@shin.sarainda.mye: ဝါဆိုသင်္ကန်းဆိုတာ မြတ်စွာဘုရား လက်ထက်တော်အခါ ကာလတုန်းက မိမိတို့ ဆောက်လုပ်ပြီးတော့လှူဒါန်းထားတဲ့ ကျောင်းမှာ ဝါဆိုသင်္ကန်း လှူဒါန်းကြတယ်။ အဲဒီကျောင်းမှာ ဝါဆိုတဲ့ ပုဂ္ဂိုလ်တွေ ခွဲဝေပြီးသုံးဆောင်ရတယ်။ ကျောင်းမှာ ဝါကပ်ပြီးနေတဲ့ပုဂ္ဂိုလ်တွေကို ဝါဆိုသင်္ကန်းတွေ ခွဲဝေပြီးတော့ ပေးရတယ်။ အဲဒီ ဝါဆိုဝါကပ်ပြီး နေတဲ့ပုဂ္ဂိုလ်တွေက ဝါမကျိုးရဘူး။ ဝါကျိုးလို့ရှိရင် အဲဒီ ဝါဆိုသင်္ကန်း အလှူမခံရဘူး။ ဒါကြောင့် ဝါဆိုသင်္ကန်းက အမာခံလို ဖြစ်နေတယ်၊ ဒီကျောင်းမှာ ဝါမကျိုးအောင် နေရမယ်လို့ဝန်ခံသလို ဖြစ်နေတယ်။ အချို့အချို့ ကျောင်းတွေက ဝါဆိုသင်္ကန်း မလှူနိုင်ဘူး။ တချို့ကလည်း နည်းနည်း လှူနိုင်တယ်။ တချို့ကျောင်းက များများလှူနိုင်တယ်။ အဲဒီတော့ နေရာချထားတဲ့ တာဝန်ရှိတဲ့ ပုဂ္ဂိုလ်က လာဘ်လာဘတွေ ညီမျှအောင်လို့ ကြည့်ပြီးတော့ ထားရတယ်။ ဝါဆိုသင်္ကန်း နည်းနည်းလှူနိုင်တဲ့ ကျောင်းဆိုရင် သံဃာနည်းနည်းပဲ ထားရတယ်၊ များများလှူနိုင်တဲ့ ကျောင်းကို သံဃာများများ ထားရတယ်။ နောက်တချို့ကျောင်းတွေကျတော့ နည်းနည်းလှူနိုင်တဲ့ကျောင်းနဲ့ များများလှူနိုင်တဲ့ကျောင်း၊ တပေါင်းတည်း လုပ်ပြီးတော့ နေရာချထားရတယ်။ အဲဒါ ရှေးက ဘုရားလက်ထက်က အစဉ်အလာပဲ။ ပထမ အကျိုးတရား ။ ။ အမျိုးသားတွေဆိုရင်နောက်ဆုံးအချိန်မှာ ' ဧဟိဘိက္ခူ ' ခေါ်ပြီးတော့ရဟန်းဖြစ်တယ်တဲ့။ ' ဧဟိဘိက္ခူ ' လို့ ခေါ်လိုက်တာနဲ့တစ်ခါတည်း သပိတ်၊ သင်္ကန်းတွေ ပြည့်စုံပြီးတော့သွားတယ်။ အဲဒါ အမျိုးသားများမှာ အမြတ်ဆုံးအကျိုးတဲ့။ အမျိုးသမီးများမှာတော့ မဟာလတာ တန်ဆာဆိုတာ ဟိုတုန်းကရှိတယ်။ သင်္ကန်းလှူဖူးတဲ့အမျိုးသမီးဟာ အဲဒီ မဟာလတာတန်ဆာကို ရတယ်တဲ့။ မဟာလတာတန်ဆာဆိုတာ စိန်တွေရွှေတွေအများကြီးပါပဲ။ တန်ဖိုးအားဖြင့် ကိုးကုဋေ တန်တယ်တဲ့။ အဲဒါကို ရနိုင်တယ်တဲ့။ အဲဒါဟာ အမျိုးသမီးများမှာ အမြတ်ဆုံးအကျိုးပဲ။ ဘုရားလက်ထက်က အဲဒီလို မဟာလတာတန်ဆာကို ရတဲ့ အမျိုးသမီးဟာ သုံးဦးပဲ ရှိတယ်။ ကျောင်းအစ်မကြီး ဝိသာခါ၊ ဗန္ဓုလစစ်သူကြီးကတော် မလ္လိကာနဲ့ ဗာရာဏသီသူဌေးသမီး သုမနာ၊ သူတို့သုံးယောက်ပဲ တွေ့ရပါတယ်။ ပြီးတော့ မဟာလတာတန်ဆာက အလေးချိန်အများကြီး၊ သာမန်ပုဂ္ဂိုလ်တွေ မဝတ်နိုင်ဘူး။ သာမာန်ပုဂ္ဂိုလ်တွေဝတ်ရင် နေရာကတောင် ထနိုင်မှာ မဟုတ်ဘူး။ဆင်ပြောင်ကြီး ငါးစီးအား ဆောင်တဲ့ အမျိုးသမီးတွေမှ ဝတ်နိုင်တာကိုး။ ယနေ့ခေတ်မှာတော့ အဲဒီလောက် အဖိုးတန်တဲ့ပစ္စည်း မဟုတ်စေကာမူ ခေတ်ကာလအားလျော်စွာ အဖိုးတန်ဆုံးဖြစ်တဲ့ အဝတ်အထည်တွေ၊ အသုံးအဆောင်တွေ ရကြောင်း ဖြစ်တယ်လို့ ဒီလို ယူဆရမှာပေါ့လေ။ ဒုတိယ အကျိုးတရား ။ ။ သင်္ကန်းလှူတယ်ဆိုတာရဟန်းတော်များရဲ့ ကြည်ညိုဖွယ်ရာဖြစ်တဲ့ ဂုဏ်အဆင်းကိုလည်း လှူရာရောက်တယ်တဲ့။ ရဟန်းများမှာ သင်္ကန်းဝတ်ရုံထားမှသာ ရဟန်းအနေနဲ့ ကြည်ညိုဖွယ်ရာဖြစ်တာ၊ သင်္ကန်းသာ မဝတ်ထားဘူး ဆိုလို့ရှိရင် ကြည်ညိုဖွယ်ရာ မဖြစ်ဘူး။ သာမန်အဝတ်အထည်ပဲ ဝတ်ထားလို့ရှိရင် ရဟန်းမှန်း သိမှာမဟုတ်ဘူး။ အဲဒါကြောင့် အဝတ်အထည် လှူတဲ့ပုဂ္ဂိုလ်ဟာ ရုပ်အဆင်းကိုလည်း လှူရာရောက်တယ်တဲ့။ ဆုမတောင်းဘဲနဲ့ ဖြစ်လေရာ ဘဝတွေမှာအဆင်းလှပခြင်းတည်း ဟူသော အကျိုးကိုလည်း ရစေနိုင်တယ်။ နောက်ပြီးတော့ သံဃာတွေဟာ အအေးအပူ အစရှိတဲ့ ဘေးရန်အန္တရာယ်တွေကို ကာကွယ်အောင်လို့ သင်္ကန်းကို ဝတ်ရုံရတယ်။ ဒါကြောင့် အဝတ်အထည် သင်္ကန်းပေးလှူတဲ့ ပုဂ္ဂိုလ်ဟာ ဘေးရန်အန္တရာယ်တွေ ကင်းခြင်းတည်း ဟူသော အကျိုးတွေကိုလည်း ရနိုင်တယ်တဲ့။ တတိယ အကျိုးတရား ။ ။ နောက်တစ်ခုကတော့ဂတိမြဲတဲ့ အကျိုးလည်း ရတယ်ဆိုပြီးတော့ အင်္ဂုတ္တိုရ်အဋ္ဌကထာမှာ ဟောထားပါတယ်။ တိသရဏ၊ ငါးသီလ၊ မဲချစာရေးတံ။ ဆယ့်ငါးရက်ဆွမ်း၊ ဝါသင်္ကန်း၊ လှူဒါန်းသောက်ရေကန်။ ကျောင်းလှူတဝ၊ နိဗဒ္ဓ (ဂတိမြဲ) ၊ ပုညရှိသူမှန်။ (၁) သရဏဂုံသုံးပါး ဆောက်တည်ထားရင် ဒါ ထာဝရကုသိုလ်တစ်ခုပဲ။ ကတိမြဲတယ်တဲ့၊ အပါယ်လေးပါးမှလွတ်မြောက်တယ်လို့ ဆိုပါတယ်။ (၂) အဲဒီထက် အဆင့်တက်ပြီးတော့ ငါးပါးသီလနဲ့ပြည့်စုံရင်တော့ ပိုကောင်းတာပေါ့လေ။ သူလည်း ဂတိမြဲတယ်တဲ့။ (၃) စာရေးတံမဲ အလှူ၊ မဲချပြီးတော့ သံဃာကို လှူတဲ့အလှူ။ (၄) ဆယ့်ငါးရက်တစ်ကြိမ် လှူတဲ့ ဆွမ်းအလှူ။ (၅) ဝါဆိုသင်္ကန်းအလှူ။ (၆) ရေကန် လှူတဲ့အလှူ။ (၇) ကျောင်းအဆောက်အဦး လှူတဲ့အလှူ။ အဲဒါတွေဟာ အစဉ်ထာဝရ တည်တဲ့ ကုသိုလ်ကောင်းမှုတွေပဲတဲ့။ အဲဒီလို ကောင်းမှုမျိုးရှိတဲ့ ပုဂ္ဂိုလ်တွေမှာ ဂတိမြဲတယ်တဲ့၊ အပါယ်လေးပါးမှလွတ်မြောက်တယ်တဲ့။ အဲဒီလို အင်္ဂုတ္တိုရ် အဋ္ဌကထာက ဆိုထားပါတယ်။ ဆဋ္ဌသင်္ဂီတိပုစ္ဆက ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ဘုရားကြီး အရှင် ဘဒ္ဒန္တသောဘန (ပထမအကြိမ်ထုတ် အနုမောဒနာတရားတော်များ အပိုင်း (၁) နှာ ၁ - ၇) Crd Kaung Htet Han (Facebook) #တရားတော်များ #ဝါဆိုသင်္ကန်းကပ် _______________________ •မူရင်းရေးသားသူ/ •ဖြန့်ဝေသူအားလုံးဂါရဝပြုပါသည် •( #ဓမ္မသုတလမ်း )မှ •"#ဓမ္မဒါန အနေဖြင့်ပြန်လည်မျှဝေပါသည်။ •"ကောင်းမူ နေ့စဉ်ပြုပါ" •Copyဖြင့်သော်၎င်း •Share ဖြင့် သော်၎င်း •ပြန် လည်မျှဝေခြင်းဖြင့်။ • အမြတ်ဆုံးတရားကုသိုလ်ပြုနိင်ပါတယ်"

