@pisi7986: “နိုင်ငံခြားမှာ နှစ်ပေါင်းများစွာ လုပ်လာတာပဲ.. ပြန်လာရင် အေးအေးဆေးဆေး နေနိုင်တော့မှာ "နိုင်ငံခြားကပြန်ရင်" လို့ ပြောတဲ့သူတွေ ရှိကြပါတယ်။ ဒါပေမယ့်... ဘာလုပ်ရမလဲ အဲဒီစကားကို ပြောတဲ့သူအများစုက နိုင်ငံခြား ထွက်ပြီး ဘဝနဲ့ရင်းကာ အလုပ်လုပ်ဖူးတဲ့သူတွေ မဟုတ်တတ်ကြပါဘူးဖတ်စေချင်တယ်" တကယ့် မြေပြင်က ဘဝတွေကတော့ အဲဒီ လောက် မလွယ်ကူလှပါဘူး။ နှစ်ပေါင်းများစွာ နိုင်ငံခြားမှာ အလုပ်လုပ်ခဲ့ တယ်။ အလုပ်မှာ အနိုင်ကျင့်ခံရတာတွေရှိတယ်။ ကုန်းတိုက်ခံရတွေရှိတယ်။ မတရားဆက်ဆံခံရတာတွေရှိတယ်။ စိတ်နာစရာတွေကို မျိုသိပ်ပြီး ဆက်ရုန်းကန်ခဲ့ရ တဲ့ နေ့တွေ မနည်းခဲ့ဘူး။ ငယ်တဲ့အချိန်က အဆင်ပြေနေသေးပေမယ့် ကိုယ့်အသက်အရွယ်တခုရလာတော့ ကိုယ့်နိုင်ငံ ပြန်ဖို့ စတွေးမိလာခဲ့ပြီ။ အဲ့ဒိအချိန် ပထမဆုံး ဝင်လာတဲ့ အတွေးက .. လက်ရှိအခြေအနေနဲ့ ..... "မြန်မာပြည်ရောက်ရင် ဘာလုပ်စားမှာလဲ " ဆို တာပါပဲ.. အဲ့ဒီအချိန်မှာ သိန်းရာဂဏန်း လက်ထဲမှာ ရှိနိုင်ပေမယ့်... သိန်းထောင်ချီ မရှိဘူး။ အလုပ်ရမလဲ တိုက်ကြီးတာကြီးလည်း မရှိဘူး။ လုပ်ငန်းကြီး စဖို့ အရင်းအနှီးလည်း မလုံလောက်ဘူး ဆိုခဲ့ရင်..... ဒီလိုနဲ့ ကိုယ့်အိမ်ယာလေးကို ပြန်ရောက်ပြီးတဲ့ အချိန်မှာတောင် ... အရင်က ကိုယ်ငွေလွှဲပေးနေတဲ့ အိမ်က လူတွေက “အခု ဘာဆက်လုပ်မှာလဲ” လို့ မေးလာကြပါလိမ့် မယ်။ မိတ်ဆွေတချို့ကလည်း... “နိုင်ငံခြားမှာ ဒီလောက်ကြာခဲ့တာပဲ စီးပွားရေး တခုခုလုပ်လို့ရမှာပေါ့” လို့ ပြောလာကြပါလိမ့်မယ်။ ဒါပေမယ့် သူတို့ မသိတာတခု ရှိတယ်။ နိုင်ငံခြားမှာ အလုပ်လုပ်ခဲ့တဲ့ နှစ်တွေထဲမှာ ကိုယ် ရှာတဲ့ ပိုက်ဆံတွေဟာ ကိုယ့်အတွက်ချည်း မဟုတ်ခဲ့ဘူးဆိုတာကိုပါပဲ။ မိဘတွေအတွက် ရှိခဲ့တယ်။ သားသမီးတွေအတွက် ရှိခဲ့တယ်။ ညီအစ်ကို မောင်နှမတွေအတွက် ရှိခဲ့တယ်။ အရေးပေါ်ပြဿနာတွေ အတွက် ရှိခဲ့တယ်။ အဲဒီကြားထဲမှာ စုဖို့ထက် သုံးဖို့က ပိုများခဲ့တယ်။ ဒါကြောင့်ပြန်ရောက်လာတဲ့အချိန်မှာ အသက်က ကြီးကောင်းကြီးနေပါလိမ့်မယ်။ သို့ပေမယ့် အတွေ့အကြုံတွေက အများကြီး ရှိလာ နေပြီးပါပြီ။ ဒါပေမယ့် ...... အသစ်ကနေ ပြန်စရမယ့် ဘဝတခုကို ရင်ဆိုင်ရ ဖို့ ကြိုးစားရပြန်တယ်။ ဘာလုပ်ရမလဲ တချို့တွေက ဈေးရောင်းတယ်။ တချို့တွေက ဆိုင်သေးသေးလေး ဖွင့်တယ်။ တချို့တွေက Taxi မောင်းတယ်။ တချို့တွေက နေ့စားအလုပ် ပြန်လုပ်ကြတယ်။ ဘယ်အလုပ်ပဲ ဖြစ်ဖြစ် ရိုးသားစွာ လုပ်စားနေရင် တော့ သိက္ခာမကျပါဘူး။ ရှက်စရာလည်း မဟုတ်ပါဘူးဆိုပေမယ့်... တကယ်တော့... မိသားစု အတွက် ပေးဆပ်တဲ့ နိုင်ငံခြားက ပြန်လာ တဲ့ လူတယောက်ရဲ့ ဘဝဟာ "ဘယ်လောက် စုမိခဲ့လဲ" ဆိုတာထက် "ဘယ်လောက် တာဝန်ကျေခဲ့လဲ” ဆိုတာက ပို အရေးကြီးခဲ့လို့ပါ။ သူ့ဘဝ ထက် သူ့ မိသားစု အဆင်ပြေဖို့က ပို အရေးကြီးတယ်လို့ ခံယူထားသူမို့ပါ။ အိမ်ပြန်တဲ့ အဲ့ဒီနေ့မှာ.. လက်ထဲမှာ ငွေအများကြီး ရှိချင်မှရှိနေနိုင်ပါလိမ့် မယ်။ ဒါပေမယ့်... မိဘတွေ အိုမင်းချိန်မှာ ပြုစုနိုင်ခဲ့တယ်။ သားသမီးတွေကို ပညာသင်ပေးနိုင်ခဲ့တယ်။ မိသားစုတခု ရပ်တည်နိုင်ခဲ့တယ်။ အဲဒါတွေကလည်း အောင်မြင်မှုတွေပါပဲ။ ဒါကြောင့်.. နိုင်ငံခြားက ပြန်လာပြီး ငံခြားကပြန်ရင်” “ငါ ဘာလုပ်စားရမလဲ” လို့ စိတ်ညစ်နေမယ့် အစား... “ငါ ဒီအထိရောက်အောင် ရုန်းကန်ခဲ့ပြီးပြီ” ဆိုတာကိုပဲ မှတ်ထားရင်ရပါပြီ။ ဘဝက မပြီးသေးပါဘူး။ ညနေစောင်းနေပြီ ဆိုပေ မယ့်... အလင်းရောင် လုံးဝ ပျောက်ကွယ်သွားနေတာမျိူး တော့မဟုတ်ပါဘူး။ အသက်ကြီးလာလို့ အိပ်မက်တွေ မပြီးဆုံးသေး သလို.. လက်ထဲမှာ ငွေမများလို့လည်း ဘဝက မဆုံး သေးပါဘူး။ တဖြည်းဖြည်းနဲ့ ကိုယ်တတ်နိုင်တဲ့ အလုပ်တခုကိုလုပ်ရင်း .... နိုင်ငံခြားပြန်ရင် ဘာလုပ်စားမလဲ ဆိုတာထက် ကျန်ရှိတဲ့ ဘဝကို ကိုယ့်အတွက်ကိုယ် ဂုဏ်သိက္ခာ ရှိရှိ ဆက်လျှောက်သွားရုံပါပဲ။ ဘာကြောင့်ဆို ကိုယ်ဟာ မိသားစု ရဲ့ တာဝန်ကို ကျေခဲ့ပြီးသား လူတယောက်ဖြစ်နေလို့ပါပဲ။ #fypシ゚viral #viralvideo
𝑿𝒕𝒆𝒕 ᥫ᭡️. 🇹🇭
Region: TH
Monday 20 July 2026 05:09:25 GMT
Music
Download
Comments
eilayeilay369 :
https://vt.tiktok.com/ZS4AnCRaF/
2026-08-02 15:05:53
1
Lîñ Lîñ Aűñĝ🤗😍 :
me too pr kwr...????
