@filmterbaru_2: #fyppppppppppppppppppppppp #reviewfilm #film #trending #actionmovie

filmterbaru
filmterbaru
Open In TikTok:
Region: ID
Wednesday 22 July 2026 13:04:23 GMT
28532
422
2
6

Music

Download

Comments

apa.aja.yg.penting63
terusssss????? :
2026-08-17 01:51:44
0
akkkk174
Cooper :
😁😁😁
2026-07-26 09:19:17
1
To see more videos from user @filmterbaru_2, please go to the Tikwm homepage.

Other Videos

နှလုံး မ​ဖောက်ခင် ခန္ဓာကိုယ်က ကြိုတင်သတိပေးတတ်သလား နှလုံးဖောက်ခြင်း (Heart Attack) ဆိုတာ ရုတ်တရက် ရင်ဘတ်အရမ်းအောင့်ပြီး လဲကျသွားတာမျိုးပဲလို့ လူအများ ထင်တတ်ကြပါတယ်။ တကယ်တော့ Heart Attack ရဲ့ လက္ခဏာတွေဟာ လူတိုင်းမှာ တူညီတာ မဟုတ်ပါဘူး။ တချို့လူတွေမှာ နှလုံးသွေးကြောကျဉ်းရောဂါကြောင့် Heart Attack မဖြစ်မီ ရက်သတ္တပတ် သို့မဟုတ် ပိုကြာတဲ့ကာလကတည်းက ရင်ဘတ်မအီမသာဖြစ်ခြင်း၊ မောပန်းခြင်း စတဲ့ လက္ခဏာတွေ ရှိနေနိုင်ပါတယ်။ ဒါပေမယ့် လူတိုင်းမှာ ကြိုတင်လက္ခဏာရှိမှာ မဟုတ်သလို ဒီလက္ခဏာတွေရှိတိုင်း Heart Attack ဖြစ်တော့မယ်လို့လည်း မဆိုနိုင်ပါဘူး။ ၁။ လှုပ်ရှားရင် ရင်ဘတ်ဖိတင်းလာခြင်း 🫀 လမ်းမြန်မြန်လျှောက်ခြင်း၊ လှေကားတက်ခြင်း၊ အလုပ်ပင်ပန်းတာမျိုးလုပ်တဲ့အခါ - ရင်ဘတ်ဖိထားသလို ဖြစ်ခြင်း - တင်းကျပ်ခြင်း - လေးလံနေခြင်း တွေဖြစ်ပြီး နားလိုက်တာနဲ့ မိနစ်အနည်းငယ်အတွင်း သက်သာသွားတယ်ဆိုရင် Angina ဖြစ်နိုင်ပါတယ်။ ဒါဟာ နှလုံးကြွက်သားဆီ အောက်ဆီဂျင်ပါတဲ့သွေး လုံလောက်စွာ မရောက်နေတဲ့ လက္ခဏာ ဖြစ်နိုင်ပြီး မပေါ့ဆသင့်ပါဘူး။ ၂။ အရင်ထက် မောပန်းလွယ်လာခြင်း 😴 အရင်က အလွယ်တကူ လုပ်နိုင်ခဲ့တဲ့ - လမ်းလျှောက်ခြင်း - လှေကားတက်ခြင်း - အိမ်မှုကိစ္စလုပ်ခြင်း တို့ကို လုပ်ရုံနဲ့ သိသိသာသာ မောပန်းလာခြင်းဟာ သတိထားသင့်တဲ့ လက္ခဏာတစ်ခု ဖြစ်နိုင်ပါတယ်  အမျိုးသမီးအချို့မှာ Heart Attack မဖြစ်မီ ပုံမှန်မဟုတ်တဲ့ မောပန်းနွမ်းနယ်မှုကို ခံစားရနိုင်ပါတယ်။ ဒါပေမယ့် မောပန်းခြင်းတစ်ခုတည်းနဲ့ နှလုံးရောဂါလို့ မသတ်မှတ်နိုင်ပါဘူး။ သွေးအားနည်းခြင်း၊ အိပ်ရေးပျက်ခြင်း၊ သိုင်းရွိုက်ရောဂါနဲ့ အခြားအကြောင်းရင်းများစွာလည်း ရှိနိုင်ပါတယ်။ ၃။ အသက်ရှူမဝခြင်း 🫁 လှုပ်ရှားမှုနည်းနည်းလုပ်ရုံနဲ့ အရင်ထက် မောလာခြင်း၊ အသက်ရှူမဝဖြစ်လာခြင်းဟာ နှလုံးပြဿနာရဲ့ လက္ခဏာတစ်ခု ဖြစ်နိုင်ပါတယ်။ Heart Attack ဖြစ်ချိန်မှာ ရင်ဘတ်မနာဘဲ အသက်ရှူမဝတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ၄။ နာကျင်မှုက အခြားနေရာသို့ ပျံ့နှံ့လာခြင်း  နှလုံးကြောင့်ဖြစ်တဲ့ နာကျင်မှုဟာ သို့မဟုတ် မအီမသာဖြစ်မှုက - လက်မောင်းတစ်ဖက် သို့မဟုတ် နှစ်ဖက် - ပခုံး - ကျော - လည်ပင်း - မေးရိုး - ဗိုက်အပေါ်ပိုင်း တို့ဆီ ပျံ့နှံ့နိုင်ပါတယ်။ ၅။ ချွေးအေးထွက်ခြင်း၊ မူးဝေခြင်း  အကြောင်းမရှိဘဲ - ချွေးအေး/ချွေးစေးထွက်ခြင်း - ခေါင်းမူးခြင်း - မူးမေ့ချင်သလိုဖြစ်ခြင်း - ရုတ်တရက် အားနည်းခြင်း တွေဟာလည်း Heart Attack ဖြစ်ချိန်မှာ တွေ့နိုင်တဲ့ လက္ခဏာတွေ ဖြစ်ပါတယ်။ ၆။ အစာမကြေသလို၊ ရင်ပူသလို ဖြစ်ခြင်း 🤢 နှလုံးကြောင့်ဖြစ်တဲ့ မအီမသာမှုဟာ တခါတလေ - အစာမကြေသလို - ရင်ပူသလို - ဗိုက်အပေါ်ပိုင်း မအီမသာဖြစ်သလို - ပျို့အန်ချင်သလို ခံစားရနိုင်ပါတယ်။ ဒါကြောင့် အထူးသဖြင့် နှလုံးရောဂါအန္တရာယ်များတဲ့သူမှာ အသစ်ဖြစ်လာတဲ့ ဒီလိုလက္ခဏာတွေကို “အစာအိမ်ပဲ ဖြစ်မှာပါ” လို့ ကိုယ့်ဘာသာ မသတ်မှတ်သင့်ပါဘူး။ 🚨 ပိုအရေးကြီးတဲ့ သတိပေးချက် အရင်က လမ်းလျှောက်မှ ရင်ဘတ်အောင့်တာက - အခု နားနေရင်းပါ ဖြစ်လာတယ် - အရင်ထက် ပိုမကြာခဏ ဖြစ်လာတယ် - ပိုပြင်းလာတယ် - လှုပ်ရှားမှု နည်းနည်းနဲ့တောင် ဖြစ်လာတယ် - နားလိုက်တာတောင် မသက်သာတော့ဘူး ဆိုရင် အရေးပေါ်အခြေအနေ ဖြစ်နိုင်ပါတယ်။ ဒီလိုပြောင်းလဲလာတဲ့ ရင်ဘတ်နာကျင်မှုကို အိမ်မှာ စောင့်ကြည့်နေမယ့်အစား အရေးပေါ် ဆေးကုသမှု ခံယူသင့်ပါတယ်။ ဘယ်လို စစ်ဆေးမလဲ? 🩺 ရင်ဘတ်ဖိတင်းခြင်း၊ အသက်ရှူမဝခြင်း စတဲ့ လက္ခဏာတွေ ရှိလာရင် လူတိုင်းကို အကုန်တူတူ စစ်တာမျိုး မဟုတ်ပါဘူး။ ဆရာဝန်က လက္ခဏာ၊ အသက်၊ သွေးတိုး၊ ဆီးချို၊ ဆေးလိပ်သောက်ခြင်း၊ ကိုလက်စထရောနဲ့ မိသားစုရာဇဝင်တို့အပေါ် မူတည်ပြီး သင့်တော်တဲ့ စစ်ဆေးမှုကို ရွေးချယ်ပါတယ်။ Heart Attack ဖြစ်နေတယ်လို့ သံသယရှိတဲ့ အရေးပေါ်အခြေအနေမှာ ECG နဲ့ နှလုံးကြွက်သားထိခိုက်မှုကို စစ်ဆေးတဲ့ Troponin သွေးစစ်ခြင်းတို့ဟာ အရေးကြီးတဲ့ စစ်ဆေးမှုတွေ ဖြစ်ပါတယ်။ လိုအပ်ရင် Echo၊ CT သွေးကြောဓာတ်မှန် သို့မဟုတ် အခြားစစ်ဆေးမှုတွေ ထပ်လုပ်နိုင်ပါတယ်။ 🚨 Heart Attack သံသယရှိရင် ရင်ဘတ်အလယ်ပိုင်းမှာ ဖိ၊ ညှစ်၊ တင်းကျပ်သလို မအီမသာဖြစ်ပြီး  💔 လက်မောင်း၊ ကျော၊ လည်ပင်း သို့မဟုတ် မေးရိုးဆီ နာကျင်မှုပျံ့ခြင်း 😰 ချွေးအေး/ချွေးစေးထွက်ခြင်း 🫁 အသက်ရှူမဝခြင်း 🤢 ပျို့အန်ခြင်း 😵 မူးဝေခြင်း၊ သတိလစ်မလိုဖြစ်ခြင်း တွေ ပါလာရင် စောင့်မနေပါနဲ့။ အရေးပေါ် ဆေးကုသမှုကို ချက်ချင်း ခေါ်ယူပါ။ Heart Attack မှာ မိနစ်တိုင်း အရေးကြီးပါတယ်။ ကုသမှုမြန်လေလေ နှလုံးကြွက်သားပျက်စီးမှုကို လျှော့ချနိုင်လေလေ ဖြစ်ပါတယ်။ Heart Attack မဖြစ်ခင် “ဒီလက္ခဏာ ၆ ခု မဖြစ်မနေ ပေါ်လာမယ်” ဆိုတဲ့ သတ်မှတ်ထားတဲ့ စာရင်း မရှိပါဘူး တချို့ Heart Attack တွေဟာ ကြိုတင်သတိပေးလက္ခဏာ မရှိဘဲလည်း ဖြစ်နိုင်ပါတယ် အရေးကြီးတာက အရင်ကမဖြစ်ဖူးတဲ့ ရင်ဘတ်ဖိတင်းခြင်း၊ လှုပ်ရှားရင် မောလာခြင်း သို့မဟုတ် ယခင်ရှိပြီးသား လက္ခဏာတွေ ပိုဆိုးလာခြင်းကို မပေါ့ဆဘဲ စောစောစစ်ဆေးဖို့ ဖြစ်ပါတယ် ကူးယူဖော်ပြခွင့်မပြုပါ။ လွတ်လပ်စွာ မျှဝေရှယ် (Share) နိုင်ပါတယ် ခင်ဗျာ Dr. Beast🫀 #crd#for

About