@user614785664: #သေခါနီးနောက်ဆုံးလုပ်နိုင်တဲ့_ဘာဝနာ သေခါနီးမှာ ဖြစ်ပုံဖြစ်စဉ်လေးကို အရေးကြီးလို့ ပြောပြချင်ပါတယ်။ သေခါနီးမှာ ဝေဒနာဖြစ်လာတဲ့အခါမှာ ဒီ ဝေဒနာဟာ ဆိုးနေပါစေ .. သိနိုင်သလောက်လိုက်သိပေးပါ။ ဒီနေရာမှာ ဝေဒနာကို မခံနိုင်လို့ ဒေါသဖြစ်လာရင်လည်း သိပေးပါ။ သေများ သေမလားဆိုပြီး စိုးရိမ်တဲ့ စိတ်ကြောက်တဲ့စိတ်ဖြစ်ရင်လည်း သိပေးနေပါ။ အဲဒီလို သိပေးနေရင်းနဲ့ ဖြည်းဖြည်းကြာလာတဲ့အခါမှာ ဘယ်လိုဖြစ်လာလဲဆိုတော့ သေခြင်းရဲ့သဘောသဘာဝကို နားလည်လာတယ်။ ဗြုန်းကနဲ သေတဲ့သူကို မဆိုလိုဘူးနော်၊ ဖြည်းဖြည်းချင်းသေတဲ့သူ ဆိုရင် သေတဲ့အချိန်နီးလာတဲ့အခါမှာ ကာယပသာဒက အကုန်လုံး ချုပ်သွားတယ်။ အဲဒီလို ကာယပသာဒက ချုပ်သွားတဲ့အတွက်ကြောင့် ခန္ဓာကိုယ်မှာ ဖြစ်တဲ့ဝေဒနာကို သူ လုံးဝမသိတော့ဘူး။ ဒါပေမယ့် အဲဒီအချိန်မှာ စက္ခုပသာဒနဲ့ သောတ ပသာဒက မချုပ်သေးဘူး။ ကာယနဲ့ ဇိန်ဝှာကတော့ သိမ်မွေ့လို့ ချုပ်တယ်မချုပ်ဘူးလို့ ကိုယ့်ဟာကိုယ်ပြောဖို့ သိပ်မလွယ်ဘူးနော်။ ဘုန်းဘုန်းက သေဖို့လို့ ခြေတစ်လှမ်းအလိုကို ရောက်ခဲ့တယ်လို့ ပြောချင်တယ်။ သေခါနီးမှာဘယ်လိုဖြစ်တယ် ဆိုတာကို ကိုယ်ကိုယ်တိုင် နည်းနည်းကြုံဖူးလို့ ..၊ ကိုယ်ကြုံသလို လူတိုင်းကြုံရလိမ့်မယ်လို့တော့ မဆိုလိုဘူးနော်။ လက်တွေ့တွေ ခြေတွေလှုပ်လို့ မရတော့ဘူး၊ အေးမှန်းပူမှန်လည်း မသိတော့ဘူး။ နာမှန်းကျင်မှန်းလည်း မသိတော့ဘူး။ စိတ်ကတော့ သိနေသေးတယ်၊ နားကတော့ ကြားနေသေးတယ်။ ဘုန်းဘုန်းသိသလောက် ပြောရမယ်ဆိုရင်တော့ .. အဲဒီ "နား"က နောက်ဆုံးချုပ်တာပဲ။ ကာယပသာဒ ချုပ်သွားလို့ နာတာကို မသိတော့ဘူး။ အရင်ဘုန်းဘုန်းက အစမှာ မောလွန်းလို့ အသက်ရှူလို့ မရတော့ဘူး။ နောက်ပိုင်းမှာ အသက်မရှုသလို ဖြစ်နေတယ်၊ မောလည်းမမောဘူး၊ လုံးဝမောတာ မရှိတော့ဘူး၊ လုံးလုံးကြီး အမောကပြေနေတယ်။ သဘောကဘာလဲဆိုတော့ ခန္ဓာကိုယ်က အောက်စီဂျင် မလိုတော့ဘူး။ နဲနဲလောက်ပဲ လိုတော့တယ်။ နှလုံးခုန်ရုံလောက်ပဲ Brain Function နဲနဲလောက်ပဲ လိုတော့မယ်ထင်တယ်။ ခြေတွေလက်တွေမှာ အောက်ဆီဂျင်ကို မသုံးတော့ဘူး၊ Oxygen Requirement က နည်းနည်းလျော့သွားတယ်။ အဲဒီတော့ ဘာမှ နာတာကျင်တာ မရှိတော့ဘူး။ မောတာလည်း မရှိတော့ဘူး။ နားကတော့ ကြားနေသေးတယ်။ ဒါကြောင့်.... သေခါနီးလူမမာနားမှာ စကားကို ဆင်ခြင်ပြီးပြောပေးပါ။ သူကြားပါတယ်၊ ပြန်မပြောနိုင်ဘူး၊ မျက်စိဖွင့်ကြည့်ရင်လည်း မမြင်ရတော့ဘူး၊ မျက်စိက ဝါးပြီးတော့ Focus လုပ်လို့မရဘူး။ တခါတစ်လေ ဒီထက်ပိုဆိုးသွားရင် မျက်လုံးဖွင့်နိုင်လောက်အောင် အင်အားမရှိတော့ဘူး၊ မျက်ခွံကို မလှန်နိုင်တော့ဘူး။ တစ်ယောက်က အနားကနေ လာလှမ်းကြည့်ရင် ဘာတွေ့ရမလဲဆိုတော့ မျက်ဖြူလန်နေတာပဲ တွေ့ရမယ်နော်။ သူ့မျက်စိရဲ့ Function က မရှိတော့ဘူး၊ နားကတော့ ကျန်သေးတယ်။ စိတ်က သိပြီးတော့နေသေးတယ်။ နားမှာဖြစ်တဲ့ အာရုံကိုရှုမှတ်လို့ရတယ်၊ စိတ်မှာဖြစ်တဲ့ အာရုံကို ရှုမှတ်လို့ရတယ်။ ဒါကြောင့် ဒီအာရုံတွေကိုလည်းပဲ ရှုမှတ်နိုင်အောင် အလေ့အကျင့် လုပ်ထားဖို့ လိုတယ်။ သေခါနီး ဘယ်လိုလုပ်ရမလဲဆိုတာကို လေးလေးနက်နက် စဉ်းစားတဲ့သူဆိုရင် ဒါကို ပိုသိရမယ်နော်။ ဒါကြောင့် တရားအားထုတ်တဲ့အခါမှာ ကာယာနုပဿနာ တစ်ခုတည်းနဲ့ မရဘူး။ ဝေဒနာနုပဿနာ တစ်ခုထဲနဲ့လည်း မရဘူး။ ဘာလို့လဲဆိုတော့ သေခါနီးမှာ အဲဒီ ကာယနုပဿနာနဲ့ ဝေဒနာနုပဿနာ နှစ်ခုစလုံးမရတော့ဘူး။ အသက်တောင် မရှုသလို ဖြစ်နေတယ်နော်။ ဒါပေမဲ့ အကြားကိုတော့ ရသေးတယ်။ ဒါကြောင့် #အသံကြားတာကို_ရှုမှတ်တဲ့အလေ့အကျင့်_လုပ်သင့်တယ်။ ဘာလို့လဲဆိုတော့ သေခါနီးမှာ အသံကြားရတာကို မရှုမှတ်နိုင်ရင် .. အဲဒီ ကြားတဲ့နောက်ကို လိုက်ပြီးတော့ တွေးမှာ။ အဲဒီအချိန်မှာ အတွေးတွေ မှားသွားနိုင်တယ်။ အတွေးတွေနဲ့ ကြားတာကို ရှုမှတ်နိုင်ရင် ကြားပြီးပျောက်သွားတယ်။ 'ကြား' 'သိ' 'ပျောက်' ဖြစ်သွားနိုင်တယ်နော်။ နောက်ဆုံးကျရင် ကြားတာလည်း မရှိတော့ဘူး။ ဘာကျန်လဲဆိုရင် 'သိ' တာလေး ကျန်သေးတယ်။ အဲဒီသိတာက ဘေးက လူမမာကိုစောင့်ကြည့်နေတဲ့သူ တွေက ဘယ်လိုမှမသိနိုင်ဘူး။ ဒါဟာ ဘယ်လောက်အထိတောင် သွားနိုင်လဲဆိုရင် .. စမ်းကြည့်လိုက်ရင် လုံးဝ နှလုံးမခုန်တော့ဘူး၊ အသက်မရှူတော့ဘူး။ အသက်ရှူသံ မရှိတော့ဘူး၊ ဒါပေမယ့် သိနေတယ်။ နှလုံးခုန်တာရပ်တဲ့ အချိန်၊ အသက်ရှူတာ ရပ်တဲ့အချိန်နဲ့ သိတာချုပ်တဲ့အချိန်နဲ့ တထပ်ထဲ မဖြစ်ဘူး။ ခန့်မှန်းခြေပြောရရင် .. ဟိုဖက်ကို နောက်ထပ် မိနစ်၂ဝလောက် သိနေသေးတယ်။ ဒါကို အရှင်ဘုရား ဘယ်လိုလုပ်သိလဲလို့မေးရင်တော့ အခုအချိန်မှာ ပြန်မဖြေနိုင်တော့ဘူး။ အသေးစိတ် မပြောနိုင်တော့ဘူး။ ဒါပေမဲ့ သိတာတော့ အမှန်ပဲ။ ဒါကြောင့် နောက်ဆုံးအချိန်မှာ 'သိတာလေး' ပဲ ရှိတော့တယ်နော်။ အဲဒီအချိန်မှာ ခန္ဓာကိုယ်မှာ ဘာဝေဒနာမှမရှိတော့ဘူး၊ စိတ်လေးက ကြည်လင်အေးချမ်းပြီး နေလို့ရတယ်။ ကိုယ့်ကိုယ်ကို သေမလား မသေဘူးလားလို့လည်း မစဉ်းစားတော့ဘူး။ ဒါကြောင့် .. #သိတာကို_ပြန်သိတဲ့အလေ့အကျင့် .. #လုပ်ဖို့_အရေးကြီးတယ်။ သေခါနီးနောက်ဆုံးလုပ်နိုင်တဲ့ ဘာဝနာဟာ အဲဒါပဲ။ ဆရာတော်ဦးဇောတိက (မဟာမြိုင်တောရ) #Credit

