@nandar1598: 🎓 ၂၀၂၆ ခုနှစ် G-12 အောင်မြင်သူများအတွက် တက္ကသိုလ်ဝင်ခွင့် လျှောက်ထားနည်း အဆင့်ဆင့်📨 ၂၀၂၆ ခုနှစ်တွင် Grade-12 စာမေးပွဲ အောင်မြင်ထားသူများ တက္ကသိုလ်ဝင်ခွင့် (မေဂျာ) လျှောက်ထားရာ၌ မဖြစ်မနေ သိရှိထားရမည့် အချက်များကို အောက်ပါအတိုင်း အဆင့်လိုက် စနစ်တကျ ပြန်လည်မျှဝေပေးလိုက်ပါသည်။ -လမ်းညွှန်စာအုပ် ထုတ်ယူခြင်း လာမည့် စက်တင်ဘာလ တွင် မိမိနှင့် သက်ဆိုင်သည့် နေရာများ၌ လမ်းညွှန်စာအုပ်များကို ကိုယ်တိုင် သွားရောက်ထုတ်ယူရမည် ဖြစ်သည်။ * ကျောင်းတွင်းအောင်မြင်သူများ: မိမိတက်ရောက်ခဲ့သော သက်ဆိုင်ရာ အထက်တန်းကျောင်းများ။ * ပြင်ပဖြေ အောင်မြင်သူများ: မိမိ သက်ဆိုင်ရာ မြို့နယ်ပညာရေးမှူးရုံး (တကအ)။ 📝 လျှောက်လွှာ စတင်ဖြည့်စွက်ခြင်းနှင့် ပို့ဆောင်ခြင်း ၁။ သေချာစွာ ဖတ်ရှုပါ: လမ်းညွှန်စာအုပ်ပါ စည်းကမ်းချက်များနှင့် အချက်အလက်များကို အစမှ အဆုံးထိ အသေးစိတ် ဖတ်ပါ၊၊ ၂။ မှန်ကန်စွာ ဖြည့်စွက်ပါ: ဖောင်ပေါ်တွင် တောင်းဆိုထားသော အချက်အလက်များကို မမှားယွင်းအောင် သေချာဖြည့်စွက်ပါ။ ၃။ စာတိုက်မှတစ်ဆင့် ပေးပို့ပါ: ဖြည့်ပြီးသား လျှောက်လွှာများကို စာတိုက်သို့ သွားရောက်၍ "တက္ကသိုလ်ဝင်ခွင့် လျှောက်လွှာဖောင် တင်ချင်လို့ပါ" ဟု ပြောကြားကာ ပို့ဆောင်ရမည် ဖြစ်သည်။ (စာပို့ခ သတ်မှတ်နှုန်းထားအတိုင်းသာ ပေးဆောင်ရန် လိုအပ်သည်)။ 📂 ပူးတွဲတင်ပြရမည့် စာရွက်စာတမ်းများ ကျောင်းတွင်းအောင်မြင်သူများ *(စာအိတ်အတွင်း လျှောက်လွှာပုံစံ ၃ စုံ၊ အမှတ်စာရင်းနှင့် အရည်အချင်းမှတ်တမ်းအဆင့် စာရွက်များ မူလကတည်းက ပါဝင်ပြီး ဖြစ်သည်)* * မိမိနှင့် မိဘနှစ်ပါး၏ မှတ်ပုံတင် မိတ္တူများ * လိုင်စင်ဓာတ်ပုံ (၄) ပုံ * မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနမှ ထုတ်ပေးမည့် အောင်လက်မှတ် မိတ္တူ (သို့မဟုတ်) သက်ဆိုင်ရာကျောင်းမှ ထုတ်ပေးသော အောင်မြင်ကြောင်း ထောက်ခံစာ မူရင်း ပြင်ပဖြေ အောင်မြင်သူများ * မိမိနှင့် မိဘနှစ်ပါး၏ မှတ်ပုံတင် မိတ္တူများ * မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနမှ ထုတ်ပေးမည့် အမှတ်စာရင်း မူရင်း * အောင်လက်မှတ် မိတ္တူ ⚠️ အရေးကြီး သတိပြုရန်: အောင်လက်မှတ် မူရင်းအား မည်သည့်အခါမျှ ထည့်သွင်း မပို့ရပါ။ အမှတ်စာရင်းကို အကြိမ်ကြိမ် ထုတ်ယူ၍ ရသော်လည်း အောင်လက်မှတ် မူရင်းမှာ တစ်ကြိမ်သာ ထုတ်ပေးခြင်း ဖြစ်သည်။ အကယ်၍ ပျောက်ဆုံးသွားပါက မူရင်းထုတ်ယူသည့်ရက်မှ (၆) လပြည့်မှသာ မိတ္တူမှန် ပြန်လည်လျှောက်ထားနိုင်မည် ဖြစ်သည်။ 🏫 နေ့သင်တန်း (Day) နှင့် အဝေးသင် ရွေးချယ်မှုဆိုင်ရာ စည်းကမ်းများ * Day သင်တန်း တက်ရောက်လိုပါက: အောင်မြင်သည့် ခုနှစ်တွင်ပင် ချက်ချင်း လျှောက်ထားရမည်။ Day ဝင်ခွင့်ကျပြီးမှ အကြောင်းတစ်ခုခုကြောင့် ထိုနှစ်တွင် မတက်ရောက်နိုင်ပါက နောက်ကပ်လျက် ပညာသင်နှစ်တွင် တက်ရောက်ခွင့် ရှိသည်။ * နောက်နှစ်မှ လျှောက်ထားပါက: Day တက်ခွင့် မရတော့ဘဲ အဝေးသင် (အင်္ဂလိပ်၊ မြန်မာ၊ စိတ်ပညာ၊ သမိုင်း၊ ဒဿနိက၊ အရှေ့တိုင်းပညာ၊ ပထဝီ) စသည့် ဝိဇ္ဇာဘာသာရပ် (၇) ခုအနက် အမှတ်မှီရာ ဘာသာရပ်ကိုသာ ရွေးချယ် တက်ရောက်ခွင့် ရရှိမည်။ * အရေးကြီးအချက်: လျှောက်လွှာတစ်စုံတည်းတွင် Day နှင့် အဝေးသင် နှစ်မျိုးစလုံးကို ရောနှော လျှောက်ထား၍ မရပါ။ ၁။ နေ့သင်တန်း (Day) လျှောက်ထားလျှင် * စာအိတ်ပေါ်တွင် "နေ့သင်တန်း" ဟု စာလုံးထင်ရှားစွာ ရေးရမည်။ * နေ့သင်တန်း မေဂျာ/တက္ကသိုလ် နေရာ၌ ဦးစားပေးအလိုက် (၁) မှ (၂၂) အထိ ဖြည့်စွက် လျှောက်ထားနိုင်သည်။ *(ဥပမာ - ၁။ နည်းပညာတက္ကသိုလ် (ရန်ကုန်)၊ ၂။ ဆေးဝါးတက္ကသိုလ် (မန္တလေး)၊ ၃။ ကွန်ပျူတာတက္ကသိုလ် (ရန်ကုန်) စသည်ဖြင့်...)