@hninmarkyaw: တကယ်တော့ အချစ်ဆိုတာ စကားလုံးအလှအပတွေနဲ့ ဖွဲ့နွဲ့နေရုံတင်မဟုတ်ဘဲ တစ်ယောက်နဲ့တစ်ယောက်ကြားက "လုံခြုံမှု" ကို တည်ဆောက်ယူရတာမျိုးပါ။ ကိုယ်ဘယ်သွားတယ်၊ ဘာလုပ်နေတယ်ဆိုတာကို အမြဲအသိပေးတတ် တာဟာ တစ်ဖက်လူကို စိတ်မပူစေချင်တဲ့ စေတနာအပြင် "#ငါ့ရဲ့နေ့စဉ်ဘဝထဲမှာ #မင်းကအမြဲတမ်းပါဝင်နေတယ် " ဆိုတဲ့ အလေးအနက်ထားမှုကို ဖော်ပြနေတာလည်း ဖြစ်တယ်။ အလုပ်တွေကြားထဲ ဒါမှမဟုတ် စာသင်ခန်းထဲမှာ ရုန်းကန်နေရတဲ့အချိန်မှာတောင် မမေ့မလျော့ဘဲ Message ပို့ဖို့ သတိရနေတာဟာ အဲဒီလူကို ကိုယ့်ရဲ့ Priority (ဦးစားပေး) စာရင်းထဲမှာ အထက်ဆုံးကထား ထားလို့ပဲပေါ့။ တစ်ခါတလေမှာ "ချစ်တယ်" ဆိုတဲ့ စကားတစ်ခွန်းထက် "အိမ်ပြန်ရောက်ပြီ" ဆိုတဲ့ စကားလေး တစ်ခွန်းက ပိုပြီး စိတ်အေးရသလို၊ ပိုပြီးလည်း နွေးထွေးမှုပေး နိုင်ပါတယ်။ ကိုယ်တွေက အနားမှာ အမြဲရှိမနေ နိုင်တဲ့အခါမျိုးမှာ ဒီလို အသိပေးမှုလေးတွေကပဲ တစ်ယောက်နဲ့တစ်ယောက်ကြားက အကွာအဝေးကို နီးကပ်စေတာပါ။ ဘယ်လောက်ပဲ အချိန်တွေ ကြာသွားပါစေ... ဒီလို ဘာမဟုတ်တဲ့ စာကြောင်းတိုလေးတွေ နောက်က ဂရုစိုက်မှုတွေကိုပဲ အမြဲတမ်း တန်ဖိုးထားပြီး ဆုပ်ကိုင်ထားချင်မိတယ်။ #crd_to_owner_with_respect #creatorsearchinsights #foryoupage
Snow (Cancer lady)
Region: MM
Sunday 19 July 2026 05:17:57 GMT
Music
Download
Comments
🌻🤍💙🐭 Mi Po🐹🤍💙🌻 :
အစပိုင်းပါပဲနော့် အဲ့ဒါလက်တွေ့ လက်တွေ ဒီကကောင်မကြီး ခံစားခဲ့ရတာပါ🥺 အလုပ်တွေမအားလို့ဆိုလို့ နားလည်ပေးခဲ့တယ့် နောက်ပိုင်း အလုပ်အားတဲ့အချိန်တွေပါ ဖုန်းမခေါ်စာမပို့တော့တာ ပို့ခဲ့ရင်လဲ အိပ်တော့လေ အိပ်တော့မယ်နော့်ဆိုတာနဲ့ ပြီးသွားခဲ့တယ်💔 ဒီကောင်မကြီးက အိပ်ချင်နေတာတောင်မအိပ်ပဲ ဘယ်ချိန်ဖုန်းခေါ်မလဲ စောင့်နေခဲ့တာ🙃 ထမင်းစားနေလို့ မအားသေးဘူးပြောခံခဲ့ရတဲ့အချိန်က ဒီကောင်မကြီးကထမင်းစားနေရင်း တန်းလန်း vcခေါ်နေခဲ့တာ ဒါမှမဟုတ့် ထမင်းမစားသေးပဲ ဒီကောင်မကြီးက စောင့်နေခဲ့တာ😫 အစက သဲသဲလှုပ်အချစ်ခံရပြီး နောက်ပိုင်း အနေဝေးသွားတဲ့အချိန်ကစ၍ပြောင်းလဲသွားတာများ သူစိမ်းတစ်ယောက်လိုပဲ🙄 ဒီကောင်မကြီး ရင်တွေ💔ကွဲရတာပေါ့ နောက်ဆုံး ဝမ်းနည်းလို့သူရှေ့ ငိုမိရင် ဒီကောင်မကြီး မျက်နှာမြင်ရတာ ပူလောင်ပါတယ်တဲ့🤧 ဒီကောင်မကြီးက အခုတော့ သူပျော်ချင်တဲ့လူ သူစိတ်ထဲရှိတဲ့လူနဲ့ပဲ လက်တွဲပါတော့လို့ ပြောပြီး ဒီကောင်မကြီး ချစ်လျှက်နဲ့ သူကိုအဆက်အသွယ်ရင်ဆုံးမလုပ်တော့ပဲ တိတ်စိတ်သွားခဲ့ပါတယ့် သူဘက်ကလဲ blockသွားပါတယ့် ဒီကောင်မကြီးကိုယ်လေ🙂 အခုဒီစာလေး cmမန့်နေရင်း ဒီကောင်မကြီး မျက်ရည်ကျမိပါတယ့်😢
