@sh.t.y8: လက်/ ခြေသည်းကြည့်ရုံနဲ့ သိနိုင်သောရောဂါများအကြောင်း 😱 လက်သည်းလေးတွေဟာ တကယ်တော့ ခန္ဓာကိုယ်အတွင်းပိုင်းက ရောဂါဝေဒနာတွေကို ကြိုတင်သတိပေးနေတတ်တယ်ဆိုတာ သင်သိပါသလား❓ လက်/ ခြေသည်းမှာ အောက်ပါအပြောင်းအလဲတစ်ခုခု ဖြစ်လာရင် သတိထားပါ❗️ 1️⃣ အရောင်ဖြူဖျော့နေခြင်း (Pale Nails) 👉 လက်သည်းခွံတွေက ပုံမှန်ပန်းရောင်နုနုမရှိဘဲ ဖြူဖျော့နေတယ်ဆိုရင်တော့ သွေးအားနည်းရောဂါ (Anemia) ရဲ့ လက္ခဏာ ဖြစ်နိုင်ပါတယ်။ ဒါ့အပြင် အသည်းရောဂါနဲ့ အာဟာရချို့တဲ့ခြင်းတွေကြောင့်လည်း ဖြစ်တတ်ပါတယ်။ 2️⃣ ထူပြီး အဝါရောင် ပြောင်းနေခြင်း (Yellow Thickened Nails) 👉 လက်သည်းတွေက ထူပြီး အဝါရောင် ဖြစ်နေတယ်ဆိုရင် မှိုစွဲခြင်း (Fungal infection) ကြောင့် အများဆုံး ဖြစ်တတ်ပါတယ်။ တစ်ခါတရံမှာတော့ အဆုတ်ရောဂါ (သို့မဟုတ်) ဆီးချိုရောဂါရဲ့ လက္ခဏာတစ်ခုအနေနဲ့လည်း တွေ့ရတတ်ပါတယ်။ 3️⃣ ဇွန်းပုံစံလိုမျိုး ခွက်ဝင်နေခြင်း (Curved or Spoon Shaped Nails) 👉 လက်သည်းတွေက ဖြူဖျော့ပြီး ဇွန်းပုံစံလိုမျိုး ခွက်ဝင်နေမယ်ဆိုရင် ဒါဟာ သံဓာတ်ချို့တဲ့ခြင်း (Iron Deficiency) ကြောင့် ဖြစ်တတ်တဲ့ လက္ခဏာတစ်ခုပါ။ 4️⃣ ဒေါင်လိုက် အစင်းကြောင်းတွေ ပေါ်နေခြင်း (Vertical Ridges) 👉 လက်သည်းပေါ်မှာ ဒေါင်လိုက် အစင်းကြောင်းတွေ ထင်နေတာဟာ ပုံမှန်အားဖြင့် သက်ကြီးရွယ်အိုအများစုမှာ တွေ့ရပေမယ့် စိတ်ဖိစီးမှုများတာ၊ အာဟာရဓာတ် မညီမျှတာ ဒါမှမဟုတ် ဗီတာမင်ဓာတ် ချို့တဲ့တာတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။ 5️⃣ အမည်းရောင် အစင်းကြောင်းပေါ်နေခြင်း (Single Dark Striped Nails) 👉 ဒါကတော့ အထူးသတိထားရမယ့် အချက်ပါ။ လက်သည်းအောက်မှာ အမည်းရောင် (သို့မဟုတ်) အညိုရောင် အစင်းကြောင်း ပေါ်လာပြီး အဲဒီအစင်းကြောင်းက ပိုပိုကြီးလာတယ်၊ အရောင်ပိုရင့်လာတယ်ဆိုရင် Melanoma လိုမျိုး အရေပြားကင်ဆာရဲ့ အစပိုင်းလက္ခဏာကို အချက်ပြတာ ဖြစ်နိုင်တာမို့ ချက်ချင်းပဲ ဆရာဝန်နဲ့ ပြသသင့်ပါတယ်။ 6️⃣ အစက်အပြောက်အချိုင့်လေးတွေ ပေါ်လာခြင်း (Pitted Nails) 👉 လက်သည်းမှာ အစက်အပြောက်လေးတွေ (Pitting) ဖြစ်တာ၊ လက်သည်းအရောင် ပြောင်းတာ ဒါမှမဟုတ် လက်သည်းခွံနဲ့ အရေပြားကြားမှာ ကွာဟမှုဖြစ်လာတာတွေဟာ Psoriasis ရောဂါကြောင့် ဖြစ်တတ်တဲ့ လက်သည်းပြောင်းလဲမှုတွေပါ။ 7️⃣ အလျားလိုက် အဖြူရောင်အစင်းကြောင်းများ ပေါ်လာခြင်း (Horizontal White Lines - Beau's lines) 👉 