@wyne11117: ⚠️ ကြောက်တတ်သူများ သတိပြုပါ။ “ဒီလို Night Duty ကျရဲလား? 😶” ဒါမှမဟုတ် “တကယ်သာ သင်ဆိုရင် အဲ့အခန်းကို သွားရဲမလား? 👀”#ကြောက်တတ်သူများမကြည့်ရ👀 #ဒီအချိန်တင်တော့viewကောတက်ပါ့မလား😞😟 #fypシ #for #fyp

𝐖𝐲𝐧𝐞 𝐖𝐲𝐧𝐞 𝐋𝐚𝐥
𝐖𝐲𝐧𝐞 𝐖𝐲𝐧𝐞 𝐋𝐚𝐥
Open In TikTok:
Region: MM
Tuesday 21 July 2026 17:00:56 GMT
1292276
71501
1071
18402

Music

Download

Comments

koko65781
Thank tant (Official 5M) : :
ကိုတွေNight dutyကျတော့ကwheelchairကြီးက သူ့လိုလိုသွားနေတာ အဲ့ဒါစိတ်ညစ်နေတဲ့ချိန်နဲ့လာတိုးတော့ စိတ်မရှည်တာနဲ့ တက်ထိုင်နေလိုက်တယ် အဲ့ကြမှပဲသွားနေတာရပ်တော့တယ်
2026-07-23 01:11:18
4421
wolflion5
🌎🌄 Echo Of Nature 🌎🌄 :
စစ်ကိုင်းတိုင်း အထက်ပိုင်းက မြို့ တစ်မြို့မှာ ကျောင်းသားဘဝက သူငယ်ချင်းတစ်ယောက် ဆိုင်ကယ်မှောက်လို့ ဆေးရုံတက်ရတာ ဆေးရုံက တစ်မြို့လုံးမှာ တစ်ခုထဲရှိတာ ခရိုင် ဆေးရုံ ဆေးရုံကလဲ English ခေတ်တုန်းက ဆေးရုံကြီး အာ့တာ သူငယ်ချင်းတွေနဲ့ အတူတူ လူနာသွားစောင့်ကြတာ ညတိုင်းပေါ့ တစ်ရက် နှစ်ရက်လောက်ထိ သူငယ်ချင်းက အခြေနေကောင်းတယ် ညတိုင်း မင်းတို့ ပင်ပန်းတယ် အိပ်ကြအုံး လျှော သွားကြအုံးမယ်လို့တောင်စသေးတယ် ကိုယ်တွေလဲ လူနာစောင့်ရတာ ပိုလွတ်လပ်တယ်လေ အိမ်ကလဲ လွတ်တော့ ပျော်နေကြတာပေါ့ သူံးရက်မြောက်နေ့ကျတော့ လူနာလဲ သက်သာစပြုနေပြီ အေးဆေးပေါ့ မကြာခင်ဆေးရုံကတောင်ဆင်းတော့မှာလို့ကြားတော့ အဲညက ဆေးရုံကြီးနားက ပိတောက်ပင် အောက်မှာ ဝိုင်းဖွဲ့ပြီး အရက်ခိုးသောက်ကြတာ လူနာက သက်သာနေပြီဆိုတော့ အေးဆေး ဆိုပြီး ထိုင်သောက်ကြတာ သောက်ရင်းနဲ့ ဆယ့်နှစ် ကျော်လောက်ရှိမယ်ထင်တယ် မြို့ကလဲ မြို့ငယ်လေးဆိုတော့ ဆယ်နာရီလောက်ဆိုရင် တိတ်ဆိတ် စပြုနေတဲ့ မြို့ အဲမှာ သောက်ရင်းနဲ့ သူငယ်ချင်းတွေလဲ နည်းနည်း မူးစ ပြုလာပြီလေ အဲ အချိန် ခေါင်းက ပတ်တီး နဲ့ လူတစ်ယောက် ရောက်လာတယ် ကိုယ်တွေ ထိုင်တဲ့နေရာက နည်းနည်း အရိပ်ကျတော့ မသဲကွဲဘူး အကုန်မြင်တယ် ဘယ်သူလဲ ပေါ့ အနားရောက်မှ လူနာ သူငယ်ချင်းဖြစ်နေတယ် စကားမပြောဘူး ကျွန်တော်တို့ဝိုင်းနားရောက်မှ မတ်တပ်ကြီးရပ်ပြီး စိုက်ကြည့်နေတာ ကျွန်တော်တို့ အကုန်မြင်တယ် ကျွန်တော်တို့လဲ သူငယ်ချင်းလူနာဆိုတော့ မင်းချအုံးမလား စနောက်ကြတာပေါ့ တစ်ချို့က အနာကျက်အောင် ချမလား ဘာညာ စကြတာ အဲအချိန်မှာ လူနာ သူငယ်ချင်းအခန်းရှိတဲ့ ဘက်က ငိုသံတွေ ထွက်လာတယ် အခန်းက သိပ်မဝေးတော့ ဘာလဲ ပေါ့ အားလုံး ထထွက်လာကြတာ အဲမှာ လူနာသူငယ်ချင်းရဲ့ အစ်မရော အမေရော ငိုနေကြတာ ဆရာမတွေရောပြာယာခတ်နေလို့စိတ်ပူလို့ အနားကို အားလုံးရောက်သွားမှသေချာကြည့်မိတာ သူငယ်ချင်းကအသက် ငင်နေပြီ အဲညမှာဘဲ ဒီကောင်ဆုံးသွားရှာတယ် ဦးနှောက် သွေးယိုတယ်ဆိုလား ပြောတယ် သွေး ဆူနေတုန်းက ဘယ်သူမှ သတိမထား မိကြဘူး နောက်မှ ငါတို့ ဝိုင်းနား ဒီကောင်ရောက်လာသေးတာ ငါတို့ အကုန် မြင်ယုံမကဘူး စတောင်စနေကြသေးတာဘဲ လို့ ပြောရင်းနဲ့မှ အကုန်လန့်လာကြတာ တကယ့် အဖြစ်ပျက်လေးပါ မြို့ငယ်လေးမို့ ဆေးဝါး မဆုံလို့လား သေဖို့ ကံပါလာလို့လား သုံးရက်လောက် လူကောင်းတစ်ယောက်လို နလန်ထူလာတဲ့ သူငယ်ချင်း နောက်ဆုံး အသက်မထွက်ခင်ထိ အရက်ဝိုင်းထဲလာပြီး ငါတို့ကို ပြုံးပြ နှုတ်ဆက်သွားတာလား လို့ ခုအသက်ရွယ်ထိ သတိရနေဆဲပါ တစ်ခါတလေ သူငယ်ချင်းတွေ ဆုံရင်လဲ သူ့အကြောင်းက မပါမဖြစ်ပေါ့ ခုထိပါပဲ
2026-07-22 17:45:33
1105
litt_bith
Carig :
ကျွန်တော်လည်းကြုံတုန်းလေးပြောပြမယ် ကျွန်တော်နဲ့အဖေက မင်္ဂလာဆောင်တစ်ခုကနေပြန်လာတာ ည 7:30လောက် အဖေကရှေ့ကမောင်းတယ် ကျွန်တော်ကနောက်က ဒီလိုနဲ့မောင်းလာရင်း ည8:30လောက်ဖြစ်နေပြီ အဖေက ပုံမှန်လမ်းအတိုင်းဆို အရမ်းကြာမှာဆိုးတာနဲ့ ရွာတွေကိုဖြတ်ပြီးသွားတယ်ပေါ့ဗျာ တစ်လမ်းလုံး မီးမရှိ လူသွားလူလာမရှိ မှောင်မည်းနေပြီး ကျွန်တော်တို့ဆိုင်ကယ်တစ်စီးပဲရှိတယ် လမ်းရဲ့ ဘယ်ဖက်မှာချောင်းရှိပြီ ညာဖက်မှာ ညောင်ပင် အပုလေးတွေရှိတယ်ဗျ ဒီလိုနဲ့တစ်နေရာရောက်တော့ ဆိုင်ကယ်အပေါ်မီးထိုးထားတော့ ချောင်းနဲ့ကမ်းနားလေးမှာ လူတစ်ယောက်ချောင်းဖက်မျက်နှာမူပြီးထိုင်နေတာ မီးလည်းမပါဘူး ဆိုတော့ ကျွန်တော်စဉ်းစားနေတာ ဒီလူ ငါးများဖမ်းနေသလားပေါ့ တောက်လျှောက်ကြည့်လာရင်းက အဖေ့ကိုလှမ်းပြောတာ အဖေအဲ့လူဘာလုပ်နေတာလဲပေါ့ ပြောပြီးပြန်ကြည့်တော့မရှိတော့ဘူး ကျွန်တော်တို့ဆိုင်ကယ်လည်းအဲ့နားကိုရောက်လာနေပြီ မရှိတော့ဘာလဲပေါ့ဆိုပြီး ရှေ့ကိုပြန်အလှည့်မှာ ညာဖက်ညောင်ပင်အောက်ကနေပြေးလာပြီးဆိုင်ကယ်ရှေ့ခုန်ဝင်တော့တာ အဖေက ခြေထောက်နဲ့လှမ်းကန်တေ့ထိလည်းမထိ ပျောက်သွားလေရဲ့ သူဝင်လာတဲ့ဖက်ဟိုကြည့်ဒီကြည့်လုပ်တော့ အဲ့ညောင်ပင်လေးရဲ့အနောက်မှာ သင်္ချိုင်းအဟောင်းထင်ပါရဲ့ ဂူလေးအနည်းငယ် ချုံတွေကြားထဲတွေ့ခဲ့ရတယ် တော်တော်ဆိုးဆိုးအတွေ့ကြုံပေါ့လေ အဖေသတိရှိလို့သာ ဆိုင်ကယ်မမှောက်တာ ကျွန်တော်တစ်ယောက်တည်းသာဆို မှောက်ပြီးတူတူထိုင်နေရလောက်ပြီ
2026-07-22 16:55:07
310
user630937182
Nick :
Comment တွေက ဝတ္ထုဖြစ်နေပီ နောက်နေ့မှ ဆက်ဖတ်မှ ရမယ် အခုဖတ်မယ်ဆို မိုးလင်းသွားမယ်ထင်တယ်🤣
2026-07-23 15:26:35
829
chanmyae.aung197
ChanMyae Aung :
https://vm.tiktok.com/ZSXWfo1fx/
2026-07-24 07:02:13
0
usernamenotfound99001
Setting :
ခုဆေးရုံစောင့်နေတာ🫥
2026-07-24 11:07:29
36
kyaw825258
Tin Ma Ma Kyaw :
ကြောက်တတ်ပေမဲ့စိတ်၀င်စားလို့ cmကအစအကုန်ဖတ်လိုက်တယ်🥶
2026-07-22 13:07:18
71
komaunglay3
ကိုမောင်လေး - KoMaungLay :
comment ဝင်ဖတ်တာ စာကြည့်တိုက်ထည်းက ဖြစ်ရပ်မှန် ဝတ္ထုအတန်းရောက်သွားသလိုပဲ ရေးပေးတဲ့သူတွေအကုန်ကျေးဇူးပါဗျို့ နောက်ရက်မှဖတ်ဖို့ save ထားအုံးမယ်
2026-07-23 18:07:04
438
devvlin3
Lost in your mind :
ညဘက်ဆိုတက်ပြီ ငါစိတ်ညစ် လက်ကလည်းမကျော်နိုင်ဘူး
2026-07-22 14:12:13
450
seagull2432
Seagull :
ခြောက်တာမဟုတ်ပါဘူးသူတို့ဘဝကိုသူတို့သဘောမပေါက်သေးတာပါ ပြောရရင် သွားရမဲ့ဘုံကိုချက်ချင်းမရောက်သေးကျတဲ့ဝိညဉ်တွေပါ ကြောက်စရာမဟုတ်ပါဘူးကြာရင်ရိုးသွားမှာပါ
2026-07-22 05:30:10
381
suchit723
Wutt yi 🦋 :
