@nant.phyu.si.aung: ကျွန်မသူ့ကိုဖုန်းလည်း မဆက်တော့ဘူး။ ဘယ်သူတွေနဲ့အတူတူရှိနေလဲ စိတ်မ၀င်စားတော့ဘူး ဘယ်သွားလဲ မမေးတော့ဘူး။ ညဘက် အိမ်ပြန်မလာလည်း ဂရုမစိုက်တော့ဘူး။ ဒီအိမ်ထောင်ရေးကို အတူတူရှေ့ဆက်လို့ရပေမယ့် စိတ်တူကိုယ်တူတော့ မဖြစ်နိုင်တော့ဘူး။ ငါတို့နှစ်ယောက်က ချစ်သူတွေ မဟုတ်တော့ဘူး။ ကလေးတွေရဲ့ မိဘတွေသာ ဖြစ်တော့တယ်။ ငါတို့နှစ်ယောက် ကွဲလို့ရပေမယ့် ငါတို့ကလေးတွေကတော့ ငါတို့နဲ့ မကွဲနိုင်ဘူး။ ကလေးတွေရဲ့ ကိုယ်ရောစိတ်ပါ ကျန်းမာဖို့ မိသားစု မပြိုကွဲဖို့ မိဘတွေ စိတ်မဆင်းရဲစေဖို့ သူများတွေရဲ့ကဲ့ရဲ့ စကားတွေကို မခံရဖို့ ကျွန်မ အလျှော့ပေးလိုက်တယ်။ အခုတော့ သူဘာလုပ်လုပ် မမေးတော့ဘူး။ ဘယ်သူနဲ့ရှိရှိ မသိချင်တော့ဘူး။ ဂရုမစိုက်ချင်ရင်လည်း မစိုက်ပါနဲ့။ တစ်ယောက်တည်း နေချင်ရင်လည်း နေပါ။ ကျွန်မ ထွက်သွားရင် ကျွန်မကလေးတွေရဲ့ ဘဝ ထိခိုက်မယ်။ မထွက်သွားရင် ကျွန်မရဲ့ ဘဝ ထိခိုက်မယ်။ မိဘတွေရဲ့ကျေးဇူးဆပ်လို့မပြီးသေးသလို မိဘတာ၀န်လဲ မကျေသေးတာမို့ ကျွန်မဘ၀ ကောင်းကောင်း မကောင်းကောင်း ကျွန်မဘ၀ ထိခိုက် မထိခိုက်ခိုက် အရေးမကြီးတော့ပါဘူး ရွေးချယ်ရခက်တဲ့ လမ်းနှစ်လမ်းကြားမှာ ကျွန်မက မိခင်ဆိုတဲ့ နေရာကိုပဲ ရွေးခဲ့တယ်။ ကျွန်မလည်း စိတ်နာတတ်တယ်။ ကျွန်မလည်း မျက်ရည်ကျတတ်တယ်။ ကျွန်မလည်း ပင်ပန်းတတ်တယ်။ ဒါပေမယ့် "အမေ" ဆိုတဲ့ နာမည်တစ်လုံးက အရာအားလုံးကို မျိုသိပ်ထားတတ်အောင် သင်ပေးခဲ့တယ်။ တစ်နေ့နေ့ ကလေးတွေ အရွယ်ရောက်လာတဲ့အချိန် သူတို့ကို ပြန်ကြည့်ပြီး "အမေ လက်မလျှော့ခဲ့ဘူး" လို့ ကိုယ့်ကိုယ်ကိုယ် ဂုဏ်ယူနိုင်ရင် လုံလောက်ပါတယ်။ အရေးကြီးတာက ကျွန်မကလေးတွေ အပြုံးမပျောက်ဖို့ပါပဲ။ တစ်ခါတလေ မိန်းမတစ်ယောက်ရဲ့ တိတ်ဆိတ်မှုက အရှုံးပေးလိုက်တာ မဟုတ်ဘူး။ စကားပြောဖို့ မောသွားတာ မျှော်လင့်ချက်တွေ ကုန်သွားတာ နာကျင်လွန်းလို့ မငိုနိုင်တော့တာပါ။ #မူရင်းအားcrdပေးပါသည်။ #fpy

