@nyinay.min: အပိုင်း (၆) ရှာဂျာဟန်ဘုရင်ဟာ မြေနေရာရရှိပြီးနောက် ရုပ်ကလာပ်ကို ထိုမြေနေရာမှာ ဒုတိယအကြိမ် ယာယီသင်္ဂြိုဟ်ပြီးတာနဲ့ တပြိုင်နက် တာဂ်ျမဟာတည်ဆောက်ရေးလုပ်ငန်းစဉ်အတွက်၊ဖောင်ဒေးရှင်းမြေကျင်းတူးခြင်းနှင့် အုတ်မြစ်ချခြင်း လုပ်ငန်းတွေကို ၁၆၃၂ ခုနှစ် အစောပိုင်းမှာပဲ ချက်ချင်း စတင်နိုင်ဖို့လုပ်ဆောင်ခဲ့ပါတယ်။ မိဖုရားကြီး ကွယ်လွန်ပြီး ၆ လအကြာ (၁၆၃၁ ခုနှစ်၊ ဒီဇင်ဘာလ) မှာ ရှာဂျာဟန်ရဲ့ အမိန့်နဲ့ သားတော်ကြီး ဒါရာရှီကိုး (Dara Shikoh) က မိခင်ဖြစ်သူရဲ့ ရုပ်ကလာပ်ကို ဘူဟန်ပူရ်ကနေ ရွှေခေါင်းတလားဖြင့် ထည့်သွင်းကာ အာဂရာမြို့ဆီ ပြန်လည်သယ်ဆောင်ခဲ့ပါတယ်။ ၁၆၃၂ ခုနှစ်၊ ဇန်နဝါရီလမှာ အာဂရာမြို့ကို ရောက်ရှိခဲ့ပြီး တာ့ဂျ်မဟာလ် တည်ဆောက်မယ့် ယမုနာမြစ်ကမ်းနားက မြေနေရာမှာပဲ ဒုတိယအကြိမ် ယာယီ ထပ်မံသင်္ဂြိုဟ်ခဲ့ပါတယ်။ ရှာဂျာဟန်ဟာ ဒက္ခိဏ (Deccan) စစ်ဆင်ရေးရဲ့ ပထမအဆင့် အဓိကရည်မှန်းချက်တွေကို အောင်မြင်စွာ ဆောင်ရွက်ပြီးမှ ၁၆၃၂ ခုနှစ်၊ ဇွန်လမှာ အာဂရာ (Agra) မြို့ကို ပြန်လည် ထွက်ခွာခဲ့တာ ဖြစ်ပါတယ်။ ဒီစစ်ပွဲ အောင်မြင်မှုနဲ့ အာဂရာသို့ ပြန်လည်ရတဲ့ အဓိက အကြောင်းအရင်း ၃ ချက် ရှိပါတယ် - ၁.စစ်ပွဲရဲ့ အဓိကပန်းတိုင်ဖြစ်တဲ့ သစ္စာဖောက် ဘုရင်ခံ ခန်ဂျာဟန်လိုဒီ (Khan Jahan Lodi) ကို မဂိုတပ်တွေက ၁၆၃၁ ခုနှစ်၊ ဇန်နဝါရီလ/ဖေဖော်ဝါရီလဝန်းကျင်မှာတင် လိုက်လံတိုက်ခိုက်ပြီး သုတ်သင်ရှင်းလင်းနိုင်ခဲ့ပါတယ်။ ၂.ပုန်ကန်သူကို ကူညီခဲ့တဲ့ အာမက်နာဂါနိုင်ငံကို မဂိုတပ်အင်အားကြီးမားစွာနဲ့ ထိရောက်စွာ ထိုးစစ်ဆင်ခဲ့တာကြောင့် အာမက်နာဂါ မင်းဆက်အတွင်း အချင်းချင်း စိစိညက်ညက်ကွဲပြီး အားနည်းသွားခဲ့ပါတယ်။ (နောက်ပိုင်း ၁၆၃၆ ခုနှစ်မှာတော့ အာမက်နာဂါနိုင်ငံတစ်ခွင်လုံး မဂိုအင်ပါယာထဲ လုံးဝ လက်အောက်ခံအဖြစ် ကျရောက်သွားခဲ့ပါတယ်)။ ၃.စစ်ပွဲအောင်မြင်သွားချိန် ၁၆၃၁-၁၆၃၂ ကာလမှာ ဒက္ခိဏဒေသတစ်ခုလုံး မိုးခေါင်ပြီး ဆိုးရွားလှတဲ့ ငတ်မွတ်ခေါင်းပါးမှုနဲ့ ကပ်ရောဂါ (Deccan Famine) ဆိုက်ရောက်လာခဲ့တာကြောင့် တပ်မတော်ကြီးတစ်ခုလုံးကို ဘူဟန်ပူရ်မှာ ဆက်လက်စခန်းချထားဖို့ ခက်ခဲလာခဲ့ပါတယ်။ ဒါ့အပြင် အာဂရာမှာ စတင်နေပြီဖြစ်တဲ့ မိဖုရားကြီး မွန်တာ့ဇ်မဟာလ်ရဲ့ တာ့ဂျ်မဟာလ် ဂူဗိမာန်ကြီး ဆောက်လုပ်ရေးကိုလည်း