လက်သည်းပေါ်မှာ အလျားလိုက် အစင်းကြောင်းတွေ ဖြစ်နေတာဟာ ပြင်းထန်တဲ့ ဖျားနာမှုတစ်ခုခု (ဥပမာ - ဝက်သက်၊ အဆုတ်ရောင်ရောဂါ) ကြောင့် လက်သည်းကြီးထွားမှု ယာယီရပ်တန့်သွားတာကို ပြတာဖြစ်ပါတယ်။ ဒါ့အပြင် ဇင့် (Zinc) ဓာတ်ချို့တဲ့ခြင်း (သို့မဟုတ်) ဆီးချိုရောဂါမထိန်းနိုင်ခြင်းကြောင့်လည်း ဖြစ်တတ်ပါတယ်။ 8️⃣ လက်ထိပ်ပိုင်းနှင့် လက်သည်းများ တင်းပုတ်ပုံစံ ဖြစ်လာခြင်း (Clubbing) 👉 လက်ထိပ်ပိုင်းတွေက ဖောင်းကားပြီး လက်သည်းခွံက အောက်ကို စိုက်ကျနေသလို ဖြစ်နေတာကို Clubbing လို့ခေါ်ပါတယ်။ ဒါဟာ အဆုတ်ရောဂါ (အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ) သို့မဟုတ် နှလုံးရောဂါတွေရဲ့ လက္ခဏာ ဖြစ်နိုင်တာမို့ အလွန်သတိထားသင့်ပါတယ်။ 9️⃣ တစ်ဝက်ဖြူ တစ်ဝက်ညို လက်သည်းများ (Half and Half Nails) 👉 လက်သည်းရဲ့ အောက်ခြေတစ်ဝက်က ဖြူပြီး အပေါ်တစ်ဝက်က အညိုရောင် (သို့မဟုတ်) ပန်းရောင်ရင့်ရင့် ဖြစ်နေတဲ့ အခြေအနေမျိုးပါ။ ဒါဟာ ကျောက်ကပ်ဆိုင်ရာရောဂါ (Chronic Kidney Disease) နဲ့ ဆက်စပ်နေတတ်ပါတယ်။ 🔟 လက်သည်းတွေ အလွယ်တကူ ကျိုးပဲ့ခြင်း (Brittle Nails) 👉 လက်သည်းတွေက ပါးလွှာပြီး အလွယ်တကူ ကျိုးပဲ့တတ်ရင်တော့ သိုင်းရွိုက် (Thyroid) ဟော်မုန်း အလုပ်မလုပ်တာ (သို့မဟုတ်) ခန္ဓာကိုယ်မှာ ရေဓာတ်နဲ့ အာဟာရဓာတ် နည်းပါးနေတာကို ပြနေတာ ဖြစ်နိုင်ပါတယ်။ 1️⃣1️⃣ လက်သည်းပတ်လည် ရောင်ရမ်းခြင်း (Red & Swollen Skin) 👉 လက်သည်းပတ်လည်က အရေပြားတွေ နီရဲလာပြီး ရောင်ရမ်းနာကျင်တာ၊ ပြည်တည်တာတွေ ဖြစ်လာရင်တော့ Paronychia လို့ခေါ်တဲ့ လက်သည်းပိုးဝင်ခြင်းကြောင့် ဖြစ်ပါတယ်။ ဒါဟာ လက်သည်းကို အမြဲစိုစွတ်အောင်ထားမိတာ (သို့မဟုတ်) လက်သည်းကိုက်တတ်တဲ့ အကျင့်တွေကြောင့် အဖြစ်များပါတယ်။ 💡 အထက်ပါ လက်/ ခြေသည်း ပြောင်းလဲမှုဖြစ်တိုင်း ရောဂါသေချာပေါက်ဖြစ်မယ်လို့ မဆိုလိုပါဘူး။ ဒါပေမဲ့ အဲဒီလို ပြောင်းလဲမှုတွေက အချိန်ကြာမြင့်စွာ ဖြစ်ပေါ်နေမယ်ဆိုရင်တော့ နီးစပ်ရာ ဆရာဝန်နဲ့ ပြသပြီး စောစီးစွာ ကျန်းမာရေး စစ်ဆေးမှု ခံယူဖို့ အကြံပြုချင်ပါတယ်။ ✍️ by Dr. Khine_ကျန်းမာပျော်ရွှင်သောဘဝ #ကျန်းမာရေးဗဟုသုတ #လက်သည်းကျန်းမာရေး #HealthTips #HealthAwareness #MedicalAdvice
𝒮𝓮𝓷𝓰 𝓗𝓪𝓻𝓷
Region: MM
Monday 20 July 2026 14:50:16 GMT
Music
Download
Comments
Big Dipper :
no 5 က မွေးကတည်းက ပါလာတာပါ။
အဲ့ဒါကို အရေပြားကင်ဆာ ဆိုတာတော့ ဘာကမှားနေတာလဲ???