Nant phyu si aung
Nant phyu si aung
Open In TikTok:
Region: SG
Wednesday 22 July 2026 06:52:16 GMT
105182
6900
474
1547

Music

Download

Comments

hlamyatthwe4
Myat Thwe :
ကျမပြောခြင်ခဲ့တဲ့စကားနဲ့ဘဝက ဘာလို့ဒီလောက်ထပ်တူကျနေခဲ့ရတာလဲ??
2026-07-22 08:30:32
72
juejue7
Sunshine 🌞🌞🌞 :
အခုအဲ့လိုနေနေတာ ပေါင်းရင်းနဲ့ move on လိုက်တာ အခု နည်းနည်းအဆင်ပြေလာပြီ သူပြန်မလာတဲ့ရက်ဆို သားမိနှစ်ယောက်ပိုပျော်
2026-07-22 16:09:35
57
dy.htayhtayaung
🥰htay htay😜စနေသမီး :
ကိုယ်ကထွက်သွားတော့မှသူကပြုပြင်တော့ကိုယ်ကသူ့ကိုစိတ်ကုန်နေပီးကလေးတွေကြောင့်ဆက်နေမယ်ဆိုလဲလူရောစိတ်ရောပင်ပမ်းအုံးမယ်🥺ရွေးရခက်ခဲတယ်ဒီဘဝမှာမပျော်တော့ဘူး🥺🥺
2026-07-23 05:24:16
6
zmkk891
🌿🌸👸Daw phyo lay👸🌸🌿 :
ဘယ်လို့မှရှေဆတ်မရတော့တဲ့အတွက်သားလေးလက်ကိုဆွဲပီးသူဘဝထဲကထာဝရထွက်လာခဲ့ရတယ်🥺
2026-07-22 13:59:02
22
khaingzinthant97
khaing zin thant :
အမပြောသလိုသားသမီးအတွက်သီးခံပေါင်းသင်းချင်ပေမယ့် ယောကျာ်းတစ်ယောက်ကိုမိန်းမနှစ်ယောက်ပေါင်းရမယ့်အဖြစ်ကျတော့ ကျွန်မ မလုပ်နိုင်ဘူး အက်လိုပေါင်းမယ့်အစားသမီးနှစ်ယောက်ခေါ်ပီးထွက်လာခဲ့တယ် ကျွန်မ မမှားဘူးမလား 🥺
2026-07-23 00:32:08
16
mu.yar.kye
Win Sein :
ကျမတော့အတ္တကြီးတာမဟုတ်ဘူးကိုယ့်ကျင့်တရားမကောင်းတဲ့ယောက်ကျားခဖင်စိတ်မရှိတဲ့ယောက်ကျားတစ်ယောက်နဲ့ရှေ့ဆက်တော့မရှင်သန်နိုင်ဘူးပိုလှတဲ့ကိုယ်ရဲ့အနာဂတ်ကိုကိုယ်တိုင်ရေးဖော်မယ်ကိုယ့်သမိုင်းလှအောင်ကိုယ်ရေးမယ်🥰🥰🥰
2026-07-23 02:17:23
6
reginquacmp
Regina :
ဆုံးဖြတ်ချက်မှန်တယ်ညီမလေးရယ် မကြီးသားသမီးတွေအကုန်လုံးလက်လွှတ်လို့ရတဲ့ထိ သီးခံပြီးပေါင်းသင်းခဲ့ပါတယ်အရိုက်အနှက်ခံပြီးတော့ပေါ့ ခု့တော့သားသမီးကြီးကုန်ပြီမို့အေးချမ်းစွာနေရပါပြီ လောကကြီးမှာ ယောက်ျားရှိမှအသက်ရှင်နေတာမဟုတ်ပါဘူးကွယ် သားသမီးလေးတွေကြောင့်သာအသက်ရှင်နေတာပါ မိခင်စိတ်ကြောင့်ပေါ့ သားသမီးတွေမိခင်မရှိရင်ဒုက္ခရောက်ကြမှာအမှန်ပါ ညီမလေးရေ သားသမီးက အဓိကပါနော် 💪💪💪💪💪
2026-07-22 22:49:33
13
nyonyosan226
NyoNyo :
စာသားလေးချပေပါလားအစ်မ🥰
2026-07-23 05:22:30
1
mya.amara.cholind
Amara💚Allison💙 :
ရင်ထဲမှာ move on လုပ်ထားလိုက်ပါ
