@myanmar_now: "ကြက်ဥဈေး ဘာကြောင့် စံချိန်တင်တက်လာတာလဲ" မြန်မာနိုင်ငံမှာ အခြေခံစားသောက်ကုန်ဖြစ်တဲ့ ကြက်ဥစျေးနှုန်းဟာ သမိုင်းတစ်လျှောက် အမြင့်ဆုံးအဖြစ် တစ်လုံးကို ကျပ် ၇၀၀ အထိ မြင့်တက်ခဲ့ပြီး၊ ငွေရှိနေရုံနဲ့တောင် လိုသလောက် ဝယ်မရတဲ့အထိ စျေးကွက်မှာ ပြတ်လပ်မှုတွေ ဖြစ်ပေါ်နေပါတယ်။ အရပ်သားအသွင်ပြောင်း စစ်အစိုးရက သတ်မှတ်ထားတဲ့ ရောင်းဈေးနဲ့ မြေပြင်ကုန်ကျစရိတ် မကိုက်ညီတာကြောင့် ကုန်တိုက်ကြီးတချို့မှာလည်း ကြက်ဥရောင်းချမှုကို ယာယီရပ်ဆိုင်းထားရပါတယ်။ လုပ်ငန်းရှင်တွေရဲ့ အဆိုအရ ကြက်ဥစျေးနှုန်း ထိုးတက်ရတဲ့ အဓိကအကြောင်းရင်းက သွင်းကုန်ကန့်သတ်ချက်တွေကြောင့် ကြက်သားပေါက်၊ ကြက်စာနဲ့ တိရစ္ဆာန်ဆေးဝါးတွေ ရှားပါးပြီး ကုန်ကျစရိတ် မြင့်တက်လာတာ ဖြစ်ပါတယ်။ ဒါ့အပြင် ရာသီဥတုအပြောင်းအလဲကြောင့် ကြက်ခြံတချို့မှာ ရောဂါကျရောက်ခဲ့တာကြောင့် မွေးမြူရေးလုပ်ငန်းတွေ လျော့ကျသွားပြီး ကြက်ဥအထွက်နှုန်းလည်း သိသိသာသာ ကျဆင်းသွားခဲ့ပါတယ်။ စစ်အစိုးရကတော့ ပြည်တွင်းကုန်ကြမ်းတွေနဲ့ အစားထိုးထုတ်လုပ်ပြီး ကြက်ဥစျေးနှုန်း ကျဆင်းအောင် လုပ်မယ်လို့ ပြောဆိုထားပေမယ့်၊ သွင်းကုန်ကန့်သတ်မှုတွေ ဆက်လက်ရှိနေသရွေ့ အခြေခံစားသောက်ကုန် ရှားပါးမှုနဲ့ စျေးနှုန်းမြင့်တက်မှုတွေ ဆက်လက်ဖြစ်ပေါ်နိုင်တယ်လို့ မွေးမြူရေးလုပ်ငန်းရှင်တွေက သုံးသပ်နေကြပါတယ်။ သတင်း၊ တင်ဆက် - သဇင်လှိုင် ရိုက်ကူး၊ တည်းဖြတ် - မြတ်ကြီး #MyanmarNow #news #ကြက်ဥစျေးနှုန်း

Myanmar Now
Myanmar Now
Open In TikTok:
Region: TH
Thursday 23 July 2026 04:58:49 GMT
86057
6143
217
349

