@mydailylife1122: ဆန့်ကျင်ဘက်ကလာတဲ့ စကားတိုင်း ပြန်တုံ့ပြန်နေရင် ကိုယ်က ငပေါတစ်ယောက် ဖြစ်သွားမှာပေါ့။ မလိုလို့ ပြောကြတဲ့ စကားတိုင်း လိုက်ခံစားနေရင် ကိုယ်ဟာ လူညံ့တစ်ယောက် ဝန်ခံသလို ဖြစ်သွားမှာပေါ့။ မြှောက်ပေးတဲ့ စကားတွေတိုင်း လိုက်သာယာနေရင် အရည်အချင်းမရှိတဲ့သူ ဖြစ်သွားမှာပေါ့။ သွေးထိုးတဲ့ စကားတိုင်း လိုက်ယုံနေရင် ကိုယ့်ရဲ့ တန်ဖိုးကို ကိုယ်မသိသူ ဖြစ်သွားလိမ့်မယ်။ လူဆိုတာ ကိုယ့်သမိုင်း ကိုယ်ရေးရမှာ ဖြစ်သလို ကိုယ့်ဘဝကို ကိုယ်တိုင် ဆေးခြယ်တာပဲ ကောင်းပါတယ်။ ကိုယ့်ထမင်းကိုယ်စားပြီး ကိုယ့်အလုပ်ကို စိုက်လိုက်မတ်မတ် လုပ်မယ်။ မှားသော်ရှိ မှန်သော်ရှိ ကိုယ်တိုင် ခံယူတတ်တာဟာ အမှန်ဆုံးသော နေထိုင်မှုပေါ့။ လူတွေဆိုတာ "မလိုတမာ လိုသကာ"ဆိုသလိုပဲ။ ကောင်းချင်လည်း သူတို့ပဲ၊ မကောင်းချင်လည်း သူတို့ နှုတ်ခမ်းနဲ့ ဖန်တီးတတ်ကြတာ သဘာဝပဲ။ ကိုယ့်ဘဝနဲ့ ဆိုင်တဲ့ အကြောင်းတွေမှန်သမျှ သူတစ်ပါးတွေကို ဝင်မပါစေဘဲနဲ့ ကိုယ့်စိတ်နဲ့ကိုယ် ရှင်သန်နေရတာ တွေးဝေမှုတွေလည်း မရှိဘူး၊ လွတ်လပ်ပေါ့ပါးပါတယ်။ ကိုယ့်အားကိုယ်ကိုးပြီး ကိုယ့်ခြေဖဝါးပေါ်ကို ရပ်တည်နိုင်ဖို့အတွက် ကြိုးစားခြင်းဟာ ပင်ပန်းစေရင်တောင်မှပဲ ဘယ်သူ့မျက်နှာမှ ငဲ့စရာမလိုဘူး၊ အေးချမ်းတယ်။ ဒါကြောင့်မလို့ ဘယ်သူတွေက နောက်ကွယ်မှာ ဘယ်လိုပဲပြောပြော ကိုယ့်လုပ်ရပ်တွေ မှန်နေသရွေ့ ပြန်ရှင်းပြဖို့ စိတ်မဝင်စားဘူး။ ဘယ်ဘက်နားက ကြားရင်လည်း ညာဘက်နားက ထုတ်ပစ်လိုက်တယ်။ ညာဘက်နားက ကြားရင်လည်း ဘယ်ဘက်နားကနေ ထုတ်ပစ်လိုက်တယ်။ ကိုယ်မသိအောင် နောက်ကွယ်က ဘယ်ပုံစံနဲ့ပဲ တိုက်ခိုက်ကြပါစေ၊ အမှန်တရားကို လက်ကိုင်ထားပြီး သာသာယာယာပဲ ပြန်တုံ့ပြန်ဖို့ အာရုံမလာဘူး။ #ဘဝအမောများပြေပါစေ #ဗဟုသုတအဖြစ်တင်ပေးတာပါနော် #ဘဝစာပေ #fyp #foryou