2026-07-23 06:30:36
2
mathwe1990
ချစ်အံ့ 1990 :
ဘဝတူမို အားတင်းထားပါ ဘာဖြစ်ဖြစ်မိခင်ကောင်းနေရာမှာရွေချယ်တာမို့ အားလုံးထက်သာတယ်မေမေ
2026-07-22 11:02:51
6
thein.zaw3518
ကောင်းကင်ပြာ :
ငါမိန်းမတော့အဲ့လိုမတွေးဘူး ငါအံ့အောတယ်
2026-07-22 13:41:56
1
khinnyein789
နှိုင်းမမှီသာ🤍 :
ညီမရေ စာလေး copy ချပေးပါလား🤍
2026-07-22 08:31:14
2
warwar.2026
warwar :
ညီမလေးရွေးချယ်တဲ့လမ်းကမှန်ပါတယ်အစ်မလည်းညီမလေးရွေးချယ်ခဲ့တဲ့လမ်းကိုရွေးချယ်ခဲ့လိုဘဲ
2026-07-23 03:11:12
2
chitsumay021
Poe Poe :
ကလေးကိုတော့ အထိခိုက်မခံပါနဲ့လားကွယ်😳
2026-07-22 12:59:12
1
user3844794181427
မမ :
ကိုယ်တေကတော့ကလေးတေခေါ်ထွက်လာပြီးအေချမ်ဖြတ်သန်နေတယ်ဖိုက်တင်ပါ
2026-07-22 09:01:45
5
aye.thin88
Aye Thin :
ကို့အတွက်ရင်ဖွင့်ပေးလိုက်သလိုပဲညီမလေးရယ်🥰🥰🥰
2026-07-23 02:26:23
2
mathetyi1
သက်ရည် :
မိခင်ဆိုတာနဲ့တင်ဘဝကလှနေပါပြီကွယ်❤️
2026-07-22 11:42:04
1
laylia53068
Laylia😘😘😘 :
ညီမရေစားလေးcopyချပေးပါလား
2026-07-23 03:38:35
0
user6332286034658
Thinzar :
အဲ့လိုနေနေပေမယ့်သူ့ဘက်ကသာပြတ်သားရင်ဒီရပ်ဝန်းကနေသူမပါပဲသားလေး၂ယောက်နဲ့တူတူပဲရှိနေချင်တော့တယ်
2026-07-23 06:30:45
2
usermahet1
မထက်(ချောင်းသာချက်ပို့) :
ကို့ဘ၀လဲအတူတူပဲထွက်သွားလို့လဲမဖြစ်ခလေးလေးရဲ့မျက်နာှကိုထောက်ပြီးကို့ဘ၀ကိုထိခိုက်ခံပြီးအနစ်မွန်းခံနေပြီးသည့်ခံနေရပါတယ်ပင်ပန်းနေပါပြီး
2026-07-23 06:38:54
1
thi.thi.aung309
မေမေကိုချစ်တယ်အားဘား :
ဘဝမှာ အရမ်းတိုင်ဆိုသ်တဲ့စာသားတွေပါ🥰🥰🥰🥰
2026-07-23 06:34:51
1
khingshwewar2006
အရင်ကအချိန်တွေပြန်လိုချင်တယ် :
ထပ်တူကျတဲ့ပြောချင်နေတဲ့စကားကွက်တိပဲ🥰
2026-07-23 06:25:10
1
htethtetnaing
htethtetnaing :
စာသားလေးသုံးခွင့်ပြုပါ☺️
2026-07-23 06:25:57
1
zinoo.may7
🇲🇲 ZinOo May 🇯🇵 :
ဘာလို့များ တူနေကြရတာလဲ😭😭😭
2026-07-23 05:44:58
1
kominivomyr
Ko Sein :
ငါ့မိန်းမက တော့မိခင်ဆိုတဲ့ဘဝကိုစွန့်လွှတ်သွားတယ် ငါက တော့ဖခင်ဆိုတဲ့ဘဝကိုမစွန်လွှတ်နိုင်ဘူး
2026-07-22 08:54:41
4
To see more videos from user @nant.phyu.si.aung, please go to the Tikwm homepage.

Other Videos


About