@m.k286518: တကယ်တော့.... ကိုယ်တို့နှစ်ယောက်က တစ်ယောက်အကြောင်း တစ်ယောက် အသိဆုံးဖြစ်ခဲ့ကြသလို၊ တစ်ယောက်ကိုတစ်ယောက် အချစ်ဆုံးတွေလည်း ဖြစ်ခဲ့ဖူးပါတယ်.....။ ဒါပေမဲ့ လောကကြီးရဲ့ "အဆင်မပြေမှု" ဆိုတဲ့ စည်းမျဉ်းတစ်ခုကြားမှာ ကိုယ်တို့နှစ်ယောက်စလုံး ဒူးထောက်အရှုံးပေးခဲ့ရတယ်နော်။ မင်းကို ကိုယ်တောင်းပန်ချင်တာကလေ.... ကိုယ်တို့အတူတူရှိခဲ့စဉ်က မင်းအပေါ် နားလည်မှုမပေးနိုင်ခဲ့တဲ့ အချိန်တွေ၊ ကိုယ့်ရဲ့ မရင့်ကျက်မှုတွေကြောင့် မင်းမျက်ရည်ကျခဲ့ရတဲ့ ခဏတာတွေအတွက် တကယ်တောင်းပန်ပါတယ်။ ကိုယ့်ကြောင့် မင်းစိတ်ညစ်ခဲ့ရတာတွေကိုပဲ မေ့ဖျောက်ပစ်ခဲ့ပြီး ကိုယ်တို့အတူတူရယ်မောခဲ့တဲ့ အချိန်လေးတွေကိုပဲ မှတ်မိနေပေးပါ။ နောက်ပြီး..... မင်းကို ကိုယ်ကျေးဇူးတင်ပါတယ် ကိုယ့်ဘဝရဲ့ အမှောင်ဆုံးနေ့ရက်တွေမှာ မင်းဟာ အလင်းရောင်တစ်ခု ဖြစ်ပေးခဲ့လို့ပါ။ လူတွေအများကြီးကြားထဲမှာ ကိုယ့်ကိုရွေးချယ်ပြီး ချစ်ပေးခဲ့လို့၊ ကိုယ့်ရဲ့ အပြစ်အနာအဆာတွေကို သည်းခံပေးခဲ့လို့ မင်းကိုအမြဲတမ်း ကျေးဇူးတင်နေမှာပါ။ မင်းနဲ့တွေ့ခဲ့ရတာဟာဘဝရဲ့အလှပဆုံး အချိန်တစ်ခုပါပဲ။ ကိုယ်မှာချင်တာကတော့..... ရှေ့ဆက်မယ့် မင်းရဲ့နေ့ရက်တွေမှာ ကိုယ်မရှိတော့တဲ့နောက် မင်းကိုယ်မင်း ပိုချစ်ပါ။ ကိုယ့်ကိုသတိရလို့ ဝမ်းနည်းနေမယ့်အစား မင်းရဲ့အိမ်မက်တွေကိုပဲ အကောင်အထည်ဖော်ပါ။ အချစ်ဆိုတာ ပိုင်ဆိုင်ရမှ အဓိပ္ပာယ်ရှိတာမဟုတ်ပါဘူး၊ တစ်ယောက်နဲ့တစ်ယောက် ဝေးနေရင်တောင်တစ်ဖက်လူ ပျော်ရွှင်နေတာကို မြင်ရရုံနဲ့ ကျေနပ်ရတာမျိုးပါ။ တကယ်လို့ တစ်နေ့နေ့မှာ မင်းကို ကိုယ့်ထက်ပိုချစ်တဲ့သူ၊ ကိုယ့်ထက်ပိုပြီး ဂရုစိုက်နိုင်တဲ့သူနဲ့ တွေ့ခဲ့ရင်... ဝန်လေးမနေဘဲ အပြည့်အဝလက်ခံလိုက်ပါ။ မင်းရဲ့ပျော်ရွှင်မှုက ကိုယ့်အတွက် အဝေးကကြည့်နေရမယ့် ဆုလာဘ်တစ်ခုမို့ပါ။ အဆုံးသတ်မှာ.... ကိုယ်တို့ရဲ့ ဇာတ်လမ်းလေးက နိဂုံးမလှခဲ့ပေမယ့် "ကိုယ်တို့တစ်ယောက်ကိုတစ်ယောက် အရမ်းချစ်ခဲ့ကြဖူးတယ်" ဆိုတဲ့ အသိလေးနဲ့တင် ကိုယ့်ဘဝက ပြည့်စုံပါတယ်။ ဘယ်နေရာမှာပဲဖြစ်ဖြစ်၊ ဘယ်သူ့အနားမှာပဲရှိရှိ... မင်းအမြဲတမ်း ပြုံးနေနိုင်ပါစေ။ မင်းကိုအဝေးကနေ အမြဲဆုတောင်းပေးနေမယ့် တစ်ချိန်က မင်းကိုအရမ်းချစ်ခဲ့တဲ့ " လူ "။ #crd #mk #စာတို