မဖတ်ရဲတော့ဘူး.သရဲအိမ်မက်မက်တော့မှာသေချာတယ်..ခုတောင်.မျက်လုံးထဲ.ဟိုဟာမြင်သလိုလိုဒီဟာမြင်သလိုလို.စိတ်ကခြောက်နေပီ😖
2026-07-24 15:03:47
16
bxone057
Bhone :
ကျွန်နော်ဆို အပြင်မှာငါးကင်လို့ပြီးလို့ လာစားကြဆိုပြီးနာမည်မတပ်ပဲခေါ်လိုက်မိတာ မကြာပါဘူး ငတ်ကြီးကြနေကြသူငယ်ချင်းနှစ်ကောင်ရောက်လာတယ် ဘီယာဘူးလေးတွေတောင်ပါလာသေး😞
2026-07-22 14:21:50
150
kozawmyo027
Z M aung :
ရွာထိပ်က တမာပင်ကြီးလည်း တအား ခြောက်တာ ခုဆို အရွက်တေတောင် မရှိတော့ ဘူး ကြွေလွန်းလို့
2026-07-23 17:11:23
43
chawsuhlaing283
chawsuhlaing283 :
Cmဖတ်လိုက်တာ သရဲကားကြည့်လိုက်ရသလိုပဲ😊
2026-07-22 15:00:15
26
kmkl25656
Luci :
common တွေ အစဆုံးဖတါလိုက်တာ ၁၂ထိုးသွားတယ် ကျေးဇူး ဒီညအိပ်ပျော်တော့မယ်မထင်ဘူး🙂🥲
2026-07-22 17:31:16
50
aun37767
Aung :
ရန်ကုန်ဆေးရုံကြီးမှာအသိအဒေါ်တစ်ယောက်ဆေးရုံတက်လို့သွားစောင့်ပေးတာနေ့ခင်းပိုင်းနော်ရန်ကုန်ဆေးရုံဆိုတော့ပန်ကန်ဆေးတဲ့နေရာကအပြင်မှာရေချိုးခန်းနဲ့အိမ်သာကအထဲမှာပန်ကန်တွေသွားဆေးတိုင်းငိုတဲ့အသံကြားရတယ်ရှိုက်ငိုနေတဲ့ပုံစံဘဲကျယ်လဲကျယ်တယ်အဲ့တာလဲအမှု့မဲ့အမှက်မဲ့ဘဲအိမ်သာတောင်သွားတက်လိုက်သေးတယ်အိမ်သာကထွက်လာတော့အိမ်သာပြီးရင်ရေချိုးကန်ဘဲပြီးမှလက်ဆေးပန်ကန်ဆေးတဲ့နေရာအဲ့တာလဲမ တွေးမိဘူးနောက်တစ်ခေါက်ခွက်လာဆေးတော့ထပ်ပြီးငိုတဲ့အသံကြားရပြန်ရောမဟုတ်သေးဘူးဆိုတာအဲ့တော့မှတွေးမိတာရေချိုးခန်းမှာဘယ်သူမှအချိန်တိုင်းငိုနေမှာမဟုတ်ဘူးလေနားထောင်ရင်းနဲ့အသံကပိုကျယ်လာရောနေ့ခင်းဘက်ဆိုတော့ကိုယ်ကလဲမကြောက်ဘူးခွက်လာဆေးတဲ့လူနာစောင့်မိန်းမတစ်ယောက်လာတော့သူရောကြားလားမေးမယ်ပေါ့လုပ်နေတာသူလဲလာရောအသံကပျောက်သွားတာတိကနဲဘဲဘာမှကိုမကြားရတော့တာသေးတောင်ထက်သွားမပေါက်ဖြစ်တော့ဘူး
2026-07-24 14:23:20
8
khin.saw.htwe11
Khin Saw Htwe :
ရေးထားသမျှ comment အကုန်ဖတ်တာဆိုလို့ ဒီ post တစ်ခုပဲရှိတယ်😂
2026-07-22 15:27:28
34
khine.zin.aung63
Khine Zin Aung :