2026-07-20 11:35:51
44
နိုင်းတံခွန် :
အစပိုင်းတော့ ပြောမဝပါပဲ
နောက်တော့ အဲလိုတွေ ပြောနေရတာက်ို စိတ်ညစ်လာတာ ကျနော်ကိုယ်တိုင်ပါပဲ
မချစ်လို့မဟုတ်ဘူး ခေါင်းထဲမှာ အလုပ်တွေ ရည်ရွယ်ချက်တွေက နေရာယူလာရင် အဲလိုတွေက မပြောချင်တော့ဘူး
2026-07-20 05:51:59
36
🌸mg cherry wai🌸 :
အစပိုင်းအာလိုချစ်ခဲ့တာပဲနောက်မှလိမ်ညာလှည့်စားထား😌
2026-07-19 14:09:22
15
Moe♏️☘️❤️ :
အစတွေကောင်းပေးခဲ့ကြပါတယ် နောက်မှပြောင်းကြတာ
2026-07-19 20:06:49
10
Thitar (targyi)🤎 :
အစတုန်းကတော့ ဘာလုပ်နေတယ်ဘာစားနေတယ်ကအစသိခွင့်ပေးတယ် နှစ်ကြာလာတော့ မေးယူရတဲ့အဆင့်ဖြစ်လာတယ် တချိန်တခါကပေါ့လေ အခုတော့လဲ တယောက်တလမ်းစီ😌
2026-07-19 18:01:05
7
Ni Ni Fashion House 👗✨ :
right 👍👍👍
2026-07-20 00:37:32
1
yarwon3 :
ဒီလိုလေးလား
2026-07-19 13:15:16
8
ရန်ကုန်မှာနေတဲ့မိုးကုတ်ရှမ်းမ :
ခုခေတ်အချစ်နဲ့ဂရုစိုက်မှုတေကအပျော်စောဖို့အဆင်မပြေဘူး
2026-07-19 16:46:22
5
NKTK :
လိမ်ညာတတ်တဲ့အချစ်နဲ့ပဲကြုံတာများတော့ အချစ်ကိုလုံးဝမယုံရဲတော့ဖူး
2026-07-20 07:27:19
2
Daw Yin Yin Maw🍀 :
မရဘူးတဲ့ဘဝတွေမို့ စာလေးယူပါရစေရှင်❤️
2026-07-19 15:31:53
2
Inventory Management Official :
အစကတော့ မောနင်းအချိန်မှန် အနုအရွလေးတွေ သူပြောတတ်တယ် ရင်းနှီးလာတဲ့ အချိန်တွေရောက်လာတော့ လိုတိုရှင်း ပဲ သူ ပြောတော့တယ် အခြေခံကျတဲ့အရာတွေ ဆွေးနွေးဖြစ် ရန်တွေဖြစ် အယူအဆတွေ အထင်အမြင်တွေလွဲ ရသစုံကို ဖြစ်နေတော့တာ အခုအချိန်အထိတော့ ခွင့်လွှတ်နိုင်ကြပါသေးတယ်
2026-07-21 12:05:12
1
H.a.n🖤 :
အရာအားလုံးကအစပိုင်းပဲကောင်းပါတယ်
2026-07-20 03:40:22
1
🌺Lae🌺 :
တစ်ယောက်တည်းပဲနေတော့မယ်
2026-07-20 03:58:27
1
Moe :
