@milkymochan: ၁၂ နှစ်သား Xu Chang Yang မော်လျဲကို စရောက်တုန်းက အိမ်ပြန်ချင်တယ်ဆိုပြီး အမြဲရန်ရှာခဲ့တယ်။ အခုတော့ မော်လျဲကို သူ့ရဲ့အိမ်ဖြစ်အောင် သူကိုယ်တိုင် တည်ဆောက်နိုင်ခဲ့ပြီ။ ချစ်ရသူကိုလည်း သူ့အနားခေါ်နိုင်ခဲ့ပြီ။ သူချစ်ရတဲ့ Feng Qing Lang ကလည်း သူ့နည်းတူ မလျော့တဲ့ချစ်ခြင်းနဲ့ သူ့ကို ပြန်ချစ်ပေးခဲ့တယ် 🤍 ချစ်ရသူအတွက် လိုအပ်သမျှကို ထုတ်ပြောစရာမလိုဘဲ ဖြည့်ဆည်းပေးနိုင်တဲ့အချိန်အထိ Xu Chang Yang က ကြိုးစားခဲ့တယ်။ အခက်အခဲတွေကြားကနေ ရှင်သန်လာခဲ့တဲ့ ချစ်ခြင်းကို ဖြတ်တောက်ဖို့ဆိုတာ သိပ်မလွယ်ဘူး။ အဖက်ဖက်က တိုက်ခိုက်မှုတွေကလည်း ခဏတာပဲ သက်ရောက်မယ်လို့ ယုံကြည်တယ်။ Xu Chang Yang ဟာ မော်လျဲကိုချစ်တယ်။ လက်ဖက်ပင်တွေကိုချစ်တယ်။ သဘာဝတရားကိုချစ်တယ်။ ပြီးတော့... သူ့ကိုကို Feng Qing Lang ကို အနက်ရှိုင်းဆုံး ချစ်တယ် 🤍 ဒါကြောင့် သူဝမ်းနည်းနေတဲ့အချိန်မှာ မော်လျဲရဲ့ တောတောင်နတ်မင်းတွေက သူ့ကို ပစ်ထားမှာမဟုတ်သလို၊ သူ့ကိုကို Feng Qing Lang ကလည်း သူ့ကို ဘယ်တော့မှ ပစ်ပယ်ထားမှာမဟုတ်ဘူး။ ခွဲခွာရခြင်းမှာ လက်လွှတ်လိုက်တာဟာ မချစ်လို့ မဟုတ်ဘဲ တစ်ဖက်လူရဲ့ အနာဂတ် ပိုကောင်းစေချင်လို့ ဖြစ်တတ်တယ်။ Feng Qing Lang က Xu Chang Yang ကို တစ်နေ့ လက်လွှတ်ရမယ်ဆိုရင်တောင် အဲဒါဟာ မချစ်လို့မဟုတ်ဘူး။ ချစ်လွန်းလို့... သူ့ကလေးရဲ့ အနာဂတ်ကို ကိုယ့်အချစ်ထက် ပိုအလေးထားလို့ပဲ။ ဒါပေမယ့် ယုံကြည်တယ်... တစ်နေ့နေ့မှာ Xu Chang Yang က သူ့ကိုကိုဆီကို ပြန်လာရှာမယ်။ ဒါမှမဟုတ် Feng Qing Lang ကိုယ်တိုင်ကပဲ သူ့ကလေးကို ပြန်သွားခေါ်လာမယ် 🤍🍃 #awintersunwakesthewindinspringhillsdream
⋆.˚モン˙⋆✮
Region: MM
Thursday 23 July 2026 11:46:02 GMT
Music
Download
Comments
Maple Mon :
ရေးထားတာလေး အရမ်းသဘောကျ🥰
2026-07-23 15:10:41
2
Stella Thwe :
ဘယ်လိုအင်အားတွေနဲ့ ကြည့်ရမလဲ ep 10 ကို တပိုင်းထဲပဲရက်စက်ကြပါလို့ အားတင်းပြီးကြည့်မယ်လေ
2026-07-24 06:25:29
0
To see more videos from user @milkymochan, please go to the Tikwm
homepage.