@zawkomyo54: ချစ်ခြင်းကြောင့် သံသရာဟာ လည်စေနိုင်သလို မုန်းခြင်းကြောင့်လည်း သံသရာဟာ လည်စေနိုင်ပါတယ်။ ငါ့ဟာ ငါ့အိမ် ငါ့ပစ္စည်း စတဲ့ အစွဲတွေကလည်း သံသရာကို လည်စေနိုင်တဲ့ အဓိက မဏ္ဍိုင်တွေပါဘဲ။ ကံခိုင်တုန်းမှာ မာနတွေထောင်လွှားပြီး အနိမ့်မြင့် အတက်ကျ လောကဓံရဲ့သဘောတရား အလှည့်ပြောင်းတွေ တစ်ပတ်လည်ပြီး ကိုယ့်ဆီရောက်လာတဲ့အခါ အဲဒီလူတွေမှာ ေဖြရာမဲ့စွာ ပြိုလဲတတ်ကြပြန်ပါတယ်။ တစ်ပါးသူကို မုန်းစေခြင်းကလည်း ကိုယ့်ဘဝကို သံသရာရှည်စေတတ်ပါတယ်။ ကိုယ်အနိုင်မရလိုက်လို့ ကိုယ်အလျှော့ပေးလိုက်ရလို့ ကိုယ်ကခံလိုက်ရလို့ဆိုတဲ့ အငြိုးတေး အာဃာတတွေကြောင့် မပြုသင့် မပြုထိုက်တဲ့ ကာယကံ ဝစီကံ မနောကံ လို့ဆိုတဲ့ကံသုံးပါးနဲ့ ပြစ်မှားမိနေကြခြင်းကလည်း သံသရာကို ရှည်စေနိုင်ပါတယ်။ ထိုသို့သော အရာတွေကို မြတ်ဗုဒ္ဓကတော့ မစ္ဇျိမပဋိပဒါအလယ်အလတ် သောလမ်းဖြင့်ကျင့်ပြီး သံသရာကို ချုပ်ငြိမ်းစေခဲ့ပါတယ်။ မြတ်စွာဘုရားရှင်ဟာ ဘုရားမဖြစ်မီ သိဒ္ဓတ္ထဘဝကပင် ချစ်ခြင်းဟူသော ယသော်ဓရာဒေဝီနဲ့သားတော်ရာဟုလာတို့ကို စွန့်လွတ်ခဲ့ပြီး အဆောင်အယောင်နဲ့တကွ နန်းစည်းစိမ် ဥစ္စာတို့ကိုလည်း စွန့်လွတ်ခဲ့၍သံသရာကို တိုစေခဲ့ပါတယ်။ ဤသို့ဖြင့် အထက်ပါအကြောင်းရာတွေကို ကြည့်ခြင်းအားဖြင့် ညီတော်အာနန္ဒာရဲ့အမေးကို မြတ်ဗုဒ္ဓဖြေခဲ့တဲ့အဖြေက အရှင်းသားပေါ်လွှင်စေခဲ့ပါတယ်။ ဒါကြောင့် ကျွန်ုပ်တို့ ပုထုစဥ် လူသားတွေအနေနဲ့လည်း သံသရာကို ရှည်စေ လည်စေတဲ့ ချစ်ခြင်း မုန်းခြင်းတွေကို စွန့်ပြီး သံသရာတိုစေတဲ့ ဥပေက္ခာတရားကို လက်ကိုင်ထားပြီး အပူပင်ကင်းပြီး ငြိမ်းအေးတဲ့ နိဗ္ဗာန်ကို ရောက်အောင်သွားနိုင်ကြပါစေလို့ ဆန္ဒပြုလျက်...🙏ဇော်မျိုးနိုင်မှ...🙏 #ရှင်အာနန္ဒာရဲ့လျှောက်ထားချက် #ဓမ္မမိတ်ဆွေအပေါင်းသူတော်ကောင်းတို့🌹🌹🌹 #ဗုဒ္ဓဘာသာအမွေထွန်းလင်းနိုင်ပါစေ🙏🙏🙏
🇲🇲Mg Zaw Myo Naing 🇺🇦
Region: MM
Thursday 23 July 2026 02:25:45 GMT
Music
Download
Comments
Lin khant :
🙏🙏🙏
2026-07-23 02:53:05
0
955644 :
😳😳😳
2026-07-23 02:51:28
0
5/ဒီပဲယင်းသားလေး..... :
🙏🙏🙏
2026-07-23 04:16:50
0
To see more videos from user @zawkomyo54, please go to the Tikwm
homepage.