ကိုယ်တွေတုန်းကတော့ OTခန်းမှာ stockကောက်တုန်း ငိုသံတွေကြားရတာ ပထမကတော့ ဒီတိုင်းဆက်နေသေးတယ် နောက်ကျ ကြောက်တာနဲ့ OT walker ကိုလှမ်းခေါ်ပြီ အနားထိုင်ခိုင်ရတယ် နောက်ရက်ကကျ ဦးလေးဆေးရုံတက်တာကိုစောင့်ပြီ မနက်အစော ကိုယ်အလုပ်ဆင်းရမဲ့ဆေးရုံကို တစ်ခါထဲတန်း၀င်တာ ရှစ်လွှာမှာရုံးခန်းဆိုတော့ ရှစ်လွှာရုံးခန်းကရေချိုးခန်းမှာ ရေချိုးနေတုန်း ရေချိုးခန်းရှေ့က ဖျက်လျှောက်တာကို အရိပ်လိုကြီးမြင်လိုက်ရတာ နှစ်ခါတောင် ကြောက်ကြောက်နဲ့ရေအမြန်ချိုးပြီ ဘုရားခန်းထဲမှာ စောင်ခေါင်းမြီခြုံပြီဘုရားစာတွေရွတ်နေရတယ် တခြားအမတွေရောက်လာမှ ထွက်ရဲတယ် ကြုံရတာတော့အစုံပဲ😁😁😁😁
2026-07-23 16:42:23
9
user466734899
ngu war❤️💚yizhanfan❤️💚 :
ကြောက်ပေမ ဲ့စိတ်ဝင်စားလို့နားထောင်နေတာမီးလဲပျက်နေတယ် ည 11:10မိနစ်ပါလို့🥺
2026-07-23 16:37:44
5
aloi.xet
ᴿᵉⁱⁿ :
ဆေးရုံတွေမှာ မဆင်းချင်တာ ဒါတွေကြောင့် ကံမကောင်းစွာနဲ့ပဲ ဆင်းရဦးမယ် သရဲတော့ မကြောက်တတ်ပါဘူး ဒါပေမဲ့ အလစ်တဲလေးတော့ လန့်မိမှာ သဘာဝပဲ 🥲🫠
2026-07-24 05:55:57
18
baby.boony8
Elysium :
ကျောင်းကသူငယ်ချင်းကအိမ်ငှားနောတာသူရဲခြောက်တယ်ဆိုတာမယုံလို့သူ့အိမ်သွားအိပ်တာသူကတော့ပြောပါတယ်ကုတင်မှာမအိပ်နဲ့တယ့်ဖင်ယားပီးသွားအိပ်တာအိပ်ပျော်သွားတော့လယ်ပင်းလာညှစ်တယ်ငါ့ကုတင်ကဆင်းတယ့်အ့တာနဲ့ဆင်းပီးဝရံနာသွားအိပ်တော့ရင်ဖက်ပေါတပ်ခွပီးသွားတယ့်ကုတင်ပေါပြန်စွားအိပ်တယ့်သူရဲအဖိုးကြီးကမိုးလင်းတော့သူ့ဓာတ်ပုံကိုလက်ညှိုးထိုးဆဲပြီးပြန်လာခဲ့လိုက်တယ်
2026-07-22 18:32:01
23
gum.rai728
🔴โออิชิ🔴BL/RLMyanmar Friend :
ကိုယ်တိုင်လဲ ကြုံဖူးတယ်..ထိုင်းက အလုပ့်ရုံတရုံမှာ ညဆိုင်းဆင်းရင်းနဲ့ ည၁၂ တိ့တိ့ ရုပ့်ရှင်တွေထဲကလို့ပဲ အူတာမှ အကျယ်ကြီးပဲ၂ခါတောင်မှ.ဖြင့်ချင်တော့ ကိုယ့်ကထမင်းစားနားချိန်..ထမင်းစားတဲ့ ရုံမှာလူကလေးယောက့်ထဲ..လေးယောက့်ကခုံတွေတစ်ယောက့်တစ်လုံးဆီတန်းစီပီးအိပ့်ကျတာ..ကိုယ်က၃ယောက့်မြှောက့်ကျတယ်အသံကျယ်ကြီး၂ခါအူတာကျ အကုန်လုံးကြားတယ်.