@ketchupwithemily: အိမ်မှာဝက်သားတုတ်ထိုးရယ် ကြာဇံကြော်လေးရယ်ကို အချဥ်ကောင်းကောင်းလေးဖျော်ပြီး တူတူလုပ်စားကြမယ်နော် ဒီလုပ်နည်းလေးက အညှီနံ့လုံးဝမရှိဘဲ အခေါက်တိုင်း အရသာက လုံးဝထိမိနေတဲ့နည်းလေးပါရှင် ဒီတစ်ခါတော့ ဝက်ကလီစာသန့်ရှင်းနည်းပါ သေချာလေးပြောပြထားပါတယ်ရှင် ဝက်အူပိတ်၊ အူမကြီး၊ လျှာ၊ နားရွက်နဲ့အချင်းတိုင်ကိုတော့ Chinese grocery shop တွေရဲ့ frozen section မှာ ဝယ်တာပါရှင် နှလုံး၊ အသည်း၊ ကျောက်ကပ်ကိုတော့ Morrisons မှာ fresh ဝယ်လို့ရပါတယ်ရှင် Em က ဒီတစ်ခေါက်တော့ နှလုံးနဲ့အသည်းကို မဝယ်ထားပါဘူးနော် စင်ကာပူမှာဆိုရင်တော့ အူချိုပါဝယ်လို့ရပါတယ် အူပိတ်ကိုတော့ ရေနွေးဖျောထားတာလေးတွေရောင်းပါတယ်ရှင် NTUC နဲ့ Sheng Siong မှာ ဝယ်ပါနော် ပါဝင်ပစ္စည်းများ (၉-၁၀ ယောက်စာခန့်) – ဝက်အူပိတ် - ၃ ခု ဝက်အူမကြီး - ၃ ခု နားရွက် - ၄ ခု လျှာ - ၄ ခု ကျောက်ကပ် - ၂ ခု အချင်းတိုင် - အကြီး ၂ ခု ဝက်ရိုး - အနည်းငယ် ကလီစာအရသာနယ်ရန် - ဆား - လက်ဖက်စားဇွန်း ၂ ဇွန်း သကြား - လက်ဖက်စားဇွန်း ၂ ဇွန်း ကြက်သားမှုန့် - လက်ဖက်စားဇွန်း ၂ ဇွန်း ပဲငံပြာရည်အနောက် - ထမင်းစားဇွန်း ၁ ဇွန်း ခရုဆီ - ထမင်းစားဇွန်း ၁ ဇွန်း ရှာလကာရည် - ထမင်းစားဇွန်း ၁ ဇွန်း ပျားရည် - ထမင်းစားဇွန်း ၁ ဇွန်း ဝက်ကလီစာအရောင်တင်ရန် - ကရဝေးရွက် - ၃-၄ ရွက် သစ်ဂျပိုးခေါက် - ၂ ခု နာနတ်ပွင့် - ၂ ပွင့် (ပိုမထည့်ပါနဲ့နော်) ထန်းလျက် - ၉၀ ဂရမ် ၁ တုံး ဝက်ရိုးပြုတ်ရန် - ကြက်သွန်ဖြူ - ၄-၅ တက် ဂျင်း - လက်တစ်ဆစ် နံနံပင်အမြစ် - အနည်းငယ် အချဥ်ဖျော်ရည် - မန်ကျီးနှစ် - ထမင်းစားဇွန်း ၂ ဇွန်း Sriracha ငရုတ်ဆီ - ထမင်းစားဇွန်း ၇ - ၈ ဇွန်း ထန်းလျက် - ၉၀ ဂရမ်ရဲ့တစ်ဝက် ရေနွေး - အနည်းငယ် ငံပြာရည် - ထမင်းစားဇွန်း ၁ - ၂ ဇွန်း အချိုမှုန့် - လက်ဖက်စားဇွန်းဝက် ကြက်သွန်ဖြူ - ၂ ဥခန့် ငရုတ်သီးစိမ်း - ၉-၁၀ တောင့် ကြာဇံကြော်ရန် - ကြာဇံ - ၁ ထုပ် ဂေါ်ဖီ - ၁ စိတ် မုန်လာဥနီ - ၁-၂ လုံး ကြက်သွန်ဖြူ - ၄-၅ တက် ကြက်ဥ - ၄ - ၅ လုံး ဆီ ရေနွေး အရွက်အရသာထည့်ရန် - ဆား - လက်ဖက်စားဇွန်း ၁ ဇွန်း သကြား - လက်ဖက်စားဇွန်း ၁ ဇွန်း ပဲငံပြည်ရည်အကြည် - ထမင်းစားဇွန်း ၁ ဇွန်းခွဲခန့် ကြာဇံအရသာထည့်ရန် - ရေနွေး - အနည်းငယ် ဆီ - အနည်းငယ် ပဲငံပြည်ရည်အကြည် - ထမင်းစားဇွန်း ၁ ဇွန်း ပဲငံပြာရည်အနောက် - ထမင်းစားဇွန်းဝက် (အရောင်ကကိုယ့်စိတ်ကြိုက်ချိန်ပါနော်) ခရုဆီ - ထမင်းစားဇွန်း ၁ ဇွန်း ဆား - လက်ဖက်စားဇွန်း ၁ ဇွန်းခွဲ သကြား - လက်ဖက်စားဇွန်း ၁ ဇွန်း ကြက်သားမှုန့် - လက်ဖက်စားဇွန်း ၁ ဇွန်း အချိုမှုန့် - လက်ဖက်စားဇွန်းဝက် ငရုတ်ကောင်း - လက်ဖက်စားဇွန်း ၁ ဇွန်း #ဝက်သားတုတ်ထိုး #myanmartiktok
Ketchup with Emily - အမ်မလီ
