@user4370075847103: Wall-Mounted Key Holder, Metal Key Hanger Hooks Rack, Organize Keys in Entryway, Doorway, Hallway, Bathroom, Kitchen, 1 Count #affordablehomedecor #houseessential #customhomedecor #homeimprovementtools #walldecorfinds #homegoodsfinds🤩🤩 #modernhomefinds #musthavehomeitems #musthavehomegoods #spacesavinghangers

EasyFind Mall
EasyFind Mall
Open In TikTok:
Region: US
Monday 20 July 2026 06:54:27 GMT
34
0
0
0

Music

Download

Comments

There are no more comments for this video.
To see more videos from user @user4370075847103, please go to the Tikwm homepage.

Other Videos


"ရိုးသားမှုကို တန်ဖိုးထားပါ" "ဤကမ္ဘာတွင် စစ်မှန်မြင့်မားသော အောင်မြင်မှုကို ဖြောင့်မတ်စွာနေထိုင်မှသာ ရနိုင်ပါတယ်" David Starr Jordon ရိုးသားဖို့ဟာ အလွန်ခက်တယ်။ အထူးသဖြင့် အရိုးသားဆုံးသူဖြစ်ဖို့ ပိုခက်တယ်။ ဘာလို့ခက်ရသလဲ ဘာလို့လူတွေ ရိုးသားမှုကို စွန့်လွှတ်လာကြသလဲဆိုတဲ့ အကြောင်းရင်း ၃ ခုရှိပါတယ်။ ပထမအချက်က ရိုးသားမှုကို တချို့သူတွေက တန်ဖိုးမထားကြတော့ဘူးလို့ ခံယူထားလို့။ တချို့က ရှိတယ်၊ ရိုးတာနဲ့ အတာကို ခွဲခြားမမြင်ကြဘူး။ တကယ်ဆို ဒီနှစ်ခုက ဆန့်ကျင်ဘက် သဘောတောင် ဆောင်ပါတယ်။ ရိုးတယ်ဆိုတာ ကိုယ်ကျင့်တရား ကောင်းတာ၊ တစ်နည်း အသိဥာဏ်ရှိတာ အတယ်ဆိုတာ မသိနားမလည်မှုတွေများတာ ဆင်ခြင်ဥာဏ်နည်းတာ ။ ကိုယ်ကတော့အစွမ်းကုန် ကြိုးစားလုပ်ပါရဲ့ လူတွေက ကိုယ့်လောက်မှ မကြိုးစားတဲ့ သူတွေ၊ လူပြိန်းကြိုက်အောင် တမင်လူပြောများအောင် လုပ်နေတာတွေကိုမှ အားပေးကြတာလို့ စိတ်ထဲမြင်လာတဲ့အခါ၊ အသိအမှတ်ပြုမခံရဘူးလို့ စိတ်ထဲခံစားရတာ များလာတဲ့အခါ ရိုးသားမှုကို စွန့်လွှတ်လိုက်ကြတယ်။ ရိုးသားတာဟာ ဘာမှသုံးစားမရပါဘူး၊ ငါရိုးသားနေလို့ ငါ့မိသားစုတွေကို ပြည့်ပြည့်စုံစုံထားနိုင်မှာတဲ့လား၊ သူများတွေလည်း ငါ့လိုပဲ ဘယ်သူမှ အပြည့်အဝမရိုးသားပါဘူး ဒါကြောင့် ကိုယ်လုပ်တာ မမှန်မှန်းသိလျက်နဲ့ လမ်းမှားကို လိုက်တယ်ကြတယ်။ ဒုတိယအချက်ကတော့ လူတိုင်းလည်း