန်ယောင်ချာချာဖြစ်နေခဲ့တာ😓
2026-07-19 15:55:20
2
hhk2k8
တုံးတုံးလေး :
တူတူပါပဲဗျာ နောက်တစ်ယောက်နဲ့ဖောက်ပြန်နေပီးတော့ ချုပ်ခြယ်တယ်ဆိုတဲ့ အကြောင်းပြချက်ပေးပီးဖျက်သွားတာ သုံးနှစ်ကျော်ကောင်ကတစ်ပတ်ကျော်ကောင်ကိုရှုံးခဲ့တယ်
2026-07-20 03:28:20
0
To see more videos from user @chochoaung032725, please go to the Tikwm homepage.

Other Videos


About