ကိုယ်တိုင် အနီးကပ် ကြီးကြပ်ချင်တာကြောင့် စစ်ပွဲအောင်မြင်သည်နှင့် အာဂရာသို့ ပြန်ခဲ့ခြင်း ဖြစ်ပါတယ်။ ရှာဂျာဟန်ဘုရင်သည် အာဂရာသို့ပြန် ရောက်ပြီးတာဂ်ျမဟာတည်ဆာက် ရေးမှာပညာရှင်များစွာနဲ့ကိုယ်တိုင်ဦးစီးပြီးတည်ေဆာက်ခဲ့ပါတယ်။ တာ့ဂျ်မဟာကို ဆောက်လုပ်ဖို့အတွက် အိန္ဒိယ၊ ပါရှန်း၊ အော်တိုမန် အင်ပါယာနဲ့ ဥရောပတို့က ဗိသုကာပညာရှင်တွေ၊လက်ေရေးလှပညာရှင်၊ ပန်းပုပညာရှင်တွေအပြင် လုပ်သားပေါင်း ၂၀,၀၀၀ ကျော် ပါဝင်ခဲ့ပါတယ်။ ပစ္စည်းကိရိယာတွေ သယ်ယူဖို့အတွက် ဆင်ကောင်ရေ ၁,၀၀၀ ကျော်ကိုအသုံးပြုခဲ့ရပါတယ်။ အဓိကဗိသုကာပညာရှင်အဖြစ် Ustad Ahmad Lahori ကို သမိုင်းမှတ်တမ်းများတွင်မကြာခဏဖော်ပြကြပါသည်။ တာ့ဂျ်မဟာကို တည်ဆောက်ရာမှာသန့်စင်တဲ့အဖြူရောင်စကျင်ကျောက်(Makrana marble)တွေကို(Rajasthan မှ)အသုံးပြုခဲ့ပြီးကမ္ဘာတစ်ဝန်းကအဖိုးတန် ကျောက်မျက်ရတနာ ၂၈ မျိုး (Jade, Crystal, Lapis Lazuli, Turquoise စသည်)ရွှေ၊ ငွေ၊ ကြေးဝါစသည့်အလှဆင်ပစ္စည်းများ အဆိုပါပစ္စည်းများကိုအာရှနှင့်အရှေ့အလယ်ပိုင်းဒေသအချို့မှတင်သွင်းခဲ့ကြသည်။အဖိုးတန် ကျောက်မျက်ရတနာ ၂၈မျိုးကိုစကျင်ကျောက်တွေထဲမှာ မြှုပ်နှံပြီးပန်းပြောက်အလှဆင်ခဲ့တာပါ။တာ့ဂျ်မဟာဟာ မနက်ခင်းမှာပန်းရောင်၊ညနေခင်းမှာရွှေရောင်နဲ့လပြည့်ညတွေမှာနို့နှစ်ရောင်အဖြစ်အလင်းအမှောင်အလိုက်အရောင်ပြောင်းလဲတတ်တာကလည်းထူးခြားချက်တစ်ခုဖြစ်ပါတယ်။ အဓိကအမိုးခုံးကြီး၏အမြင့်မှာ၇၃မီတာခန့်ရှိပါသည်။ထောင့်လေးထောင့်ရှိမျှော်စင်များ(Minarets)ကိုငလျင်ဖြစ်ပါကအပြင်ဘက်သို့လဲကျစေရန်အနည်းငယ်အပြင်ဘက်သို့စောင်းအောင်ဒီဇိုင်းထုတ်ထားပါသည်။ နံရံများတွင်ကုရ်အာန်ကျမ်းပိုဒ်များကိုအနုပညာလက်ရေးဖြင့်ထွင်းထုရေးသားထားပါသည်။ တာ့ဂျ်မဟာလ်ဂူဗိမာန်ကြီးတစ်ခုလုံး ပြီးစီးဖို့ ၂၂ နှစ်ခန့် (၁၆၅၃ ခုနှစ်အထိ)ကြာမြင့်ခဲ့ပေမဲ့၊ရုပ်ကလာပ်ထားရှိမယ့် ဗဟိုအဆောက်အအုံရဲ့မြေအောက်အုတ်ဂူခန်း(Crypt) ကတော့ဆောက်လုပ်ရေးစတင်ပြီးနှစ်အနည်းငယ်အတွင်းမှာတင် ပြီးစီးခဲ့ပါတယ်။ ဒါကြောင့် တာ့ဂျ်မဟာလ် ပင်မအဆောက်အအုံအကြမ်းထည်ပြီးစီးတဲ့အချိန်မှာပဲမိဖုရားကြီးရဲ့ရုပ်ကလာပ်ကိုအခုလက်ရှိတာ့ဂျ်မဟာလ်ရဲ့ အလယ်ဗဟိုမြေအောက်ခန်းဆီထာဝရအခြေချ ရွှေ့ပြောင်းသင်္ဂြိုဟ်ပေးခဲ့တာဖြစ်ပါတယ်။ Taj Mahalတည်ဆောက်ရာမှာခန့်မှန်းခြေ(Mughal)မဂိုငွေကြေး"ရူပီး၃၂သန်း(32 