🕊️𝓜𝔂𝓓𝓪𝓲𝓵𝔂 𝓛𝓲𝓯𝓮 (2)
🕊️𝓜𝔂𝓓𝓪𝓲𝓵𝔂 𝓛𝓲𝓯𝓮 (2)
Open In TikTok:
Region: MM
Sunday 19 July 2026 01:06:34 GMT
95042
9616
156
623

Music

Download

Comments

linn.linn4275
ဒဿမှာလဲအသဲနှလုံးနဲ့ပါ :
အားပေးခဲ့ပါတယ်
2026-07-21 01:53:42
2
nyinyi05302
nyinyi :
Okay 👌 right 👍 Very good 👍
2026-07-20 03:43:30
2
u.zaw939
U Zaw :
🌹🌹🌹🌹မဂ်လာပါ ေလးစားလျက် 🌹🌹🌹🌹ပြန်လည်မျှဝေ ခွင့်ပြုပါ
2026-07-20 13:33:35
1
naylinhtet8263
NayLinHtet (japan🇯🇵 acc) :
ဒါပေါ့ဗျာ
2026-07-19 12:26:53
1
user94911713596108
user94911713596108 :
hiဟုာယ်
2026-07-20 05:30:24
1
user1682622060720
မြတ်သောစေသနာ2 :
သိပ်ဟုတ်ထာပေါ်ရုင့်
2026-07-20 09:42:11
1
gyinn.kaung6
Gyinn Kaung :
မှန်ပါတယ်🙏🙏🙏🌹🌹🌹🌹🌹🌹
2026-07-21 01:34:54
1
user8369359657681
user8369359657681 :
ရေးလိုက်မယ်နော်သည်းခံပါရင်တွင်းဖြစ်စကါးစာသားသဘောကျတယ်ဗျာဆရာ
2026-07-20 09:08:14
1
hnin.mon.myint28
🇯🇵Hnin Mon Myint🇯🇵🇯🇵 :
အမှန်ပေ
2026-07-20 14:24:32
1
aye.aye72525
❤️Aye Aye❤️ :
မဂ်လာပါ
2026-07-20 23:08:08
1
nadi07754
nadi :
မှန်ပါတယ်
2026-07-19 09:18:09
1
re.hh082
#❤️.M.❤️.M.❤️.K🌹🌹🌹 :
သိပ်မှန်
2026-07-20 04:05:48
1
user9610900480761
🍀အ☘️လင်း🍀သစ်🍀ပေါ့☘️☘️ :
မှန်လိုက်တာ
2026-07-19 13:52:24
1
hnin566889964
Yu Yu Htwe :
ကောင်းလိုက်တဲ့စာသားပြန်ယူသုံးခွင်ပြုပါ
2026-07-22 02:17:29
2
har.naing34
Har Naing :
မှန်ပါတယ် ဗျာ
2026-07-19 05:22:14
1
soe.hlaing692
*Soe* :
သိပ်မှန်တယ်
2026-07-19 08:10:36
1
daw.soe.soe1955
Daw Soe Soe1955 :
ဟုတ်တယ်နော် 👍👍👍👍👍👍
2026-07-22 04:16:36
0
ko.thu9451
Ko Thu :
မှန်လိုက်တာ
2026-07-19 02:53:20
0
go.go.734
ရွက်စိမ်း :
ကြိုက်နှစ်သက်ပါတယ်
2026-07-22 03:48:46
1
kokyawsoe6992
Ko Kyaw Soe :
မှန်ပါ တယ်။ အရှင်။ ဘူရား။ ပါ။ ☺️☺️☺️☺️☺️
2026-07-23 16:04:54
0
min.kokogyi
Min KoKoGyi :
Right 👍
2026-07-24 01:07:31
0
user594211650213
စထက်ကြီး :
ok
2026-07-23 14:45:25
0
papa70400
papa :
ကြိုက်တယ်
2026-07-23 14:57:12
0
ei.ei.aung1852
ကိုချစ်အိလေး :
သိမ်ကိုမှန်တယ်😌
2026-07-19 01:16:15
1
To see more videos from user @mydailylife1122, please go to the Tikwm homepage.

Other Videos


About