အစပိုင်းချစ်သူစဖစ်တုန်းကရောပထမသားကြီးရတဲ့အထိကျမတို့လင်မယားကအာ့လိုပါ.ခုဒုတိယသားလေးကိုယ်ဝန်စရှိကထဲသူစဖောက်ပြန်မယားငယ်ထားပီးခုလိုစာမျိုး.ခုလိုဂရုစိုက်မှုမျိုး.အရေးပေးအလေးထားမှုမျိုး.ဘယ်သွ့ားသွားပြောပြvc ပြောတာလေးတေပျောက်ကွယ်သွားပါပီ.မယားငယ်မကိုတော့တနေ့vc အခါ၂၀လောက်ခေါ်တာကျမမြင်လိုက်ရတော့😭😭ရင်ခွင်တခုလုံးစုတ်ပြတ်သွားတဲ့ခံစားချက်ဆိုတာသူမသိဘူး.သူအတွက်ကျမကအခုချိန်မာအမြဲပူလောင်တဲ့မိန်းမတယောက်.ကျမနားနေရရင်သူမာမပျော်ရွှင်ရတဲ့ကျောက်ရုပ်ကြီးကိုဖစ်လို့.အိမ်ပြန်လာတာကျမအတွက်တော့အခွံသက်သက်အသက်မဲ့စက်ရုပ်တရုပ်လိုပါပဲ.ခုဆိုသူနဲ့သက်တမ်းက၁၁နှစ်ဖစ်ပီ.ယောကျာ်းတေအတွက်မိန်းမတေက၇နှစ်လောက်ဖစ်ပီဆိုတာနဲ့ရိုးအီသွားကျတာလား.ဘာလို့အရင်လိုလူမဖစ်ကျတော့တာလဲ.ဘာလို့ဆန္ဒကိုသိက္ခာနဲ့မထိန်းနိုင်ရတာလဲ.ဘာလို့အစတေကိုမေ့သွားရတာလဲ.ဆေးမိထားသလိုသားသမီးမျက်နှာမှမထောက်နောက်မှရောက်လာတဲ့မယားငယ်မှမယားငယ်ဖစ်သွားရတာလဲ...ကျမကသာနေ့စဥ်နဲ့အမျှပူလောင်နေရ.မေးခွန်းပေါင်းများစွာအဖြေထုတ်နေရ.သူတို့ကတော့ပျော်မြဲတိုင်းပျော်.သွားမြဲတိုင်းသွားကျ.စားကျနဲ့😰😰ဘဝကြီးကမတရားလိုက်တာနော်🥺🥺
2026-07-20 13:28:33
3
Moe Swe :
အစပိုင်းကတော့အဲဒီလိုပါပဲ.နောက်ဆုံးတော့😔😔😔
2026-07-20 07:13:17
2
Ńaw Ni Ni Lay :
ကိုယ်တွေလည်း အလုပ်ကပြန်ရောက်ရင်စာပို့တာမြင်ရင်ကျေနပ်တယ်ပြောပြထားတာမို့ ခုဆို4နှစ်ရှိပါပြီး ...မပို့တဲ့ရက်ဆိုတာ မရှိသလောက်ပါပဲ တာလေးကလည်းနွေးထွေးမှုတစ်ခုပါပဲ🥰
2026-07-20 16:34:48
1
Wai Wai moe :
အားကျတယ် ခုတော့တိတ်တခိုးစိတ်ပူနေရတယ် အဝေးက အဆင်ပြေပါစေကျန်းမာပါစေပဲဆုတောင်းပေးရုံပါပဲ အိမ်ပြန်ချိန်မသိတော့လို့ပါ အသိလည်းပေးခံရမယ့်သူကိုယ်မဟုတ်တော့လို့ပါ🥺🥺🥺🥺
2026-07-20 23:09:20
1
1 :
အစပိုင်းကတော့ ဒီလိုတွေချည်းပါဘဲ😁😂😂😂😂😂😂😂😂
2026-07-20 06:01:51
1
Mi Mi Oo :
ဟုတ်ပ ချစ်သူရည်းစား စဖြစ်ပြီးကစပြီး ခုယူပြီးချိန်ထိ ၁၈ နှစ်ရှိပြီ ကိုယ့်အပေါ်နွေးထွေးနေတုန်း
2026-07-20 15:14:53
1
U Aung Ko Ko :
ပြန်တင်ပါရစေ
2026-07-20 15:41:10
1
Thu Zar Myint :
အခုတော့ပြတ်သွားပီအဲလိုပြောတဲ့သူနဲ့😂😂
2026-07-20 15:09:37
1
Hnin Nu Lwin :
တစ်ရံရောအခါကပါကွာ🥺🥺🥺🥺
2026-07-19 14:10:17
1
မောင်သာအေး :
လူတေအားလုံးအစပိုင်းပဲကောင်းတယ်နောက်ပိုင်း အကုန်တူတူတေပါပဲ🥺
2026-07-20 04:12:49
1
ko Hiket :
🥰🥰🥰အက
2026-07-19 13:48:40
1
ကွေးကွေးလေး :
အဲ့လိုဖစ်နေကမာ😊😊😊😊😆
2026-07-19 12:28:44
1
To see more videos from user @hninmarkyaw, please go to the Tikwm
homepage.