* ၂။ အဝေးသင် လျှောက်ထားလျှင် * စာအိတ်ပေါ်တွင် "အဝေးသင်" ဟု စာလုံးထင်ရှားစွာ ရေးရမည်။ * အဝေးသင် မေဂျာ နေရာ၌ ဦးစားပေးအလိုက် (၁) မှ (၁၁) အထိ ဖြည့်စွက် လျှောက်ထားနိုင်သည်။ *(ဥပမာ - ၁။ သင်္ချာ၊ ၂။ ရူပဗေဒ၊ ၃။ ဓာတုဗေဒ စသည်ဖြင့်...)* 📌 အထူးသတိပြုရမည့် အချက်များ ၁။ ဦးစားပေး စနစ်: မိမိ တက်ရောက်လိုသည့် တက္ကသိုလ်နှင့် မေဂျာများကို မိမိဆန္ဒအလျောက် ၁၊ ၂၊ ၃ ဦးစားပေး အစီအစဉ်အတိုင်း တိကျစွာ ဖြည့်သွင်းပါ။ မိမိလျှောက်လွှာတွင် ရေးသားမထားသော မေဂျာ/တက္ကသိုလ်များကို လုံးဝ စိစစ်ပေးမည် မဟုတ်ဘဲ ခေတ္တ ဆိုင်းငံ့ခံရနိုင်သည်။ (ဆိုင်းငံ့ခံရပါက ကျန်ရှိသော မေဂျာများသို့ ပြန်လည်ပြောင်းလဲ လျှောက်ထားနိုင်သော်လည်း လူဦးရေ ပြည့်သွားပါက အမှတ်မှီလျက်နှင့် အခွင့်အရေး ဆုံးရှုံးရနိုင်ပါသည်)။ ၂။ သတ်မှတ်ရက် ကျော်လွန်ပါက: ဖောင်တင်ရက် ကျော်လွန်သွားပါက စာတိုက်မှ ပို့၍ မရတော့ဘဲ အဆင့်မြင့်ပညာဦးစီးဌာန (ရန်ကုန်ရုံးခွဲ)၊ သထုံလမ်း၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့ သို့ လူကိုယ်တိုင်ဖြစ်စေ၊ ကိုယ်စားလှယ်နှင့်ဖြစ်စေ အမြန်ဆုံး သွားရောက် ပေးပို့ရမည်။ ၃။ သီးခြားခေါ်ယူသည့် ကျောင်းများ: ရေကြောင်းတက္ကသိုလ်၊ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် အစရှိသော သီးခြားခေါ်ယူသည့် တက္ကသိုလ်/ကောလိပ် (၁၅) ခုအတွက် လျှောက်လွှာများကိုမူ သက်ဆိုင်ရာ တက္ကသိုလ်များသို့ တိုက်ရိုက် လျှောက်ထားရမည် ဖြစ်သည်။ #ကြေညာချက် #၁၂တန်းအောင်စာရင်း #MatriculationExam #ပညာအလင်း