2026-07-22 01:06:10
61
Thidar maw :
😢
2026-07-21 07:01:49
21
Khant :
ဘလိုလုပ်ရမလဲ
2026-07-23 01:01:15
3
Lawrence :
အမည်းရောင် အကြောင်းလေးရှိတာ 2019 လောက်က သနိထားမိတာ အခု မရှိတော့ဘူး ပျောက်တာ မကြာသေးဘူး ကင်ဆာ မဟုတ်ပါဘူး
2026-07-22 03:29:29
6
楤·Y ℠ :
အဲတာကကော
2026-07-24 14:21:11
0
Saung Wutt Yee🤍 :
အဖြစ်တူတဲ့လူရှိလား
2026-07-22 09:40:28
0
❡௹฿—ရွှေကရင်—❡௹฿ :
အာဟာရချို့တဲ့တယ်ထင်
ဘယ်လိုလုပ်ရမလဲ
2026-07-21 13:25:25
2
SawYarGyi :
လက်ညိုးမှာ အဲ့လိုဖြစ်နေတာကြာပြီ အရေပြားကင်ဆာလား
2026-07-23 03:13:11
0
Mhwe🌺 :
ပိုထင်ရှားလာတယ်လို့ခံစားရတယ် ဆရာမ အာ့ဘယ်လိုလုပ်ရ
2026-07-22 05:26:58
8
칫 떼 마웅 :
လုပ်စား ကိုင်စားနေရတဲ့ ကျွန်တော်တို့ဘဝမှာ ကိုလက်သည်းတောင် ဘာရောင်ပေါက်ပီးဘာဖြစ်နေမှန်းတောင် မသိပါဘူးဗျာ
2026-07-23 14:38:49
1
TouKo♓ :
သွေးအားနည်းတာလာ ငယ်ငယ်ကတယ်ကအဲ့လိုဘဲ
2026-07-22 07:31:48
1
🥥💰💎ဘောစိ💎💰🛺 :
ငယ်ငယ် ကသိတာ ဆန်းပွင့်တာပေါ့😁
2026-07-23 11:26:27
7
What do you want to call me? :
လက်ချောင်းတေအကုန်အလိုဖြစ်တာတစ် ချောင်းတစ်မျိုး😁
2026-07-22 15:22:07
0
Sai NyiNyi :
ဒီလိုဖြစ်နေရင်ကောဘာဖြစ်တာလဲဗျ
2026-07-24 07:25:06
0
Ko Ko Naing :
ဒါကရောဘာဖြစ်တာလဲ
2026-07-24 08:12:17
2
Myint 🌻💛 :
အမြဲသွေးအားနည်း
2026-07-23 13:57:11
1
@Phyuwin🍀 :
အဲ့လိုဆိုရင်ရောဘာဖြစ်တာလဲ🥹
2026-07-24 05:06:39
1
🍁Teerak🍁 :
ပေါင်200 အသက်25နဲ့ အာဟာရချို့တဲ့နေသောကျမ😁
2026-07-22 14:36:53
1
𝐍𝐄𝐒𝐒🔹 :
ကောင်းတာလဲတစ်ခုမှမပါ ပါလားဟ😐
2026-07-22 05:48:47
9
Pyi Chit Thar :
10 နှစ်လောက်ရှိပါပီ ကုသချင်လို့ပါ ပြောပြပေးပါအုံး
2026-07-21 19:05:02
0
Thin Thin 🫶 :
နံပါတ် ၁ထဲပါတယ်နဂိုသွေးအားမကောင်းတဲ့သူပါ
2026-07-21 13:54:38
1
E🫀 :
အ့တာဘာဖစ်တာလဲမသိဘူး
2026-07-22 08:24:34
2
🌳𝑷𝑯𝒀𝑼 𝑷𝑯𝒀𝑼🌳🎓 :
no 4 လေးကိုမြင်တော့
အဖေ့ကိုသတိရတယ် အဖေ့လက်သည်းလေးက အသက်ကြီးတော့ အဲလိုလေး လွမ်းလိုက်တာအဖေရယ် တိုက်ဆိုင်မူရှိတိုင်းသတိရတယ်😰
2026-07-22 11:42:41
3
🥰ko.kyaw🥰 :
ဘယ်လို့လုပ်ရင်ပျောက်နိုင်လဲ🥺🥺🥺
2026-07-22 08:09:56
0
Sai David & Nature :
အကုန်ကောင်းတယ် တစ်ခုမှ မရှိဘူး😁😁
2026-07-22 03:55:19
0
To see more videos from user @sh.t.y8, please go to the Tikwm
homepage.