💞𝔘𝔚𝔞𝔜𝔞𝔐𝔞💞
💞𝔘𝔚𝔞𝔜𝔞𝔐𝔞💞
Open In TikTok:
Region: MM
Monday 20 July 2026 02:39:13 GMT
121786
8439
410
2127

Music

Download

Comments

daw.khin.myat.thu48
Daw Khin Myat Thu :
မှတ်သားနိုင်လောက်အောင်ခုထဲကကျင့်ယူပါ့မယ်ဘုရား
2026-07-20 06:20:36
32
aye.ma.ma30
Aye Ma Ma :
မှန်ပါတယ်ဘုရားတပည့် တော် ဆေးရုံကို၅မိနှစ်အလို ရောက်ခဲ့ဖူးပါတယ်ဘုရားတာဝန်ကျဆရာဝန်ကြီးရဲ့ ကျွမ်းကျင်မှု ကြောင့်အသက်ရှင်ခဲ့ရပါတယ်ဆရာဝန်ကြီးနဲ့ ဆေးရုံပို့ ပေးတဲ့အ မေနဲ့ခင်ပွန်းကူညီသူများကိုကန်တော့ပါတယ်ဆရာ တော်ကြီး မိန့်သလိုဘဲသိတာ လေးဘဲရှိပါတယ်ကျန်တာဘာမှမခံစားရပါဖူးဘုရားဆရာ တော်ကြီးအားက်န တော့ပါ၏ဘုရား
2026-07-23 00:42:09
18
aung.kyaw.myo.oo02
Aung Kyaw :
အသံကြားတာရှု့မှတ်တယ်ဆိုတာတပည့်တော်တကယ်နားမလည်လို့ပါဘုရားမိမိအသက်ရှုသံလားပတ်ဝန်ကျင်ကဖြစ်ပေါ်လာတဲ့အသံလားမရှင်းလို့ပါဘုရားမိန့်တော်မူပါဘုရား
2026-07-27 05:36:41
3
dawnwbzzp1t
dawnwe :
ပြန်တင်ခွင့်ပြုပါဘုရားကောင်းလွန်းလို့ပါဘုရား🙏🙏🙏🙏🙏🙏🙏🙏🙏🙏
2026-07-22 04:00:16
6
user71147507190874
white colour :
လိုက်နာမှတ်သားအားထုတ်ပါ့မယ်ဘုရား🙏🙏🙏
2026-07-22 09:56:09
6
dawthaungmyint8
DawTM :
ခနတာသေဘူးခဲ့ပါတယ်သတိတရားနေ့တိုင်းထားနေပါတယ်ဘုရား
2026-07-21 09:09:28
10
ma.mya0476
Ma Mya :
🙏🙏🙏🙏🙏သေနည်းကိုသိခွင့်ရလို့သေတတ်အောင်ကြိုးစားကျင့်ပါမယ်ဘုရား
2026-07-24 06:00:27
5
myint.thu7151
ချစ်ရင်ထူး hiခဲပါ :
နောက်ဆုံသောတ ကျန်ချိန်ကလေး သတိကိုကပ် အစိမ်ဏကံ ပြုလုပ်သူသာ ကျော်လွားနိုင်မယ်
2026-07-21 06:35:58
7
daw.san.lwin19
dawsanlwin326 :
အရှင်ဘုရားရဲ့အကြောင်ဖက်ရတာတပည့်တော်မရဲ့သေမင်းဝအထြစ်အပျက်တွေနဲ့တပုံစံထဲပဲဘုရားအရှင်ဘုရားလိုမပြောတက်မရေးတက်လို့ဖက်ကြည့်မှပဲအရမ်းတိုက်ဆိုင်ပြိးသံဝေဂရမိပါတယ်ဘုရား
2026-07-20 16:35:42
7
myokyaw866
Aunty Htet :
တနေ့မှာ သွားရမဲ့ လမ်းမို့ မှတ်သား နာယူပါမယ် ဘုရား🙏🙏🙏🙏🙏
