@user364491848: #"အမှန်တရားကိုသိချင်ရင် လက်လွှတ်ကြည့်ပါတဲ့" ********************************************* "မင်းတစ်ခုခုကို အရမ်းစွဲလမ်းနေရင် လက်လွှတ်ကြည့်လိုက်ပါတဲ့" တစ်စုံတစ်ယောက်က ပြောဖူးတယ်၊ မင်းတစ်ခုခုကို အရမ်းစွဲလမ်းနေတဲ့အခါ လက်လွှတ်ကြည့်လိုက်ပါတဲ့" ကျွန်တော့်သူငယ်ချင်းတစ်ယောက်က ခပ်အေးအေးပဲ ပြောဖူးတယ်။ "မင်း တစ်ခုခုကို အရမ်းစွဲလမ်းနေပြီဆိုရင် အဲ့ဒါကို လက်လွှတ်ကြည့် လိုက်ပါ" တဲ့။ ကျွန်တော်က နည်းနည်းတော့ နားမလည်နိုင်ဖြစ်သွားပြီး ပြန်မေးမိတယ်။ "ဟာ... စွဲလမ်းတယ်ဆိုတာ တန်ဖိုးထားတာပဲလေ။ ဘာလို့ လက်လွှတ်ရမှာလဲ"။ သူက ပြုံးပြီး ပြန်ဖြေတယ်။ "စွဲလမ်းမှုဆိုတာ အချိန်ကြာလာရင် အတင်းအကြပ် ဖြစ်လာတတ် တယ်။ မင်း ဆုပ်ကိုင်ထားလို့ သူက မင်းလက်ထဲမှာ ရှိနေတာလား၊ ဒါ မှမဟုတ် သူကိုယ်တိုင်က မင်းလက်ထဲမှာ ရှိချင်လို့လားဆိုတာ မင်း ခွဲခြားနိုင်ဖို့ လိုတယ်။" "အဲ့ဒါကို ဘယ်လိုသိနိုင်မလဲ" လို့ ကျွန်တော် ထပ်မေးတော့ သူက ဆက်ပြောတယ်။ "မင်း လက်ကို ဖြန့်လိုက်ပါ။ တကယ်လို့ အဲ့ဒီအရာက မင်းနဲ့ ထိုက်တန်တယ်၊ မင်းကို လိုအပ်တယ်ဆိုရင် လက်လွှတ်လိုက်ပေမဲ့ လည်း မင်းနားက ထွက်သွားမှာ မဟုတ်ဘူး။ ဒါပေမဲ့ မင်းက အတင်း ဆုပ်ကိုင်ထားမှသာ မြဲနေတာမျိုးဆိုရင်တော့ အဲ့ဒါ မင်းကို ပင်ပန်း စေမယ့် အရာတစ်ခုပဲ။" "မင်းပြောတာက လက်လွှတ်လိုက်ဖို့ကပိုပြီး ခိုင်မြဲစေတယ်လို့ ပြော တာလား" "မဟုတ်ဘူး... လက်လွှတ်လိုက်ခြင်းက 'အမှန်တရား' ကို မြင်ရစေ တယ်။ ကိုယ့်ကို တကယ်လိုအပ်တဲ့အရာ၊ ကိုယ်နဲ့ တကယ်ထိုက်တန်တဲ့ အရာဆိုတာ ဘယ်လိုအခြေအနေမျိုးမှာမဆို ကိုယ့်နားမှာ ရှိနေမှာ ပါ။ အတင်းအကြပ် ဆုပ်ကိုင်ထားရမှ မြဲနေမယ့်အရာမျိုးဆိုရင်တော့ ကိုယ့်ရဲ့ စိတ်အေးချမ်းမှုအတွက် လက်လွှတ်လိုက်တာက သာ အကောင်းဆုံး ဆုံးဖြတ်ချက် ဖြစ်ပါလိမ့်မယ်။ #crdစာသား #copylink #ချစ်တဲ့စိတ်လေးနဲ့ကြည့်ပေးပါနော်😘
⭐✫🌟လမ်းပြကြယ်🌟✫⭐❤️1.0M❤️
Region: MM
Monday 20 July 2026 06:34:09 GMT
Music
Download
Comments
Cho Cho Aung :
ဒီစာပုဒ်လေးကိုဖတ်လိုက်မိတာ ရင်ဘတ်တွေတောင်အောင့်သလိုခံစားရပါတယ်ရှင့်🥲🥲🥲ဟုတ်ပါတယ် ကျမဆွဲထားဖမ်းဆုတ်မထားချင်လို့ လွှတ်ချလိုက်ပါတယ် သူပျော်ရွှင်မဲ့အရပ်ဒေသကိုပျံသန်းသွားလေရဲ့🥲👋👋👋
2026-07-27 04:07:25
6
ဒေါ်ရွှေလုံး :