Music

Download

Comments

june57092
ကိုရုမ်းလေး :
အရေအချင်းမရှိတဲ့သူတွေ့ အုပ်ချုပ်နေတာလေး
2026-07-23 10:30:10
130
shwenadi697
..... :
မကြာခင်1000ဖြစ်လာမယ် ကျလာဖို့ကမမြင် အနာနဲ့ဆေးက. တခြားစီဖြစ်နေ
2026-07-23 14:01:14
30
zaw.koko33
paterpa :
အရင် က ကြက်ဥ တစ်လုံး 100ပါ
2026-07-23 10:10:03
31
user493532289
La Min Thar :
စီးပွါးရေးကို ဘာမှ နားမလည်တဲ့အာဏာရှင်တွေက ဟိုဟာထိန်းချုပ်၊ ဒီဟာထိန်းချုပ်၊ နေရာတကာ ဝင်ပါနေသ၍ ပြည်သူတွေ ဒုက္ခရောက်နေမှာဘဲ 😂😂😂
2026-07-24 10:32:02
11
eitarlay
Ei Tar Lay :
ကြက်ဥဘဲမဟုတ်ပါဘူး အကုန်တက်တာပါရှင် အချိူမှုန့်အရင် 500တန် အိုးအသေးဆိပ်ကအခု 1000 ဆပ်ပြာမှုန့် 500တန် အခု 1000 အမွှေးဆီ အရင် 200တန်လေးတွေ အခု 600/700 ဆပ်ပြာတုံး 400က အခု 900 ဒါလုံးဝအသေးအဖွဲ ပုစိပေါက်စလေးတွေဈေးနော် အိမ်ရှင်မတွေလည်းအသက်ရှုကြပ်သထက်ကြပ်လာကြပီ
2026-07-23 13:36:50
19
seinmarlwin4
seinmarlwin :
လွန်ခဲ့တဲ့8နှစ်ကကိုတွေကြက်ဥဝယ်ရင်အနည်းဆုံးကတကဒ်ပဲဘာမှမစဉ်းစားပဲဝယ်ပစ်လိုက်လို့ရတယ်ခုများဘာ ချိန်ရလွန်းလို့ချိန်ခွင်ယူမသွားရတာတစ်ခုပဲစိတ်ညစ်ရလို့သေမယ်ဆိုအိမ်ရှင်မတွေထိပ်ဆုံးကပဲ
2026-07-24 05:04:08
5
khaing.su.latt.so
Su Latt :
ရက်၁၀၀စီမံကိန်းမှာ ကုန်ဈေးနှုန်းမကျပေမဲ့ ပြည်သူတစ်ရပ်လုံး စိတ်ဓာတ်ကျ
2026-07-23 16:18:16
19
narasoe01
NaRaSoe 01 :
ရက်၁၀၀စီမံကိန်းတဲ့ လူတွေတော့ အစာငတ်သေကုန်တော့မှာပဲ
2026-07-23 09:21:42
43
user75708613169588
သန်း ထိုက်စံ :
ခုချိန်ထိလဲ ငြိမ်ခံလို့ ကောင်းးနေကြတုန်းကိုး
2026-07-23 05:20:15
39
gojo.satoru1938
Gojo Satoru :
နိုင်ငံခြားကကြက်စာမတင်သွင်းရလို့ပါ ကြက်စာစျေးကြီးလို့ကြက်ဥစျေးတက်တာပါ စားသုံးသူများပြီးဥထွက်မမျှလို့ပါ
2026-07-24 12:27:23
1
may733674
နောင်တ :
အဘ အုပ်ချုပ်တာ အရမ်းတော်တာဘယ် ပြည်သူတွေး ငတ်သေကြပါတယ် သူတို့ဘယ် အဝစားသုံးကြမယ်
2026-07-23 14:03:00
12
skhkachin
小月 :
ကြက်ဥတောင်နပ်မမှန်တော့ဘူး 😏
2026-07-23 06:35:48
15
thinkha077
V§Goner :
အရင်ကဆိုတာ 85ကျပ်ဟ
2026-07-24 03:45:44
1
john15952
John :
COVID တုန်းက ကြက်ဥ၁လုံး ဘယ်လောက်လဲ ပြောကြည့်အုံး
2026-07-23 15:56:47
