@thike.tun.zaw: မျက်မမြင်အကြောပြင်အနှိပ်ခန်းအသီးသီးမှာ လုပ်ကိုင်နေကြတဲ့ မျက်မမြင်အကြောပြင်ဆရာ၊ ဆရာမများအားလုံး ဂုဏ်သိက္ခာရှိရှိ ရက်တည်နိုင်ရန်အတွက် အလုပ်ချိန်အတွင်း တရားဝင်လုပ်အားခ စားရိတ်ငြိမ်း လေးဆယ်ရာခိုင်နှုန်းအပြင် ရေ၊မီးနှင့် နေရာလုံခြုံမှု ရရှိရန်လည်းလိုအပ်ပါတယ်။ အလုပ်ချိန်အတွင်း လုပ်ခရာခိုင်နှုန်းအပြည့်အဝရဖို့လိုသလို အလုပ်ချိန်ကျော်ရင်လည်း အချိန်ပိုကြေး ရဖို့အပ်ပါတယ်။ ဥပမာ အလုပ်ချိန မနက်ကိုးနာရီမှ ညကိုးအထိဆိုရင် ညကိုးနာရီနောက်ပိုင်း နှိပ်ရတဲ့ အလုပ်ချိန်တွေအတွက် အချိန်ပိုကြေးရသင့်ပါတယ်။ ရအောင်လည်းတောင်းဆိုသင်ပါတယ်။ တချို့အနှိပ်ခန်းတွေမှာ အကြောပြင်ဆရာ၊ ဆရာမတွေကို အိမ်ထောင်သည်နှင့် အိမ်ထောင်မရှိသူ သီးသန့်မထားပဲ ဖြစ်သလို လိုက်ကာခြားပြီး ထားတာတွေ မကြာခဏ ကြားနေရပါတယ်။ ဒါတွေဟာ အိမ်ထောင်သည်တွေ နဲ့ အိမ်ထောင်မရှိသူတွေအတွက် ပါစင်နယ်လုံခြုံမှုနှင့် လွတ်လပ်မရှိသလို မျက်မမြင်တွေအပေါ် လူလူချင်းလေးစားမှု၊ တန်ဖိုးထားမှု မရှိဘဲ ငွေရဖို့တစ်ခုထဲကြည့်ပြီး ဖြစ်သလိုထားမယ်ဆိုတဲ့ ပြုမူဆက်ဆံခြင်းပါဘဲ။ တချို့အနှိပ်ခန်းတွေမှာ ရေဖိုး၊ ဝိုင်ဖိုင်ဖိုး ပြန်ယူတာ‌တွေလည်း ရှိနေပါတယ်။ ဒါ့ကြောင့် လုပ်အားခ ရာခိုင်နှုန်း အပြည့်အဝမပေးတဲ့ဆိုင်တွေ၊ နေရာအိပ်ခန်းလုံခြုံမှု မရှိတဲ့ ဆိုင်တွေ၊ ရေဖိုး၊ မီးဖိုး ဝိုင်ဖိုင်ဖိုး ပြန်ယူတဲ့ အနှပ်ခန်းတွေမှာ အလုပ်မလုပ်ကြပဲ ရှောင်ကျဉ်ကြပါ။ အဲ့လိုဆိုင်တွေရှိုနေတယ်ဆိုရင်လည်း အချင်းချင်း အပြန်အလှန် သတိပေးကြပါ။ တကယ်တော့ အကြောပြင်အနှိပ်လုပ်ငန်းဆိုတာ လူအများကို ကျန်းမာရေးစောင့်ရှောက်မှုပေးတဲ့ ဂုဏ်သိက္ခရှိတဲ့ လုပ်ငန်းတစ်ခုဖြစ်ပါတယ်။ ဒဒါ့ကြောင့် ကျွန်တော်တို့ အကြောပြင်ဆရာ၊ ဆရာမတွေအနေနဲ့ မိမိတို့တတ်မြောက်ထားတဲ့ ပညာကိုလေးစားတန်ဖိုးထားပြီး အလုပ်ပေါ်သစ္စာရှိကြပါ။ ဆိုင်ရှင်တွေရဲ့ ကြုယ်ကြိုးရှာခေါင်းပုံဖျက်တာတွေကို မခံကြပါနဲ့။ မိမိတို့ ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေကို မရဘူး၊မပေးဘူးဆိုရင် အဲ့ဒီဆိုင်တွေကို ရှေင်ကျဉ်ကြပါ။

perfect blind massage
perfect blind massage
Open In TikTok:
Region: MM
Sunday 19 July 2026 13:32:12 GMT
224
10
0
3

Music

Download

Comments

There are no more comments for this video.
To see more videos from user @thike.tun.zaw, please go to the Tikwm homepage.

Other Videos


About