M K (စာတို)
M K (စာတို)
Open In TikTok:
Region: MM
Monday 20 July 2026 11:47:53 GMT
415958
22167
204
2424

Music

Download

Comments

honey.ko0
Honey ko ko :
ချစ်နေတုန်းတန်ဖိုးမထားပဲဝေးသွားမှဒီစာသားနဲ့နောင်တရပြနေလဲအပိုပဲ အချစ်ဆိုတာအနားမှာရှိတုန်းတန်ဖိုးထားပီးချစ်ပြရတာ ဝေးသွားမှစာသားလှလှလေးနဲ့လူမြင်ကောင်းအောင်ချပြရမယ့်အရာမဟုတ်ဘူး
2026-07-24 11:00:50
45
user59341936172683
Phray Myar Aye :
အရမ်းလွမ်းတယ် ေနာင်ဘဝဆိုတာရှိရင် နင်လည်းမ ေဖာက်ပြန်နဲ ငါ့လည်း မထားခဲ့ေတာ့ဘူး
2026-07-23 16:56:40
20
oosaiyannaung403
@Yan Naung🪾 :
စာသားလေးကိုပြန်သုံးခွင့်ပြုပါဗျ🥺
2026-07-21 09:34:41
8
ma.myint4526
မမြင့် :
အခြေနေရဝေးဖို့ဖြစ်လာရတယ် ထပ်ပီး တွေ့ဆုံခွင့်ရှိရင် မင်းကိုပဲ ထပ်ရွေးဖြစ်မှာပါ ကိုယ်တို့နှစ်ယောက်က ချစ်ရက်နဲ့ဝေးရတာလေ မချစ်တော့လို့ ဋေးခြင်းမဟုတ်တော့ ပိုခံစားရတယ်
2026-07-27 05:35:24
3
tunlinnkyaw4
Htun Lin 🌙 :
စာသားလေး ပြန်သုံးခွင့်ပေးပါနော်။
2026-07-27 10:00:41
3
s.lnan.daw
Smile Lay :
ပြန်တင်ခွင့်ပြုပါစာသားလေးကောင်းလို🥰🥰🥰
2026-07-27 09:57:44
3
soe7314
👸🏼Sandar🦋 :
စာသားယူခွင့်ပြုပါ🥰
2026-07-26 10:51:57
2
nang.khamrain
🌻N. K. Rain🌻 :
လည်ချောင်းတောင်နှင်သွားတဲ့စာသားလေး🥺
2026-07-26 06:55:10
4
snowqueen8282
snowqueen8282 :
❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️ကျေးဇာူးတင်ပါတယ် စာသားတွေကတဖက်သတ်ဆန်တယ် ဘာလို့အဲလိုပြောရတာလည်းတသက်လုံးလက်လွှတ်မပေးဘူးနော်ဘယ်တော့မှဝေးလို့မဖြစ်ပါဘူးအနားလေးမှာပေးဆပ်ရင်းနေချင်တာပါဘဝမှာMမရှိလို့မဖြစ်ပါဘူးဘေဝအတွက်ရည်ဆူးထားတာကစိတ်ကူးနဲ့ရူးခဲ့ကြတာမှမဟုတ်တာဘဝမှာတယောက်ပဲရှိတယ်မက်မက်မောမောပိုင်ဆိုင်ချင်တာMတယောက်တည်းပါဒီလိုဖြစ်ရမယ့်အရွယ်မဟုတ်ဘူးလေကိုယ်ကတည်ငြိမ်မူ့နဲ့ဘဝကိုတည်ဆောက်ထားတာလေMကိုမက်မောလို့တည်ဆောက်ထားတဲ့ခိုင်ခံတဲ့နန်းတော်လေးပါသံယောဇဥ်ကြိုးတွေနဲ့ဆောငက်ထားတဲ့နန်းလေးပါMဘဝအတွက်ရည်စူးထားတာပိုင်ဆိုင်ရဖို့ပါဝေးစကားတသက်လုံးမပြောပါနဲ့တောင်းပန်ပါတယ်နော်တသက်လုံးလက်လွှတ်ဖို့မတွေးပါနဲ့နော်တသက်လုံးလက်လွှတ်မပေးဘူးနော့်နသက်တာထာဝရရှိနေပေးဖို့တောင့်းဆိုပါတယ်တောင်းပန်ပါတယ်တသက်တာထါဝရရှိနေမှာပါရှိနေပေးပါဂတိစကားတွေကခိုင်ခံပါတယ် သစ်စာတရားကမြဲပါတယ် စိတ်အေးချမ်းမူ့ရှိပါစေ အေးချမ်းသာယာပျော်ရွှင်ပယစေနော်
