@satpaing236: "လူတော်တော်များများက ဇက်နာတာ၊ ခါးနာတာပဲ ဖြစ်မယ်လို့ ထင်ကြပါတယ်။ ဒါပေမယ့် တကယ်တမ်းမှာ အာရုံကြောဖိမိနေရင် လက်၊ ခြေ ထုံကျဉ်ပြီး ကြွက်သားအားပါ နည်းလာနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့... ကျောရိုးတစ်လျှောက်မှာ ဦးနှောက်ကပို့တဲ့ အမိန့်တွေကို လက်၊ ခြေဆီ သယ်ပို့ပေးတဲ့ အာရုံကြောတွေ ရှိပါတယ်။ ဇက်ကျီးပေါင်းဖြစ်လို့ အရိုးအဆစ်ပြောင်းလဲတာ၊ ဒါမှမဟုတ် ခါးဒစ်ပြားကျွံပြီး အာရုံကြောကို ဖိမိတဲ့အခါ အဲဒီအာရုံကြောက အလုပ်မလုပ်နိုင်တော့ဘဲ အချက်ပြတွေ ကောင်းကောင်းမပို့နိုင်တော့ပါဘူး။ အဲ့ဒီအတွက်... လက်၊ ခြေ ထုံကျဉ်လာနိုင်တယ်။ အပ်နဲ့ထိုးသလို စူးစူးရှရှ ခံစားရနိုင်တယ်။ နာကျင်မှုက ပခုံးကနေ လက်ချောင်းတွေအထိ၊ ဒါမှမဟုတ် ခါးကနေ တင်ပါး၊ ပေါင်၊ ခြေဖဝါးအထိ ဆင်းနာနိုင်တယ်။ ကြာလာရင် ကြွက်သားတွေ အားနည်းလာပြီး ပစ္စည်းကိုင်မမြဲတာ၊ လှေကားတက်ရခက်တာ၊ လမ်းလျှောက်ရင် ခြေမသန်သလို ဖြစ်လာနိုင်ပါတယ်။ ဒါပေမယ့် လက်ခြေထုံကျဉ်တိုင်း ဇက်ကျီးပေါင်း ဒါမှမဟုတ် ခါးဒစ်ပြားကျွံတာလို့ မဆိုလိုပါဘူး။ ဆီးချိုရောဂါ၊ Vitamin B12 ချို့တဲ့ခြင်းနဲ့ တခြားအာရုံကြောရောဂါတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။ အကယ်၍ လက်၊ ခြေထုံကျဉ်တာက အချိန်ကြာလာတာနဲ့အမျှ ပိုဆိုးလာတာ၊ ကြွက်သားအား သိသိသာသာ ကျလာတာ၊ ဒါမှမဟုတ် ဆီး၊ ဝမ်း မထိန်းနိုင်တဲ့ လက္ခဏာတွေပါ တွေ့ရရင်တော့ အမြန်ဆုံး ဆေးရုံ၊ ဆေးခန်းမှာ စစ်ဆေးကုသမှုခံယူသင့်ပါတယ်။ စောစောသိပြီး စောစောကုသနိုင်ရင် အာရုံကြောထိခိုက်မှုကို လျှော့ချနိုင်တဲ့ အခွင့်အရေး ပိုများပါတယ်။#creatorsearchinsights #healthcaretiktok #ဇာနည်ဟိန်းတိုင်းရင်းဆေးခန်း #nervepain #fypシ
ဇာနည်ဟိန်း တိုင်းရင်းဆေးကုခန်း
Region: MM
Tuesday 21 July 2026 14:14:22 GMT
Music
Download
Comments
Nyo Nyo :
ကုချင်ပါတယ်ဆေးခန်းကဘယ်မှာဖွင့်လဲ
2026-08-01 16:57:54
1
To see more videos from user @satpaing236, please go to the Tikwm
homepage.