@achadinhosdaday23:

achadinhosdaday23
achadinhosdaday23
Open In TikTok:
Region: BR
Sunday 19 July 2026 14:01:54 GMT
1590
4
0
0

Music

Download

Comments

There are no more comments for this video.
To see more videos from user @achadinhosdaday23, please go to the Tikwm homepage.

Other Videos

အရှင်လတ်လတ်မြေမျိုခံခဲ့ရသူ(၅)ဦး (၁) စိဉ္စမာဏ (၂) သုပ်ပဗုဒ်ဓ (၃) အရှင်ဒေဝဒတ် (၄) နန္ဒကဘီလူး (၅) နန္ဒလုလင်တို့ဖြစ်သည်။>>>>>>> >>>>>>>>>>>>>>>>>>>≥> ၄။ နန္ဒကဘီလူး __________________ နန္ဒကဘီလူးသည် သူတော်ကောင်း ဓာတ်ခံအလွန်နည်းပါးသည့် ဘီလူးဖြစ်သည်။  ထို့ကြောင့် သူတော်ကောင်းများ အပေါ်တွင်လည်း မနောကံအပြင် ဝစီကံ၊ ကာယကံများဖြင့် ကိုယ်ထိလက်ရောက် စော်ကားလေ့ ရှိသည်။  တစ်ချို့ဆော်ကားမှု အပိုင်းများသည် လက်တွေ့ပိုင်းမှာ အကျိုးသက်ရောက်မှု မရှိသော်လည်း ပညာရှိ သူတော်ကောင်း၊ သီလ သမာဓိ ပညာ အားကောင်းသည့် အရိယာသူတော်ကောင်းများကို ဆော်ကားမိပါက လက်တွေ့ခံရသည်ကို နန္ဒကဘီးလူး သဘောပေါက်သွားခဲ့သည်။  တစ်နေ့
အရှင်လတ်လတ်မြေမျိုခံခဲ့ရသူ(၅)ဦး (၁) စိဉ္စမာဏ (၂) သုပ်ပဗုဒ်ဓ (၃) အရှင်ဒေဝဒတ် (၄) နန္ဒကဘီလူး (၅) နန္ဒလုလင်တို့ဖြစ်သည်။>>>>>>> >>>>>>>>>>>>>>>>>>>≥> ၄။ နန္ဒကဘီလူး __________________ နန္ဒကဘီလူးသည် သူတော်ကောင်း ဓာတ်ခံအလွန်နည်းပါးသည့် ဘီလူးဖြစ်သည်။ ထို့ကြောင့် သူတော်ကောင်းများ အပေါ်တွင်လည်း မနောကံအပြင် ဝစီကံ၊ ကာယကံများဖြင့် ကိုယ်ထိလက်ရောက် စော်ကားလေ့ ရှိသည်။ တစ်ချို့ဆော်ကားမှု အပိုင်းများသည် လက်တွေ့ပိုင်းမှာ အကျိုးသက်ရောက်မှု မရှိသော်လည်း ပညာရှိ သူတော်ကောင်း၊ သီလ သမာဓိ ပညာ အားကောင်းသည့် အရိယာသူတော်ကောင်းများကို ဆော်ကားမိပါက လက်တွေ့ခံရသည်ကို နန္ဒကဘီးလူး သဘောပေါက်သွားခဲ့သည်။ တစ်နေ့ "အရှင်သာရိပုတ္တရာ" မထေရ်မြတ်သည် ဂိဇ္စျဂုတ်တောင်တွင် တရားအားထုတ်နေစဉ် နန္ဒကဘီလူး