ကြောက့်ကြောက့်နဲ့စောင်ကခြင်ကိုက့်လို့နေ့တိုင်းယူနေကျဆိုတော့ ကိုယ်ခေါင်းမှီးခြုံပီး.မှေးနေတာ.အိပ့်တော့မပျော်ဘူး..သူများတွေကအိပ့်ပျော်နေတာ..မျက့်နှာကြီးကိုလာစိုက့်ကြည့်တာဟေ့...၂ကောင်တောင်မှ တကောင်ကလူကြီး.နောက့်တကောင်က ခလေး..နား အနားကပ့်ပီး ဟီးဟီးဆိုပီး လာရီတာ..ရီတာတင်မကပ့်ဘူး.လက့်မောင်းနဲ့..ခြေဖျားကိုလက့်နဲ့လာဆွဲတာဟော့. အဲတာတင်အားမရဘူး.စောင်ကအပါးလေးအကုန်မြင်နေရတယ်.မျက့်နှာကို.အနီးကပ့်ကြီးစိုက့်ကြည့်တာပါဆို..မျက့်လုံးကြီးကပြူးပီး.အနာရွတ့်တွေနဲ့သွေးတွေလဲရဲနေတာပဲ..ဘုရားစာရွတ့်လေ ပိုနီးကပ့်လာလေပဲ လူက နှလုံးတွေခုန်. ကြ့်သီးတွေထပီး ဆံပင်တွေများ အချောင်းလိုက့်ကိုထောင်နေတာ စောင်ထဲကနေပီး.ဘုရားစာတွေအသေကိုရွတ့်တာ မကြည့်ရဲတော့လို့ မျက့်လုံးစုံမိတ့်ပီး လူကကြ့်သေ တောင်သေချင်နေပီ..သေးတောင်ထွက့်ကျမတတ့် တော်ရုံလူဆိုအဲနေရာမှာသေနေလောက့်ပီလိပ့်ပြာလွင့်ပီး..ဘုရားတလေ ပိုနီးကပ့်လာလေ နောက့်တော့ အမေ့ကိုတပီး.အမေရေ ကယ်ပါအုံးဆိုပီး ပါစပ့်ကအော်ထွက့်တာ ဖြင့်ချင်တော့ စားရေးမတယောက့်ကအိမ်သာထွက့်လာတာ အဲတာမှခြောက့်တာရပ့်သွားတယ်..လူက ကြောင်ပီးတော့ ဂရောင်ခြောက့်ခြားတွေတောင်ဖြင့်..အခြောက့်ခံရသမျှထဲ တော်တော်ကို ဆိုးဆိုးရွားရွား အခြောက့်ခံရတဲ့အမှတ့် တရပဲဟ.. ပြောချင်တာက မယုံမရှိနဲ့ လို့ဒါမျိုးတွေက တစ်ကယ်ရှိတယ် ကိုယ်လဲ လမ်းကြုံလို့ဝင်ပြောပြတာ ကြုံဖူးတာလေး😊
2026-07-22 15:23:24
209
superboi123
🫩 :
ခြောက်တာမဟုတ်ပါဘူးသူတို့ဘဝကိုသူတို့သဘောမပေါက်သေးတာပါ ပြောရရင် သွားရမဲ့ဘုံကိုချက်ချင်းမရောက်သေးကျတဲ့ဝိညဉ်တွေပါ ကြောက်စရာမဟုတ်ပါဘူးကြာရင်ရိုးသွားမှာပါ။ ကျနော့အမပြောတာ
2026-07-22 09:50:00
16
zinmin4803
Pouk Sa _ :