shin sarainda  mye net
shin sarainda mye net
Open In TikTok:
Region: MM
Sunday 19 July 2026 16:58:39 GMT
10226
931
23
53

Music

Download

Comments

user13551797937126
K M T :
[Photo]
2026-07-20 12:53:54
0
hlo.par
Hlo Par :
🙏🙏🙏
2026-07-21 15:00:33
0
thurainlin511
thurainlinn :
🙏🙏🙏
2026-07-20 14:53:41
1
kokomyat153050
kokomyat153050 :
🙏🙏🙏
2026-07-21 12:58:25
0
u.par.gyi.padamya
U Par Gyi padamyar :
🙏🙏🙏
2026-07-21 06:49:02
0
thet.naing.tun9557
thet naing tun :
🙏🙏🙏
2026-07-20 16:30:39
0
moe.ma.kha.moemak
kokozaw :
🙏🙏🙏
2026-07-21 14:57:19
0
ko.htay7445
Ko Htay :
🙏🙏🙏
2026-07-20 14:32:57
0
ashin.thuwonna8
Ashin Thuwonna :
🥰🥰🥰
2026-07-21 15:29:17
0
tyatar3
yoon okok :
🙏🙏🙏
2026-07-19 20:42:33
0
user5998541379557
ရိုးရိုးလေးပါရှင့် :
🙏🙏🙏
2026-07-19 17:41:04
0
chan.chan7375
Chan Chan :
🙏🙏🙏
2026-07-21 17:01:49
0
To see more videos from user @shin.sarainda.mye, please go to the Tikwm homepage.

Other Videos


About