@ven.ariya4: မထိုက်တန်တဲ့အရာကို မလိုချင်ပါနဲ့ ======================= လောကကြီးမှာ ရှိတဲ့ တချို့သောအရာတွေက ကိုယ် ကြိုးစားလို့ ရတတ်ပေမယ့် တချို့သော အရာတွေကတော့ ဘယ်လောက်ပဲ ကြိုးစားပေမယ့် မရနိုင်တာမျိုးတွေလည်း ရှိပါတယ်။ ကိုယ်နဲ့ထိုက်တန်မှသာလျှင် ပိုင်ဆိုင်ရတာတွေလည်း ရှိပါတယ်။ အကောင်းဆုံး ကြိုးစားပြီး ရသလောက်နဲ့ ရောင့်ရဲ တင်းတိမ် ပျော်ရွှင်အောင် နေတတ်ခြင်းက ဘဝကို မှန်ကန်သော တည်ဆောက်ခြင်းပါ။ တချို့အရာတွေက မရလို့ ဘာမှ ဖြစ်မသွားပါဘူး။ ရလာမှ ပိုပြီး ပူလောင်နေရမယ်ဆိုရင် ဘဝမှာ မရှိပဲ နေရတာက ပိုပြီး စိတ်ချမ်းသာစရာ ကောင်းနေပါလိမ့်မယ်။ ကိုယ်နဲ့ မထိုက်တန်ပဲ ရလာတဲ့ အရာတွေဆိုရင် မကြာပါဘူး သူ့အလိုလို ပြန်ထွက်သွားပါတယ်။ ဒါတွေကို နားလည်သဘောပေါက်ထားမယ် ဆိုရင် သိပ်ပြီး ခံစားနေစရာ မလိုတော့ဘူးပေါ့။ ကိုယ်နဲ့ မထိုက်တန်တဲ့ ဘယ်အရာမဆို ဘာမှ မလိုချင်တာ အကောင်းဆုံးပါ။ ဘဝဆိုတဲ့အချိန်က တိုတောင်းပါတယ်။ ပူလောင်စေမယ့် အရာတွေအတွက် အချိန်ကုန်မခံပါနဲ့။ အေးချမ်းခြင်း ပျော်ရွှင်ခြင်းတွေနဲ့သာ ဘဝကို ရိုးရှင်းစွာ ဖြတ်သန်းလိုက်ပါ။ (ဂမ္ဗီရဗေဒါ ) 💚💚💚 စာပေးချစ်သူများ ချစ်ခင်စွာဖြင့် မျှဝေလိုက်ပါသည် မေတ္တာဖြင့် အရှင်အရိယနန္ဒ
Ven Ariya
Region: MM
Wednesday 22 July 2026 02:11:49 GMT
Music
Download
Comments
may :
တင်ဘုရား🙏🙏🙏 မလိုချင်ဘုရား
2026-07-22 03:43:10
2
Phyu Lay. 🏡💝🎋😊(>‿◠)✌ :
🙏🙏🙏
2026-07-22 06:35:03
1
ကောင်းကင်ထက်က မိုးတိမ်လွှာ :
ဗဟုသုတရလိုလို့သတ်သားစရာတွေပါ👍👍ဘုရား🙏🙏🙏
2026-07-22 05:13:08
1
🌲☘️🌹Thin🌹☘️🌲 :
🙏🙏🙏🙏🙏
2026-07-22 07:47:43
1
Moe Myint Htet Thar :
တင်ပါ
2026-07-22 11:54:02
1
may :
🙏🙏🙏
2026-07-22 03:42:29
2
Audio Yar Zar :
🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰
2026-07-22 14:16:11
1
မရှိမဖြစ်ကျမရဲ့ဘီဘီလေး😘😘😘😘 :
🙏🙏🙏🙏🙏🙏
2026-07-22 02:17:37
1
SOE SOE :
🙏🙏🙏🌹🌹🌹
2026-07-22 10:05:12
1
Myint :
🙏🙏🙏🙏🙏
2026-07-22 04:30:35
1
ခင် ငြိမ်းရွှေ :
🙏🙏🙏
2026-07-22 03:54:07
1
Ashin Ariya :
🙏🙏🙏
2026-07-22 11:18:15
2
🥰🥰ရခိုင်သူသျှေ🥰🥰 :
🙏🙏🏻🙏🏻
2026-07-23 06:42:20
1
To see more videos from user @ven.ariya4, please go to the Tikwm
homepage.