@honey.min.min: Fashion Neurosis မှာ RM ပြောသွားတာလေး🫂🤍 ကလေးတွေက အတူတူ 15နှစ်လောက်ရှိလာကြတာ တစ်ယောက်ကိုတစ်ယောက် သံယောစဉ်ကြီးလွန်းလို့ ချစ်လွန်းလို့သာ ဒီလိုအကြာကြီး Bangtan ဆိုပြီး ရှိနေနိုင်တာ..။ Namjoon က Leadership နဲ့ပတ်သ၊တ်ပြီး ပြောပြခဲ့တာလေးပါ။ 🤍 🐨: ဒါက အခုထိ ခက်ခဲနေတုန်းပါပဲ ဘာလို့လဲဆိုတော့ ကျွန်တော်က Group ထဲမှာ ပထမဆုံး member ဖြစ်ခဲ့လို့ပါ။ အေဂျင်စီကလည်း အဖွဲ့ကြီးတစ်ခုအဖြစ် စုစည်းဖို့ ကျွန်တော့်ကို ဝန်ထုတ်ဝန်ပိုးအများကြီး ပေးခဲ့ပါတယ်။ ကျွန်တော်တို့က မြို့မတူ၊ နောက်ခံမတူ၊ အကြိုက်နဲ့ အိမ်မက်တွေ မတူကြဘူးလေ။ ဒါကြောင့် ပထမ 8 နှစ်၊ 9 နှစ်လောက်တုန်းက ကျွန်တော် member တွေအပေါ် ဖိအားပေးလွန်းတဲ့သူ၊ ဒါမှမဟုတ် ဖြစ်စေချင်လိုစိတ်ပြင်၊းထ၊န်တဲ့ Leader မျိုး ဖြစ်ခဲ့တယ်လို့ ထင်ပါတယ်။ ဘာလို့လဲဆိုတော့ အဲဒီတုန်းက အရာရာကို ထိန်းချုပ်ဖို့ ကြိုးစားခဲ့လို့ပါ။ ဒါပေမဲ့ အဖွဲ့က ပိုကြီးမားလာပြီး member တွေလည်း သူတို့ကိုယ်ပိုင် နာမည်တွေ၊ အနုပညာခရီးလမ်းတွေနဲ့ အများကြီး ရင့်ကျက်ကြီးပြင်းလာတဲ့အခါ အဲဒီနည်းလမ်းက ဆက်ပြီး အဆင်မပြေတော့ပါဘူး။ အဲဒီနောက်ပိုင်းမှာတော့ ကျွန်တော် ပြောဆိုဆက်ဆံပုံ နည်းလမ်းကို ပြောင်းလဲခဲ့ပါတယ်။ အခု ကျွန်တော်ထင်တာတော့ Leader တစ်ယောက်ဆိုတာ ဒီလိုမျိုးပါ။ ဥပမာ - လူတိုင်းက ဆိုဖာပေါ်မှာ အနားယူ လှဲနေကြတယ်ဆိုပါစို့ ၊ ပြတင်းပေါက်က ပွင့်နေပြီး အပြင်မှာ အရမ်းအေးနေတယ်။ တစ်ယောက်ယောက်ကတော့ ထပြီး ပြတင်းပေါက် သွားပိတ်ရတော့မယ်၊ ဒါပေမဲ့ ဆိုဖာပေါ်မှာ လဲနေရတာ အရမ်း သက်သောင့်သက်သာရှိပြီး ဇိမ်ကျနေတော့ ဘယ်သူမှ မထချင်ကြဘူး၊ ပျင်းနေကြတာပေါ့။ အဲဒီလိုအချိန်မျိုးမှာ လူတစ်ယောက်က မဖြစ်မနေ မတ်တပ်ထ၊ ဆိုဖာပေါ်ကဆင်းပြီး ခြေလှမ်းအနည်းငယ် လှမ်းသွားကာ တံခါးကို သွားပိတ်ပေးရတယ်မလား... အဲဒီလို လုပ်ပေးတာဟာ အဖွဲ့ရဲ့ အစိတ်အပိုင်းတိုင်းမှာ Leader တစ်ယောက် လုပ်ဆောင်ရတဲ့ အရာပဲလို့ ကျွန်တော် ထင်ပါတယ်၊ အဲဒါပါပဲ။ RM AT FASHION NEUROSIS #RMxFASHIONNEUROSIS #RM #BTS_ARMY_Forever마음에♡♡💜🔮 #crd_to_owner_with_respect
Honey Min Min
Region: MM
Wednesday 22 July 2026 16:20:44 GMT
Music
Download
Comments
MayMyoThu :
Our the best leader 💜💜💜💜💜💜💜
2026-07-23 02:43:45
1
😍Aye :
💜
2026-07-23 02:50:35
1
Nway oo :
အဲလိုခေါင်းဆောင်ကောင်းရှိတဲ့ညီလေးတွေအရမ်းကံကောင်းပါတယ်
2026-07-23 03:22:06
1
Thoon Khit :
ခေါင်းဆောင်ကောင်းလေး the best leader ever
2026-07-22 23:48:22
3
hachi ko :
ခေါင်းဆောင်ကောင်းဆိုတာ အပြောသက်သက်မဟုတ်ဘူး စွန့်လွှတ်အနစ်နာခံမှုနဲ့ တာဝန်ယူစိတ်
နဲ့ အရှေ့မှာ မားမားမတ်မတ်ရပ်တည်ပြီး တာဝန်ယူတဲ့ ခေါင်းဆောင်🥰🥰🥰
2026-07-22 23:27:01
3
Arr Xing🖤 :
မေးတဲ့သူနဲ့ဖြေတဲ့သူနဲ့ကတော်တော်ဟုတ်နေပီ အိမ်ကလူတွေတော့လုပ်လိုက်ရင်အဆန်းတေချည်း😅😅
2026-07-23 04:25:24
0
JK&TT💜 :
2026-07-23 02:14:04
0
Thoon Khit :
trans ထားတာလေးစဆုံးတင်ပေးပါလားရှင့်
2026-07-22 23:41:32
2
poison sue= army :
🥰🥰🥰
2026-07-23 01:13:09
1
MayTin :
💜💜💜
2026-07-23 01:57:00
1
win win :
🥰🥰🥰💜💜💜
2026-07-23 03:58:40
0
May Hnin Set Phyu :
💜💜💜
2026-07-23 04:13:36
0
Thandar Htay :
🐨🐻❄️🐿️🐇🐥🐭🐯👑👑👑👑👑👑
2026-07-23 04:17:26
0
To see more videos from user @honey.min.min, please go to the Tikwm
homepage.