@sitt1343: လူတစ်ယောက်ရဲ့ တကယ့်အကျင့်စရိုက်ကို နားလည်ချင်ရင် သူပျော်နေတဲ့အချိန်ကို မကြည့်ပါနဲ့၊ သူ ဒေါသထွက်နေတဲ့အချိန်ကို ကြည့်ပါ.. တဲ့။ အရာအားလုံး အဆင်ပြေနေချိန်မှာ လူဟာ ကြင်နာတတ်၊ သည်းခံတတ်၊ ယဉ်ကျေးသိမ်မွေ့သူလို့ ထင်ရနိုင်ပါတယ်။ ဘဝက သက်သောင့်သက်သာနဲ့ ချောမွေ့နေချိန်မှာ လူဟာ ချိုသာတဲ့ စကားတွေ ပြောနိုင်ပါတယ်။ ဒါပေမယ့် သူတို့ရဲ့ စိတ်ခံစားမှု ထိခိုက်သွားတဲ့အချိန်ကျရင် မျက်နှာဖုံး ကွာကျသွားတတ်ပါတယ်။ တချို့က ဒေါသထွက်ရင် ပါးစပ်ကနေ ဖရုသဝါစာတွေ ထွက်လာတတ်တယ်။ တချို့က အငြင်းပွားတာကို အမြန်အဆုံးသတ်ဖို့ သစ္စာစောင့်သိမှုနဲ့ ကိုယ်ကျင့်တရားကို စွန့်လွှတ်တတ်တယ်။ တချို့က ဒေါသကို ပြန်ဖာထေးလို့ မရနိုင်တဲ့ အမှား၊ လုပ်ရပ်အဖြစ် ပြောင်းလဲပစ်တတ်တယ်။ ဒေါသကို ထိန်းချုပ်နိုင်တဲ့ လူစားမျိုးလည်း ရှိသေးတယ်။ သူတို့ကျတော့ တခြားသူကို နာကျင်အောင် မလုပ်ဘဲ တိတ်ဆိတ်ခြင်းကို ရွေးချယ်တယ်။ ငြင်းခုံမယ့်အစား နောက်တစ်လှမ်းဆုတ်လိုက်တတ်တယ်။ ဘာလို့လဲဆိုတော့ ဒေါသကို မထိန်းနိုင် သူတွေ မေ့နေတဲ့ အမှန်တရားတစ်ခုကို သူတို့ နားလည်လို့ဖြစ်တယ်။ အဲဒါကတော့ ... ဒေါသက မိနစ်ပိုင်းလောက်ပဲခံပြီး စကားလုံးနဲ့ လုပ်ရပ်တွေက တစ်သက်လုံး တာရှည်ခံလို့ဖြစ်တယ်။ ပညာရှိဆိုတာ ဘယ်တော့မှ ဒေါသမထွက်တဲ့သူ မဟုတ်ဘဲ ဒေါသရဲ့ အထိန်းချုပ်ကို မခံတာဖြစ်တယ်။ တကယ်လို့ ဒေါသထွက်နေချိန် ပါးစပ်ကို မထိန်းနိုင်ရင် နောက်ဆက်တွဲ ဆိုးကျိုးတွေ၊ နောင်တတွေ ရနိုင်လို့၊ ဂရုတစိုက် တည်ဆောက်ထားတဲ့ ဆက်ဆံရေးကို ဖျက်ဆီးပစ်နိုင်လို့ဆိုတာ သူတို့သိတယ်။ ဒါကြောင့် လူတစ်ယောက်ရဲ့ အကျင့်စရိုက်ကို သူ့ အောင်မြင်မှု၊ ချမ်းသာကြွယ်ဝမှု ဒါမှမဟုတ် ချီးကျူးဂုဏ်ပြုခံရချိန်တွေကို မကြည့်ပါနဲ့။ ဒေါသထွက်ချိန် သူ ဘယ်လိုပြုမူလဲဆိုတာကို ကြည့်ပါ။ အဲဒီအချိန်ဟာ သူ့ရဲ့ အကျင့်စရိုက်နဲ့ ဉာဏ်ပညာ အစစ်အမှန်ကို ဖော်ထုတ်ပြနိုင်ပါတယ်။ အဲဒီအခိုက်အတန့်ကို ထိန်းချုပ်နိုင်သူက ကိုယ့်ဘဝ ကံကြမ္မာကိုလည်း ထိန်းချုပ်နိုင်ပါတယ်။ **** သင်ယူရင်း မျှဝေပါတယ်။ ကျွန်မက စိတ်မရှည်ရင် လေသံ ကျယ်သွားတတ်တယ်။ စိတ်အခန့်မသင့်ရင် အော်ပြောတတ်တယ်။ ငြင်းရမှာ ပျင်းရင်တော့ အသံတိတ်နေတတ်တယ်။ လူတချို့ တွေ့ဖူးတယ်.... စိတ်ပဲတိုတို ဒေါသပဲထွက်ထွက် လေသံက အေးအေးလေးပဲ.. အော်တာ ငြင်းတာ စကားလုပြောတာတွေလည်း မရှိဘူး။ နဂိုပြောနေကျ ပုံစံအတိုင်းပဲ ပြောတယ်။ အဲလို ထိန်းနိုင်တဲ့လူမျိုးကို တကယ်ချီးကျူးတယ်။ #creatorsearchinsights #foryou #fyp #myanmartiktok🇲🇲🇲🇲

༺ S꙰i꙰t꙰t꙰n꙰y꙰e꙰i꙰n ꙰༻
༺ S꙰i꙰t꙰t꙰n꙰y꙰e꙰i꙰n ꙰༻
Open In TikTok:
Region: MM
Wednesday 22 July 2026 11:29:49 GMT
8540
299
2
14

Music

Download

Comments

nyein3536
Nyein :
🥰🥰🥰
2026-07-22 11:54:36
2
ttzs6324
✨♥️SU⭐♥️ :
🥰🥰🥰
2026-08-04 00:19:19
1
To see more videos from user @sitt1343, please go to the Tikwm homepage.

Other Videos


About