ဟိုတယ်မှာလုပ်ခဲ့တုန်းက သုံးထပ်ဆောင်တဆောင်လုံးမှာဘယ်သူမှမရှိပဲ ကိုယ်တယောက်ထဲ အခန်းထဲမှာအိပ်တုန်းကခြောက်တာမှ ရှယ်ပလန်နဲ့ခြောက်တာတောင်ပေါ်ဒေသလဲဖြစ်ဆောင်းတွင်းကြီးလဲဖြစ်တော့ ချမ်းကလဲချမ်းတော့ မသုံးတဲ့အခန်းပျက်ထဲမှာဝင်ခိုးအိပ်ခဲ့တာ အက်နေ့ကဖြစ်ချင်တော့ ဧည့်သည်မလာလို့ အဆောင်ကိုပိတ်ထားတာ ညရောက်တော့ အက်အဆောင်မှာပဲလိုင်းရတော့ အက်အဆောင်မှာကောင်မလေးနဲ့ Vc ပြောရင်းသွားအိပ်တာ သူနဲ့ ပြောပီးသွားတော့မှတ်မှတ်ရရ ည သန်းခေါင်ကျော်ချိန်မှာ စတော့တာပဲ အရင်ကြားတာက ရေပန်းဖွင့်တဲ့အသံတွေစကြားရတယ် ပီးတော့ အခန်းတံခါးဖွင့်တဲ့အသံထပ်ကြားရတယ် ဇာတ်ကားထဲကနဲ့တပုံစံထဲပဲ ကျွီ.......ဆိုတဲ့အသံက သရဲကားကြည့်နေရသလိုပဲ ပီးတော့ လျှောက်လမ်းမှာလမ်းတွေလျောက်နေတော့တာပဲ တိတ်ဆိတ်နေတော့ သေချာကိုကြားနေရတာ ပီးတော့ငါနေတဲ့အခန်းကိုပါရောက်လာပီးတံခါးလာခေါက်တယ် တခွန်းပဲပြန်ပြောလိုက်တယ် ကိုယ့်ဘာသာနေချင်ရင်အေးဆေးလွတ်လပ်နေ ငါ့ကိုအာရုံလာမစားနဲ့လို့ ငါလဲအေးဆေးနေချင်လို့တယောက်ထဲလာနေတာလို့လေသံမာမာနဲ့ပြောလိုက်တာ အက်ကစပီးနောက်ရက်တွေတော့ ငါ့ကိုလာမခြောက်ရဲတော့ဘူး ကိုယ်အခြောက်ခံရပီးနောက်ပိုင်းဧည့်သည်အခန်းတခန်းကတော့ လာပြောတယ် တညလုံးအခန်းတံခါးကိုလာခေါက်နေတယ်တဲ့ ပြတင်းပေါက်တွေကိုလဲလာခေါက်တယ်တဲ့ မနေရဲတော့တာနဲ့ မိသားစု 7ယောက်စုပီးရှေ့ခန်းမှာပေါင်းအိပ်လိုက်ရတယ်ဆိုပီး လာပြောတယ် မသိမသာစုံစမ်းကြည့်လိုက်တော့ အက်အဆောင်ရဲ့နောက်မှာချောက်ကြီးရှိတယ် ပြောရမယ်ဆိုတောင်အောက်ပေါ့ အမျိုးသမီးတယောက်ပြုတ်ကျပီးသေသွားတယ်လို့တော့ကြားမိတယ် အကောင်လိုက်မြင်ခဲ့ရတာကတော့ထပ်မပြောပြတော့ပါဘူး ကြောက်သွားမဆိုးလို့
2026-07-22 16:35:09
15
hnin.hnin0332
💗 hnin hnin 💗 :
child ခန်းမှာကြုံဖူးတယ် ...child ခန်းဆို သိပ်မဝင်ရဲကြဘူး ခြောက်ခြားစရာကြိး 😫 အဲ့ညက အိပ်နေရင်း တစ်ကိုယ်လုံးလှုပ်လို့မရတော့ဘဲ အပေါ်ကနေ တက်ဖိထားပီး နို့ကို လာဆွဲကြတာ ကလေးတွေအများကြီးဘဲ 😭 ကြောက်လိုက်တာအသေဘဲ လူကလှုပ်လို့မရနေဘူး အသိကတော့ရှိတယ် ဘုရားစာတွေ ရွတ်ရင်းနဲ့ လှုပ်လို့ရသွားတာ အဲ့နေ့ကစပီး child ခန်းဆိုမအိပ်ရဲတော့ဘူး😭
2026-07-22 08:21:52
905
To see more videos from user @wyne11117, please go to the Tikwm homepage.

Other Videos


About