2026-08-04 03:06:44
0
🌸🧚♀️Thwe Thwe🧚♀️🌸 :
ကိုယ့်အတွက်ရယ်လို့ကိုမတွေးမိခဲ့၀ူးပြန်ရေင်ဘာလုပ်စားရမလဲတွေးမိရင်တောင်ပြန်ရင်ရောကိုယ့်မိဘကိုအရင်လိုထောက်ပံ့နိုင်ပါ့မလားဘဲတွေးပူနေရတာ🥺🥰🥰
2026-08-02 04:46:37
11
ya min thu(အရာတော်သူ) :
copyလေးယူပါရစေ
2026-08-04 06:51:45
1
💞(LayLia)လေလီယာ💕🇲🇲.🇴🇲 :
🥰မြန်မာပြည်ပြန်ရောက်လို့ကိုအတွက်မကျန်နေပါစေအိမ်ကမိသားစုတွေအဆင်ပြေရင်ကျေနပ်ပြီးသားပါကိုတွေကအလုပ်လုက်နိုင်သေးတဲ့အတွက်မိသားစုကိုကိုဘဲအမြဲဦးစားပေးထားတာပါ🥰🥰
2026-08-02 10:07:44
8
La Min Ko Ko :
အခုလို စဉ်းစား တွေးခေါ်စရာပဲဖြစ်။အသိပညာတခုခုရစေနိုင်တဲ့ အကြောင်းရာလေးတွေတင်ပေးတာ ကျေးဇူးတင်ပါတယ်..🥰🥰🥰👏👏👏
2026-08-03 22:01:04
1
👑 ချစ်မွှေးလေး👑 :
copy ယူမယ်နော်စာသားလေး🥰🥰🥰
2026-08-04 00:58:32
1
@ khaine tha zin :
Copy ယူပါရစေနော်😊
2026-08-03 18:59:43
1
Ahkai 🇲🇲 🇱🇷 :
စာသားလေးပြန်သုံးပါရစေရှင်
2026-08-03 04:17:50
1
Ya Min :
copyယူပါရစေ
2026-08-03 03:45:42
1
Thae Nu Khaing :
စာသားလေးcopyယူပါရစေရှင့်
2026-08-03 03:52:11
1
WintWar :
အချက် 5ချက်လုံးလုပ်ခဲ့ပ ီနော်🤩
2026-08-02 07:29:17
1
💙Thin Kyi Hlaing💙 :
copyယူမယ်နော် မမရေ
2026-08-02 15:46:01
1
Daw Thu Zar🥀🍑💔 :
အမရဲစာသာလေပြန်သုံးပရစေရျိင့်🥺
2026-08-02 15:49:55
1
PHYO,and ,LAE🏳️🌈🏳️🌈 :
မမပုံလေးနဲ့အောက်ကစာသားကိုဘယ်လိုယူရလဲရှင့်
2026-08-02 16:20:16
1
Shwe Zin Oo❤ :
စာသားလေးးပြန်ယူပါရစေရှင့်
2026-08-02 14:24:41
1
pan.pan :
အမှန်ပါပဲရှင့်
2026-08-02 04:03:35
1
@Nova🍀 :
ဟုတ်တယ်ဆို
2026-08-02 05:57:21
1
Leonard(C☀️N☀️O)🇸🇬🇸🇬🇸🇬 :
copy ယူပါရစေ🥰🥰
2026-08-02 05:49:58
1
🦋နွားထိုးကြီးသူလေး𝓅𝓎𝒶𝑒🦋 :
copyယူမယ်နော်ညီမလေး
2026-08-02 15:25:35
1
🍎🍎Myat Thu zar💑💑💑 :
အရမ်းဘဲမှန်တယ်ညီမလေး💕💕
2026-08-03 16:53:14
1
Chit May May :
ညီမလေး ေြပာတာမှန်လိုက်တာသူများနိုင်ငံမှာကိုတစ်ယောက်လုပ်အားခရတာနဲ့နောက်ကမိသားစုကိုအများြကီးထောက်ပန့်နိုင်တယ်အဲ့တာ ေြကာင့်အရာရာကိုလဲသီခံရတယ်
2026-08-03 14:40:45
1
Thandar :
မှန်လိုက်တာဗျာ🥰
2026-08-03 14:59:02
1
🌻Pu tuu🌻🐷ထော်ကြီး🐷 :
စာသားလေကြိုက်လိုcopyယူ မယ်နော်
2026-08-03 17:54:07
1
Tin Nilar Soe :
အရမ်းအားရှိတယ်ဒိစကားလေးကအယ်လိုပဲတွေးထားတယ်🥰🥰🥰
2026-08-03 20:10:15
1
To see more videos from user @pisi7986, please go to the Tikwm
homepage.