Region: GB
Monday 20 July 2026 12:46:11 GMT
Music
Download
Comments
Dar Dr♊ :
သေသပ်ပြီး တော်လိုက်တာမမရယ် ဝက်သားမစားတဲ့ကိုယ်တောင် အစအဆုံးစိတ်ရှည်ရှည် လိုက်ကြည့်မိတယ်
2026-07-24 01:09:25
18
a :
ဝက်သားကလီစာလေးတွေဘယ်ကဝယ်လဲအမ
2026-08-25 21:52:34
1
sck :
အမ ချက်ပြတဲ့နည်းက စနစ်အကျဆုံးနဲ့လက်အဝင်ဆုံးပဲ
2026-07-21 16:05:37
9
Mya :
ကျေးဇူးတင်ပါတယ်နော်။အိမ်မှာချက်စားလို့ရပြီ
2026-08-26 08:00:07
1
မယ် ချို :
Mရေ အသံလေးမကြားရတာကြာပြီ
ကျေးဇူးပါနော်🥰🥰🥰🥰🥰
2026-08-25 10:09:27
1
Chu Chu'sMomy :
ချက်တဲ့လူကစိတ်ရှည်တော့ ကြည့်တဲ့လူလဲစိတ်ရှည်ရှည်နဲ့ အဆုံးထိ ကြည့်ခဲ့တယ်
2026-07-24 10:30:45
6
A :
ဝက်သားတုတ်ထိုးလုပ်စားတဲ့vlog တေထဲမာစနစ်ကျဆုံးနဲ့သန့်ပြန့်နေတာပဲအမရယ်
2026-07-24 07:12:27
1
Linn Khet Paing :
စိတ်လည်းတကယ်ရှည်တဲ့ အမ်လေး တော်နေရောပဲ
2026-07-22 14:28:06
1
Dada's Tasty Bites💜 :
အရမ်းကြိုက် 😋😋😋😋😋
2026-07-21 09:53:51
1
APhyu... :
အမရယ် သဘောကျလိုက်တာ လုပ်ပြတာရော ပြောပြနေတာရော စေတနာပါပြီးသေသပ်လိုက်တာ 😍
2026-07-30 15:03:29
1
🍏ဖြူလုံးလေး🍏(fan girl) :
မမလုပ်တာကြည့်ပြီချက်စားချင်လိုက်တာ💗နောက်နေ့ရကြရင် လုပ်စားကြည်မယ်💗
2026-07-25 13:33:29
1
Hlaing Zar Win :
ချစ်လိုက်တာ အမရယ်
2026-07-23 06:24:24
1
Swe Swe Myint :
ကြိုက်ကြိုက်
2026-07-20 16:30:00
1
ナウウィンシンザーモエ🦄 :
နာနတ်ပွင့်မရှိရင်ရော ရလား မမ
2026-07-22 07:56:10
1
war war :
ရှယ်ပဲ😋😋😋
2026-07-20 13:30:15
2
🖤Jack🖤 :
ကျေးဇူးပါ
2026-07-20 13:32:28
1
Nan Yu :
စေတနာပါပါလေးရှင်းပြပြောပြပေးလို့ကျေးဇူးပါရှင်😘
2026-07-21 06:26:11
1
Lay Phyu :
🥰🥰🥰🥰 ကြိုက်လိုက်တာ
2026-07-20 15:46:17
1
Shwe Chueချူပ်ထည်ပင်ရင်း :
အရမ်းစိတ်ရှည်တာပဲ
2026-07-20 13:00:59
1
Kii Gala :
တော်ရုံcooking vlogတွေကို
အစဆုံးကြည့်လေ့လဲမရှိသလို cmမန့်လေ့လဲမရှိတဲ့ကိုယ်တောင် အစဆုံးကြည့်မိတယ်အစ်မချက်ပြတာအရမ်းသဘောကျတာပဲ စနစ်လဲကျတယ် အရမ်းလဲစိတ်ရှည်သောပဲ တော်လိုက်တာ🥰
2026-07-24 10:58:52
3
yati :
🥰🥰🥰🥰🥰
2026-07-20 13:03:09
1
အိတ်ပုတ်လေး :
Em လေးမတော်တာ ဘာရှိသေးလဲ ပြောပါဦး အရမ်းတော်သောလေး 🧡🧡🧡🥰🥰🥰
2026-07-21 12:08:14
1
🌹𝓢𝓲𝓪 𝓢𝓮𝓻𝓪𝓹𝓱𝓲𝓷𝓪🌹 :
ဒီအမ ချက်ပြတာကြည့်ရတာစိတ်အချမ်းသာဆုံးဘဲ သန့်သန့်ရှင်းရှင်းသပ်သပ်ရပ်ရပ် စိတ်လည်းရှည် ကိုယ်ကလဲအဲ့လိုလေးမှသဘောကျတဲ့သူမို့🥰🥰
2026-07-21 17:37:37
1
🌷 ခင် 🌷 :
အကြိုက်ဆုံး၂မျိုးပဲ🤭
2026-07-20 13:01:01
2
lemon_tea🍋 :
သန့်ပြန့်နေတာပဲချက်တာ ကြည့်ရတာအရမ်းကြိုက်
2026-07-20 15:20:20
1
To see more videos from user @ketchupwithemily, please go to the Tikwm
homepage.