million rupees)"ခန့်ကုန်ကျခဲ့တယ်လို့သမိုင်းမှတ်တမ်းအများစုကဖော်ပြပါတယ်။အဲဒီငွေဟာ ၁၇ ရာစုအချိန်ကငွေကြေးတန်ဖိုး ဖြစ်ပါတယ်။ယနေ့ခေတ်တန်ဖိုးနဲ့ဆို အမေရိကန်ဒေါ်လာသန်းရာပေါင်းများစွာမှ ဒေါ်လာ ၁ဘီလီယံကျော်(USD 500million မှ 1+ billion ခန့်)တန်ဖိုးရှိနိုင်တယ်လို့ယူဆကြပါတယ်။ အပိုင်း(၇)ကိုဆက်ပြီးရေးသားပါမည်။ သမိုင်းမှတ်တမ်းများသည်အကွဲအလွဲရှိနိုင်ပါသည်။ ♡Nyinay Min🍁🎸
♡Nyinay Min🍁🎸
Region: MM
Thursday 23 July 2026 09:55:47 GMT
Music
Download
Comments
kumari karki :
सतनाम वाहेगुरु सतनाम वाहेगुरु🌷🌷🌷🌷
2026-07-29 05:13:53
1
@Aung_Aung1 :
song name please
2026-07-24 06:08:57
1
Arvin :
hi
2026-07-28 08:55:02
1
သံယော်စဥ်.ချစ်.အငယ် :
🥰🥰🥰🥰🥰🥰
2026-07-28 07:36:44
1
Ko.soemyint :
ပညာတော့ရပ။ နောက်ဆုံးတော့အကုန်ထားခဲ့ရ။ အာခေရတ်တွက်ရှာသွားရင်တော့အမြတ်ဘဲ
2026-07-29 09:13:18
0
wee :
good
2026-07-24 04:51:39
1
Dramar. Kumar :
မန်းမန်းသာမဟန်
2026-07-23 15:27:16
1
ချစ်လူမိုက် :
2026-07-24 15:41:47
1
user17931658629661 :
Thanks
2026-07-26 08:22:40
1
N 🎀 :
2026-07-26 17:42:39
1
hengminzaw :
စိတ်ဝင်စားဖို့ကောင်းတယ် နောက်ဆက်တွဲးတင်ပေပါ
2026-07-24 14:38:49
1
U Htay Myint :
သူ့၏သေပြီးမှရတဲ့
အကောင်းဆုံးဂူကြီးလား
မသေခင်သာအကောင်းဆုံး
တွေပိုက်ပြီးပြန်ပါရစေ။
2026-07-27 07:17:28
2
♡Nyinay Min🍁🎸 :
🌹တာဂ်ျမဟာအပိုင်း(၆)🌹
2026-07-23 09:56:19
0
ganbro :
မသိတာကိုသိခွင်ရလိုကျေးဇူးပါ🥰🥰🥰
2026-07-27 16:43:50
1
Ko Myo :
@ကျေးဇူအများကြီးတင်ပါတဲ
2026-07-24 00:42:31
1
shinaz :
Jee
2026-07-25 04:59:47
1
user17931658629661 :
သီးချင်းလေးကို သဘောကျ
2026-07-26 08:22:20
1
Mobile Phone :
ကျေးဇူးပါ
2026-07-24 16:13:07
1
kumari karki :
2026-07-29 05:04:29
1
kumari karki :
2026-07-29 05:04:26
1
TUn nim :
ကျေးဇူးပါ
2026-07-24 14:58:12
1
ညိုညို မညို :
🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰
2026-07-24 14:16:55
1
Kyaw swar :
🥰🥰🥰
2026-07-23 13:22:15
1
To see more videos from user @nyinay.min, please go to the Tikwm
homepage.