ဒီလိုပါပဲဆိုပြီး ဘာလို့ ငါ့ကျမှ ဒီကျင့်ဝတ်တွေကို စောင့်ထိန်းနေရမလဲဆိုတဲ့ အတွေးမျိုးရှိလို့၊ ကျွန်တော်တို့တွေဟာ အစုအဖွဲ့နဲ့ နေတက်တယ်၊ အဲ့တော့ အစုအဖွဲ့စိတ်ဓာတ်ရှိတယ်၊ သူများဒါလုပ်ရင် ကိုယ်လည်းသူတို့ကြားမှာပဲနေ သူတို့ကြားမှာပဲ ကြီးပြင်းလာတော့ လိုက်လုပ်ကြတယ်။ ကိုယ်တစ်ခုခုလုပ်တော့မယ်ဆို ကိုယ်လိုမျိုး ဘယ်သူလုပ်နေလဲဆိုတာကို အရက်ကြည့်တယ်။ အများအားဖြင့် သူများလုပ်ရင် ကိုယ်လိုက်လုပ်တယ်၊ သူများ မလုပ်တာဆို ကိုယ်လည်းထူပြီး မလုပ်ကြတာ များတယ်။ တတိယအချက်က ရိုးသားမှုရဲ့ တန်ဖိုးကို သေသေချာချာ မသိကြလို့၊ ဒါက အရေးအကြီးဆုံးပါ။ တန်ဖိုးမသိတဲ့သူဟာ တန်ဖိုးမထားတက်ဘူး။ သူ့ဘဝသူ ဖြစ်ကတက်ဆန်းနေတယ်၊ ရိုးသားတာက ငါ့ကို ထမင်းကျွေးမှာ မဟုတ်ဘူးလို့ ခံယူထားတယ်၊ ရိုးသားတယ်ဆိုတာက ပင်ပန်းတယ်၊ ဟိုဟာ မလုပ်ရ ၊ ဒီဟာ မလုပ်ရနဲ့ ပြီးတော့ ငါ့ကိုရိုးသားလွန်းလို့ဆိုပြီး ဘယ်သူကများ ဖူးဖူးမှုတ်ထားမှာလဲ၊ ဘယ်သူက ပြည့်ပြည့်စုံစုံထားမှာလဲ လို့ တွေးတက်တယ်။ တကယ် ရိုးသားမှုအပြည့်နဲ့ ကိုယ်တိုင်ကျင့်ကြံပြီး သူတို့ပတ်ဝန်းကျင်က လူတွေအပေါ်လည်း ထိခိုက်နစ်နာမှု မရှိအောင် ဖြောင့်မတ်စွာ ဆက်ဆံတက်သူတွေဟာ ရိုးသားခြင်းရဲ့ တန်ဖိုးကို သိကြတယ်။ ကိုယ်လုပ်တဲ့အလုပ်တွေက မမှန်ကန်ဘူး၊ မတရားဘူးဆိုတာကို သိသိကြီးနဲ့ လုပ်တာတွေများလာလေလေ ကိုယ့်စိတ်ကို အဲ့ဒီဖိစီးမှုကြီးက ခြောက်လှန့်လာလေလေပါ။ ကိုယ့်ကြောင့် ထိခိုက်နစ်နာရသူ၊ နာကျင်ဆုံးရှုံးရသူတွေများလာပြီဆိုရင် ကိုယ်လည်း ပျော်ရွှင်မှု ရှိတော့မှာ မဟုတ်ပါဘူး။ ပျော်ရွှင်မှုဆိုတာ ကျွန်တော်တို့ ကြိုက်တဲ့အလုပ်တွေကို လုပ်ရင်း ရလာမယ့်အရာ မဟုတ်ဘူး၊ ကျွန်တော်တို့လုပ်တဲ့အလုပ်တွေကို ကြိုက်မှသာ ဖြစ်လာတာပါ။ ဆိုလိုတာက ကိုယ့်ခံစားချက်အတိုင်း သာယာမှုနောက်ကို လိုက်ပြီး အလွယ်လမ်းနဲ့ မရိုးမသားတာတွေလုပ်ပြီးမှ စိတ်အေးချမ်းမှု မရနိုင်ဘူး၊ အစတည်းက ကိုယ်လုပ်မယ့်အလုပ်တွေရဲ့ တန်ဖိုးနဲ့ လေးနက်မှုကို သိပြီး တကယ်နှစ်သက်လက်ခံတာတွေကို လုပ်ပြီးမှ ပျော်ရွှင်လာမှာပဲ ဖြစ်တယ်။ Chan Min Khant photo crd #crd_to_owner_with_respect

About