@g634585: #ဖားအောက်တောရဆရာတော် တရားထိုင်ရာတွင် အတွေးဖျောက်နည်း " မေး ။ ။ တရားထိုင်တဲ့အခါ အတွေးတွေကိုဘယ်လို‌ဖျောက်ရပါမလဲ အရှင်ဘုရား။ ဖြေ ။ ။ ဝိတက်က တော်တော် တိုက်ဖျက်ရခက်တယ်။ ဝိတက်ကို တိုက်တဲ့အခါမှာ အာနာပါနကအကောင်းဆုံးပဲ။ သို့သော်လည်း အာနာပါန အားထုတ်ရင်းကိုက ဒီဝိတက်ကို မနိုင်နိုင် ဖြစ်နေတယ်။ ဒီလို ဆိုရင် မိမိ အားထုတ်နေတဲ့ ကမ္မဋ္ဌာန်းကို ခဏ ရပ်ထားပြီးတော့ မိမိရဲ့ သေခြင်းတရားကို အများဆုံး ဆင်ခြင်ပေးပါ။ မရဏာနုဿတိ ကမ္မဋ္ဌာန်းကို ပွားရင် အဲဒါက အကျိုးကျေးဇူး သိပ်များတယ်။ တစ်ခါတစ်ရံ ဗုဒ္ဓါနုဿတိ ကမ္မဋ္ဌာန်းဘက်ကို ပြောင်းပေးလိုက်ရင် စိတ်ကလေးတွေက နည်းနည်း ကြည်လင်လာလိမ့်မယ်။ အကောင်းဆုံး ဆင်ခြင်တာကတော့ ဝိတက်များရင် အာနာပါနကို အားထုတ်ပါ။ သို့သော် မနိုင်ဘူးဆိုရင်တော့ မရဏာနုဿတိက ပိုကောင်းပါတယ်။ မိမိသေတဲ့ပုံ၊ ပုပ်ပွလာတဲ့ပုံကို ဉာဏ်ထဲမှာ မြင်အောင်ကြည့်ပါ။ သေခြင်းတရားကို ဆင်ခြင်တဲ့ အပိုင်းမှာလည်းဘုရားရှင်က ရဟန်းတွေကို မေးခွန်း မေးခဲ့ဖူးပါတယ်။ မရဏာနုဿတိ ကမ္မဋ္ဌာန်းကို သင်ဘယ်လိုပွားသလဲ။ တစ်ပါးက (၇) ရက်အတွင်း မသေဘဲ (၇) ရက်လောက် ဘုရားတရား အားထုတ်ရရင် တော်ပြီလို့ ဒီလို နှလုံးသွင်းတယ်။ တစ်ပါးကတော့ တစ်ရက်လောက်၊ ‌နောက်တစ်ပါးကျတော့ တစ်မွန်းတည့်လောက်။ တစ်ပါးကတော့ အသက်တစ်ရှူပဲ၊ ဒီအသက်တစ်ရှူလေး အတွင်းမှာကိုပဲ ငါမသေဘဲနဲ့ ဘုရားတရားလေး အားထုတ်ရရင် တော်ပြီလို့ နှလုံးသွင်းတယ်တဲ့။ အဲဒီလောက်အထိ သေခြင်းတရားကို နီးနီးကပ်ကပ် နှလုံးသွင်းတာကို ဘုရားရှင်က နှစ်သက်ပါတယ်။ ဘုန်းကြီးတို့ ပရိသတ် အခု ၉ နာရီ ထိုးတော့မယ်။ ၉ နာရီကျရင် အကုန်လုံး သေမယ်လို့ နှလုံးသွင်းလိုက်ရင် မနက်ဖြန် ဘာလုပ်မယ်ဆိုတဲ့ စီမံကိန်းတွေကိုဖျက်သိမ်းလို့ မရသွားဘူးလား။ ရသွားတယ်နော်။ ဒါဝိတက် သန့်ရှင်းရေးမှာ သိပ်ကောင်းတယ်။ ဒါကြောင့် ဒီ မရဏာနုဿတိလေးကို ခဏခဏ ပွားပေးပါ။ ပွားတဲ့အခါမှာ ကိုယ်သေနေတာကိုလည်း မြင်အောင်ကြည့်၊ ကိုယ်ချစ်တဲ့သူတွေ သေနေတာကိုလည်း မြင်အောင်ကြည့်၊ ချန်တော့မထားနဲ့။ ဖားအောက် ဆရာတော်ဘုရားကြီး အရှင် ဘဒ္ဒန္တအာစိဏ္ဏ 🙏🙏🙏🙏🙏 ဓမ္ဒဒါန🙏မေတ္တာဖြင့်ပြန်လည်မျှဝေကုသိုလ်ပြုပါသည်🙏🙏🙏

áûñg
áûñg
Open In TikTok:
Region: MM
Sunday 19 July 2026 14:26:40 GMT
3664
475
21
29

Music

Download

Comments

kyilin4532
KyiLin :
2026-07-20 10:42:01
0
thein.gyi6005
Thein gyi600 :
သာဓုသာဓုသာဓုပါဘုရား
2026-07-20 11:14:52
0
boju2925
Boju :
🙏🙏
2026-07-20 07:14:57
0
ahpaing492
U Nyan Myint :
သာဓုသာဓုသာဓု
2026-07-20 05:52:30
0
thargi929
Khunte :
သာဓု သာဓု သာဓု 🙏🙏🙏
2026-07-20 05:21:39
0
chitsan2906
chitsan2906 :
🙏🙏🙏
2026-07-19 16:01:24
0
user40557914430594
🌏U.Myo.Lay.🌍 :
🙏🙏🙏🙏🙏သာဓုသာဓုသာဓုပါဆရာေတာ်ကြီးဘုရား
2026-07-20 09:23:47
0
user1345683265623
သံသရာခရီးသွား :
သာဓုပါ
2026-07-20 00:47:27
0
tuntun.oo832
TunTun Oo :
မှန်လှပါ့ဆရားတော်ဘုရား
2026-07-20 15:10:22
0
nnw560
🌻N🌻 :
🙏🙏🙏🙏🙏
2026-07-20 09:55:19
0
user3238688106983
U Myint Aung :
🙏🙏🙏
2026-07-20 05:53:31
0
than.zinwin0
than zinwin :
🙏🙏🙏
2026-07-20 07:01:25
0
user7775753900
Cho Cho :
🙏🙏🙏🙏🙏
2026-07-20 07:01:18
0
user8108510619800
လူလိန်မာလေး :
🥰🥰🥰
2026-07-20 06:41:51
0
htun.kyaing10
Htun Kyaing :
🙏🙏🙏🙏🙏🙏🙏🙏
2026-07-20 07:52:35
0
rol...am
roL :
🙏🙏🙏
2026-07-20 05:36:19
0
khin.san.win638
Khin san win :
🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏
2026-07-20 05:18:55
0
zz270468
ZZ :
🙏🙏🙏🙏🙏🙏🙏🙏
2026-07-20 02:57:19
0
dawthinthin295
Daw Thin Thin :
🙏🙏🙏🙏🙏🙏🙏🙏🙏
2026-07-19 14:34:57
0
uthanlwin903
U Than Lwin :
🙏🙏🙏❤️🙏🙏🙏❤️🙏🙏🙏
2026-07-20 13:13:31
0
To see more videos from user @g634585, please go to the Tikwm homepage.

Other Videos


About