0
aye.chan378
Aye Chan :
အားလုံး ဒုက္ခ ေရာက် ေအောင် တမင် လု ပ် ေနတာ လား
2026-07-23 06:30:09
10
zuzel815
THET :
100တန် 700ရာဖြစ်တာ အံသြမဆုံး
2026-07-23 14:29:54
5
ning.aung.lin7
ning aung lin :
မွေးမြူရေးကြက်စာဈေးကို အရင်ကျအောင်လုပ်။ အဲလိုကျအောင် လုပ်ဖို့ဆိုတာလည်း အစာထုတ်စက်ရုံရဲ့ ကုန်ကြမ်းတင်သွင်းမှုနဲ့ သက်ဆိုင်တယ်။ အဲတော့ အစိုးရအနေနဲ့ တင်သွင်းဖို့ License ပေးပြီး $ ရောင်းပေးသော်လည်း $ ဈေးကအတက် + Import License Cost က ရှိသေး အဲတော့ ကုန်ကြမ်း တင်သွင်းတာကလည်း ဈေးတက်၊ 🥚 ဈေးက ဘယ်ကျနိုင်တော့မလဲ 🥚 ဈေးကျချင်ရင် * $ ဈေးကို အရင်ကျအောင် လုပ် * $ ဈေးကျဖို့ဆိုရင်လည်း Export များမှ ရမှာ * Export များဖို့ဆိုရင်လည်း Export Policy တွေ ပြင်ဖို့ လိုအပ်နေပြန်ရော အဲတော့ ကြက်ကတော့ ပုံမှန်ဥပေးရှာပါတယ်၊ ဒေါ်လာကသာ ကြက်ဥထက် ပိုဥပေးနေလို့ ပြဿနာတက်နေတာပါ
2026-07-24 08:07:45
1
aungmyothan377
A :
တရုတ်မှာကြက်ဥပေါတယ် လိုင်းပေါ်မှာကြက်ဥထုတ်တဲ့စက်ရုံကြိးရှိ့တယ် တရုတ်နိုင်ငံကအမြန်တင်သွင်းပေးပါ့မယ့်
2026-07-23 12:30:18
0
chuixkxfhop
cui xian :
ကုန်စျေး နှုံး မြင့်တက််မှု နောက်ဆက် တွဲ ဓါးမြ လူသတ် မှုခင်အစုံ များလာ မြ့င်တက်နေပါသည်
2026-07-23 16:01:18
2
kokomin0072
komin :
ကြက်ဥကို ကြက်ဖင်ထဲကထွက်တာလို့ထင်နေကြတာလေ
2026-07-23 06:11:32
5
user1082101228107
user1082101228107 :
အောင်ဆန်းစုကြည်ခေတ်မှာတစ်လုံးမှတစ်ဆယ်ပဲ2020-2026💰🇲🇲🌏💰
2026-07-23 14:05:41
1
akari_cocoo
B💘Heart :
ရပ်ကွက်ဆိုင် တွေကို အရေး ယူ city Mark လောက် ဘဲ အရေးမယူနဲ့
2026-07-23 17:21:36
1
keikkeik52
🍎🍆🍆🍆🍎 :
ရက်တစ်ရာစီမံကိန်း😂😂😂
2026-07-23 13:54:58
4
user7349595649526
Min Oo :
ကြက်စာဈေး၊သယ်ယူစားရိတ် ကျရင် ကြက်ဥဈေးကျမှာပဲ။ကြက်စာဈေးကျဖို့လာတွေလုပ်ပေးရမလဲ၊သယ်ယူစားရိတ်ကျဖို့ဘာတွေလုပ်ပေးရမလဲ၊အဲဒါတွေမလုပ်ဖဲကြက်ဥဈေးကျချင်လို့မရဘူး။
2026-07-24 03:21:13
1
tamlongu
tam=Tam :
မြန်မာ နေရာ အများကြီး ကြက်မွှေး ဖောက် စီးပွားရေး တခု
2026-07-23 10:38:51
3
To see more videos from user @myanmar_now, please go to the Tikwm homepage.

Other Videos


About