Panyar Alin Education Service
Panyar Alin Education Service
Open In TikTok:
Region: MM
Wednesday 22 July 2026 01:36:57 GMT
130576
6937
139
1844

Music

Download

Comments

zarchihtut10528
Zarchi Htut💤 :
၉ လပိုင်းလျှောက်ပီးဘယ်လစတက်ရမလဲရှင့်
2026-07-27 06:59:17
1
eichit_12
ဟယ်ရန်ကျောင်းဖြစ်ချင်တယ် :
အခု uni တွေကလျှောက်လို့ရနေပြီလား
2026-07-25 13:32:05
1
thet.hmue601
Thet Hmue :
total358 နဲ့မိတ္ထီလာစီးပွားရေးမှီတယ်မို့လားရှင့်
2026-07-27 10:37:29
2
spiritusskyline
The Notorious :
engယူရင် totalကရော
2026-07-25 12:53:11
1
zaw.moe.naing450
THINN😘 THAZIN WAI🥰 :
ခုထိအမှတ်စရင်းကိုမသိရ သေးဘူးစိတ်ညစ်
2026-07-26 13:52:40
3
mayphoo5448
May Phoo(T. Z. M. P) :
Total342 Eco73 စီးပွားရေးမှီလားရှင့်
2026-07-27 02:24:10
1
user6902232961327
user6902232961327Daw H.M.N :
ရေဆင်းတက္ကသိုလ်လျှောက်လွှာ ဘယ်လိုယူရမလဲ ရှင့်
2026-07-22 12:52:47
1
user542827728
Moe Gyi :
nsa နေပြည်တော်တက္ကသိုလ်ကဘယ်လိုလျောက်ရလဲခင်ဗျာ ဘာတွေလိုအပ်ပါသလဲ သိလိုရပါသလားဗျာ
2026-07-24 08:14:04
2
su20720
@su su myaing :
တစ်နှစ်ကျပီးလို့အောင်ရင်ကောအသက်မွေးဝမ်းကျောင်းတက္ကသိုလ်တက်လို့မရတော့ဘူးလားရှင့်
2026-07-24 14:15:15
1
khinnyooo1
KhinNyo Oo :
ဆရာမအောင်စရင်းမှတ်ကဘယ်လိုယူရတာလဲရှင့့်ကိုယ်ပိုင်ကျောင်းကအာင်တာပါရှင့်
2026-07-23 22:39:54
1
ivy09990
Ivyuaugust0999 :
YTUရဲ့ဖြတ်မှတ်တွေပြောပြပေးပါ
2026-07-24 19:37:16
1
mickykyaw1
Kyaw Myat Tun :
နှစ်ဟောင်းတွေကလျှောက်လို့မရတော့ဘူးလား
2026-07-24 13:13:24
1
nway.nge093
Nway Nge :
ကိုအောင်တဲ့မြို့ကတစ်မြို့နေတာကတစ်မြို့ဆိုနေတဲ့မြို့မာပဲယူလို့ရလား
2026-07-22 13:15:37
1
hnin.ze1
🐷 หมู หมู 🐷 :
အမှတ်352မှတ်နဲ့ဘာရလောက်လဲmedical laboratory technologistရနိုင်ပါ့မလား
2026-07-24 14:32:39
1
atato35
ရာဇာအောင် (Bo htet trading) :
ပထမဦးစားပေးဆေးကျောင်းလျှောက်လိုက်တယ်ဆေးကျောင်းကိုလျှောက်လွှာပို့တယ်မပါဘူးဒုတိယဦးစားပေးYTUကျောင်းကိုလျှောက်လွှာရောက်လားဖြေပေးပါနော်
2026-07-23 15:22:16
1
khine21225
Khine :
dayလျှောက်ရင်၁-၂၂ထိဆိုတော့ ကိုယ်လျှောက်မှာက ၃ခုလောက်ပဲဆိုရင်ရော ၂၂ထိအပြည့်ဖြည့်ပေးရမှာလား မဖြည့်ပဲထားလိူ့ရလား အဲ့တာလေးနားမလည်လို့ရှင်းပြပေးပါလားရှင့်
2026-07-24 04:14:15
1
luckymin07
BIG FAN :
မြန်မာမေဂျာက မြန်မာစာအမှတ်-71မှတ်ဆိုရင်ရလား
2026-07-26 09:07:21
1
thiughif6bb
fhbcgjhbvvh :
တက္ကသိုလ်ကိုဆက်မတက်ဘဲနားထားလို့ရလားရှင့်
2026-07-24 01:41:47
1
user4928956221865
Unknown :
အမှတ်စာရင်းတစ်စောင်ပဲထုတ်ထားရင်ကောလျှောက်လို့ရလားရှင့်
2026-07-22 11:04:57
1
zaw.gyi929
zaw gyi :
သီးခြား ခေါ်တဤ့တက္ကသိုလ် ၁၅ ခုကဘာ တွေလဲသိပါ ရ စေ
2026-07-22 15:41:51
1
user025901534
Chan Chan :
အဝေးသင် တတ်မယ်ဆိုရင် E-major ယူလို့ရလား
2026-07-23 04:50:04
1
mu.yar818
Mu Yar💗 :
အမှတ်စရင်းက ခုထိမသိရသေး
2026-07-24 10:31:54
1
kyawmoelwin201
⏰💎Kyaw💎⏰ :
ပညာရေးတက္ကသိုလ်လျှောက်ရင်ရော အတူတူပဲလားဗျ
2026-07-23 02:56:07
1
streamingbybunnyfufu
BUNNY FUFU :
total425empc286ဘာတက်သင့်လဲဗျ
2026-07-25 13:54:35
1
youcallyoon3
🍀 :
သူနာပြုရန်ကုန်တက်ရင်ကောဘယ်လိုလျောက်ရမလဲ ဘယ်အချိန်လောက်လျောက်တင်ရမလဲ
2026-07-22 11:32:34
1
To see more videos from user @nandar1598, please go to the Tikwm homepage.

Other Videos


About