2026-07-20 13:48:29
5
minthar.minthar3
Minthar Minthar :
သာဓုပါဘုရားတပည့်တော်လဲသေခါနီးကြုံခဲ့ရလို့တရားမှတ်ရင်းနာတဲ့ဝေဒနာပြောက်သည်ထိရူ့မှတ်ခဲ့ပါတယ်အသက်ပြန်ရှင်တော့တရာမှတ်ရတဲ့ကျေးဇူးကိုသိပါပြီဘဘုရား
2026-07-21 05:49:09
5
yea7j
အညာသား :
သာဓုသာဓုသာဓု အရှင်ဘုရား
2026-07-23 14:45:16
2
eaintbo21
eaint bo :
သာဓုသာဓုသာဓုပါဘုရား။
2026-07-21 18:41:36
2
u.thet0457
uthet515 :
မှတ်သားလေ့ကျင့်ပါ့မယ်ဘုရား
2026-07-26 13:19:57
1
user332707443
Pa Pa :
ဝေဒနာချုပ်ရင်သိမှူလေးတစ်ခုပဲရှိတဲ့စီကိုရောက်ပါတယ်သာဓုသာဓုသာဓုပါဘုရား
2026-07-21 12:37:15
1
daw.khin.lin8
Daw Khin Lin :
သာဓု သာဓု သာဓုပါဘုရား။
2026-07-21 12:04:22
1
kosoe9696
kosoe9696 :
သာဓု သာဓု သာဓုပါဘုရား
2026-07-26 13:32:00
1
may.may.htay18
May May Htay :
🙏🙏🙏🙏🙏 ကျေးဇူးကြီးမားလှပါတယ်ဘုရား လေ့ကျင့်ပါမယ်ဘုရား သာဓု သာဓု သာဓုပါဘုရား
2026-07-23 15:57:28
3
myint.myint.aye1117
Myint Myint Aye :
ပြန်တင်ခွင့်ပေးပါဘုရား🙏
2026-07-27 09:10:32
1
than.nyunt84
၁၉၅၁၈၂၄ :
ဆရာတော်ဘုရားကျေးဇူး တော်ရှိခိုးပါ၏
2026-07-22 09:32:54
3
aye.myint626
Aye Ma :
🙏🙏🙏ကျေးဇူးကြီးလှပါသည်ဘုရား
2026-07-24 04:55:56
1
aung.min4361
Aung Min :
သာဓုသာဓုသာဓု
2026-07-27 14:40:21
1
kolinlin743
ကိုလင်းလင်း :
တန်ဖိုးကြီးလှပါတယ်ဘုရား ယခုမစ၍အသေမဦးခင်ညာဏ်ဦီးအောင်ကြိုးစားအားထုပ်ပါတော့မည် ဘုရား🙏🙏🙏
2026-08-03 14:01:29
1
daw.kyin.sein15
Daw kyin Sein :
အသိတရားရရှိပါသည်ဘုရားကြိုးစားပါမည်ဘုရား ကျေးဇူးအထူးတင်ရှိစွာဦးခိုက်ပါသည်ဘုရား
2026-07-26 13:39:53
1
than2win
than than win :
အဖိုးတန်လှပါတယ်ဘုရား သာဓုသာဓုသာဓုပါ
2026-07-22 14:34:27
2
To see more videos from user @user614785664, please go to the Tikwm homepage.

Other Videos


About