2026-07-20 14:00:04
6
kmaungthan42
@KõÇhãy98 :
မိုးတိတ်သွားတဲ့အခါ ထီးကလူတိုင်းအတွက်အပိုဝန်ဖြစ်သွားတယ်။မျက်မမြင်တစ်ယောက်က မြင်နိုင်သွားတဲ့အခါ သူအရင်ဆုံးစွန့်ပစ်လိုက်တာက သူတစ်ဘဝလုံးအားကိုးခဲ့ရတဲ့ ဒုတ်ချောင်းပါပဲ။အကျိုးအမြတ်မရှိတော့တဲ့အခါသစ္စာတရားကလည်း ဒီလိုပဲ အဆုံးသတ်တတ်တယ်စာတို video နဲ့ပြန်တင်ပေးပါလား
2026-07-25 03:23:47
8
hnineikhaing659
☃️💞Hnin☃️💞 :
ပျော်စရာကောင်းခဲ့တဲါအမှတ်တရတွေကိုပဲမှတ်မ်ိနေပေးပါ🥺💗
2026-07-26 04:35:42
1
user41925683
နွေဦးပန်းလေးရဲ့ ❤️အချစ်ဉီး❤️ :
စာသားလေးကြိုက်လို့ပါ ယူခွင့်ပေးပါ ခင်ဗျာ
2026-07-25 12:50:26
2
nyuntnyunt717
nyuntnyunt717 :
မသိခဲ့တာပါ
2026-07-24 01:58:00
1
aung.phoe.kaw
Aung Phoe Kaw :
အတိတ်ကသူတောင် မေ့ မရတော့ဘူ
2026-07-24 00:28:40
1
ei.phyu.zin011
ฟ้ว :
ဟုတ်တယ် နော်🥺🥺🥺
2026-07-24 07:32:25
1
htanyawng
Htan yawng :
မသိခဲ့ဘူး
2026-07-25 14:29:10
1
khin.mar.cho553
khin mar cho :
စာသားလေးကြိုက်လိုက်တာ🥰🥰
2026-07-24 14:06:51
1
yin.go95
🇲🇲Yin Go🇲🇲 :
soung name pro
2026-07-26 15:55:47
2
lw.n.k
Lwâý Nôń Kĥáñ :
စာသာတွေက ထပ်တူကျ copy ကူခွင့်ပြုပါရှင့်
2026-07-25 18:36:10
3
hsu.mon.kyaw128
Hsu :
စာသားလေးယူသုံးခွင့်ပြုပါလားမမ
2026-07-26 08:56:29
3
zarni.tun147
ZNT :
စာသားလေးသုံးခွင့်ပြုပါရှင့်
2026-07-24 08:54:23
2
roserose5778
Rose Rose :
ရှင်းရှင်းရေအခုဘယ်မှာလဲ။ရန်ကုန်မှာလား။မင်းဘကြီးကမေးနေတယ်။
2026-07-26 14:43:28
2
arkarkyaw441999
adam... :
9နှစ်ကျော်အရမ်းချစ်ခဲ့ကြပြီးမှသူကနောက်တစ်ယောက်ကိုချစ်မိသွားတယ်တဲ့အချစ်ဆိုတာနားမလည်တော့သလိုသူ့ကိုလည်းနားမလည်နိုင်ဘူးဘာပဲဖြစ်ဖြစ်သူပျော်ဖို့စာလေးထဲကအတိုင်းပဲနေခဲ့ပေးလိုက်ပါတယ်....
2026-07-26 01:47:57
4
To see more videos from user @m.k286518, please go to the Tikwm homepage.

Other Videos


About