[sticker] မင်ဂ လာပါရှင့်သီချင်းလေးကကိုယ့်ရဲ့ခံရှားချက်ပါအရမ်းကောင်းတာဘဲကျေးဇူးတင်ပါတယ်ရှင့်
2026-08-19 16:08:37
1
Snow Queen :
အမှန်ပဲတန်ဖိုးထားလေတန်ဖိုးကျလေဖြစ်လို့ဘယ်အရာကိုမှဆုပ်ကိုင်မထားဘူးလက်လွှတ်ပေးလိုက်တယ်အခုတော့အရာအားလုံးနေသာကျနေပြီစိတ်လည်းအေးချမ်းနေပါပြီ😊😊😊
2026-07-26 05:56:35
6
ပိတောက် :
စာလေးဓာတ်ပုံရိုက်ပြီးပြန်တင်ပါရစေရှင်အရမ်းမှန်လွန်းလို့💞💞💞
2026-07-25 15:08:08
5
Mee Nge :
ကျွန်မတော့ လက်လွတ်လိုက်ပါပီ ရှင့် ခံစားမနိုင်တော့ဘူး ရှင့် 🙂↕️🙂↕️🙂↕️😭😭😭
2026-07-27 06:59:22
3
T.Hmwe...မိတ္ထီလာသူ 🌻🌻🌸🌸 :
ယူသုံးခွင့်ပြုပါ
2026-07-21 11:49:37
1
လမင်းကျက်သရေ :
အားပေးနားဆင်ခဲ့🥰
2026-07-27 14:15:47
2
Win Zaw Oo :
အတင်းအကြပ်ဆုတ်ကိုင်ထားမှမြဲမယ်ဆိုရင်ကိုစိတ်ချမ်းသာဖို့အတွက်လွတ်ချလိုက်ပါပီ👍👍👍👍👍
2026-07-27 16:13:42
1
phooးးphoo :
မှန်ပါတယ်ရှင့်
2026-07-26 04:09:29
1
စေလိုရာစေ :
❤️တင်ခွင်လေးပေးပါ
2026-07-21 22:11:15
1
ပင်လယ်ပြာ :
စာသားလေးကြိုက်လို့ ပြန်တင်ခွင့် ပြုပါ
2026-07-30 14:29:24
1
Ko Linn :
ယူသုံးမယ်နော်🥰🥰
2026-07-26 15:05:20
1
𓆙𓆙𓆙𓆙␈❚█══ꫝꪻ꠸ꪀꪀꪶ꠸ꪀ══█❚ :
လက်လွှတ်လိုက်ပါပီ
2026-07-30 01:48:56
1
တိမ်ယံ :
ကောင်းတယ်😳😳😳😳😳
2026-07-28 23:26:08
1
စောနိုင်ဝင်း စောနိုင်ဝင်း :
တစ်ဘဝလုံးပုံအပ်ထားလို့တစ်ယောက်တည်းပဲနာကျင်ရတယ်ဗျာ
2026-07-29 16:52:29
1
Nyein Htay :
မဂ်လာပါ
2026-07-27 06:43:15
1
Mya Mya547@ :
မဂ္လာပါ
2026-07-28 08:32:04
1
kethi168 :
မဂ်လာပါ
2026-07-29 14:40:17
1
mc myo gyi :
အမှန်တရားဆိုတာနဲနဲတော့ခါးမယ်
2026-07-26 09:31:12
1
Su Myat Noe :
ကျေးဇူးပါ🥰🥰🥰🥰🥰
2026-07-26 05:29:58
1
MA.KHAING :
မဂ်လာပါ
2026-07-25 13:58:31
1
စောနိုင်ဝင်း စောနိုင်ဝင်း :
နာကျင်ရမှန်းသိသိကြီးနဲ့လက်မလွှတ်နိုင်လို့ပိုခံစားတယ်အကုန်ပြော ရရင်လက်မလွှတ်နိုင်ဘူး
2026-07-29 16:50:55
1
Reflaction :
ဟုတ်တော့ဟုတ်သား🙂🥰🥰🥰🥰🥰
2026-07-26 05:46:22
1
⛴⛴ ⛴ဘုရင်မထက်သာတဲ့ငါ⚓⚓⚓ :
အနားကလဲခွာမသွားဘူးတခြားသူနဲ့လဲတွဲတယ်🤔🤔
2026-07-25 14:22:40
2
တွယ်ရာမဲ့.နှလုံးသား :
🥰🥰🥰🥰
2026-07-20 11:53:00
0
To see more videos from user @user364491848, please go to the Tikwm
homepage.