ရောက်ရှိလာပြီး တရားအားထုတ်၍ မရအောင် အမျိုးမျိုး နှောက်ယှက် လေသည်။ နောက်ဆုံး မထေရ်မြတ်၏ ဦးခေါင်းတော်ကို ကိုယ်ထိလက်ရောက် ရိုက်ပုတ်သည်အထိ စော်ကား နှောက်ယှက်ခဲ့သည်။ ထိုအကုသိုလ် အကျိုးကြောင့် နန္ဒကဘီလူးသည် မြေကြီးကွဲအက်ကာ အဝီစိငရဲမှ ခေါ်ဆောင်သွားခြင်းကို ခံခဲ့ရသည်။ နန္ဒကဘီလူးသည် လက်တွေ့ဘဝတွင် သူတော်ကောင်းကို စော်ကားမိသဖြင့် အရှင်လတ်လတ် မြေမျိုးခဲ့ရလေသည်။ ၅။ နန္ဒလုလင် __________________ နန္ဒလုလင်သည် ရဟန္တာမထေရ်မကို စော်ကားမိသဖြင့် အရှင်လတ်လတ် မြေမျို ခံခဲ့ရသူဖြစ်သည်။ သူစော်ကား ခဲ့သူမှာ "ဥပ္ပလဝဏ် ထေရီမ" ဖြစ်သည်။ ဥပ္ပလ၀ဏ်ထေရီမသည် "တန်ခိုးကြီးသော အရာ၌ အမြတ်ဆုံး ဧတဒဂ်ဘွဲ့ရ ရဟန္တာထေရီမ"တစ်ဦး ဖြစ်ပေသည်။ ထေရီမသည် တန်ခိုးကြီးသည်သာမက ဥပဓိသမ္ပတ္တိနှင့်လည်း ပြည့်စုံသဖြင့် ထေရီမဖြစ်သော်လည်း လူယောက်ျားများ၏ စိတ်ဝင်စားမှုကို ခံရသူဖြစ်သည်။ ထိုအထဲတွင် နန္ဒလုလင်လည်း တစ်ဦးအပါအဝင် ဖြစ်သည်။ တစ်နေ့သော် နန္ဒလုလင်သည် လူသူကင်းဆိတ်ချိန်တွင် ထေရီမ၏ ကျောင်းသင်္ခမ်းသို့ ရောက်ရှိလာပြီး ထေရီမအား အဓမ္မပြုကျင့်လေသည်။ ရဟန္တာဖြစ်နေသည့် ထေရီမအား ဆော်ကားမိသဖြင့် ယင်းအကုသိုလ်ကံ အကျိုးကြောင့် နန္ဒလုလင်မှာ မြေကြီးကွဲအက်၍ အရှင်လတ်လတ် မြေမျိုခြင်းကို ခံခဲ့ရပြီး အဝီစိငရဲသို့ ကျရောက်သွားခဲ့လေသည်။ ဤကား ဒိဋ္ဌဓမ္မဝေဒနီယကံ၏ အကျိုးဆက်အဖြစ် လက်ရှိဘဝမှာပင် သူတော်ကောင်းကို ဆော်ကားမိသဖြင့် အရှင်လတ်လတ်မြေမျိုခံခဲ့ရသည့် ပုဂ္ဂိုလ်ငါးဦးအကြောင်း တစေ့တစောင်းပင် ဖြစ်ပါသည်။ မိလိန္ဒပဥှပါဠိတော် (၁၀ဂ)တွင် ဂေါတမဘုရားရှင် သာသနာတော် အတွင်း၌ အရှင်လတ်လတ် မြေမျိုခံခဲ့ရသူ ငါးဦးရှိကြောင်း ဖော်ပြမှုအား အကျဉ်းချုပ် တင်ပြခြင်း ဖြစ်ပါသည်။ မနာပဒါယီအရှင်ဝိစိတ္တဆရာတော် (ဒိုက်ဦး)🙏🙏🙏 ပြန်လည်မျှဝေပါသည်ဘုရား🙏 #ဓမ္မစာပေဗဟုသုတ #🙏🙏🙏 #စာပေဗဟုသုတ #တရား #ဓမ္မ

About