@panthitsar578: ‎အရမ်းသဘောကျမိတဲ့ စာသားလေးတစ်ခု ရှိတယ်.မင်းတစ်ခုခုကို အရမ်းစွဲလမ်းနေတဲ့အခါ ‎လက်လွှတ်ကြည့်လိုက်ပါတဲ့... ‎ ‎ဖတ်ခါစတုန်းကတော့ ကျွန်တော်က နားမလည်နိုင်ဘူးဖြစ်နေတယ် စွဲလမ်းတယ်ဆိုတာ တန်ဖိုးထားတာပဲလေဘာလို့ လက်လွှတ်ရမှာလဲပေါ့... ‎ ‎​သေသေချာချာ အချိန်ယူပြီး စဉ်းစားကြည့်လိုက်တော့ အဓိပ္ပါယ်ကို ခပ်ရေးရေးလေး တွေ့လာရတယ်... ‎ ‎ဟုတ်ပါတယ် စွဲလမ်းမှုဆိုတာ အချိန်ကြာလာရင် ‎အတင်းအကြပ် ဖြစ်လာတတ်တယ်... ‎ ‎သင့်ကိုယ်သင် ပြန်မေးကြည့်ပါ မင်းဆုပ်ကိုင်ထားလို့ သူကမင်းလက်ထဲမှာ ရှိနေတာလား... ‎ ‎(ဒါမှမဟုတ်) သူကိုယ်တိုင်က မင်းလက်ထဲမှာ ရှိချင်လို့လားဆိုတာ ခွဲခြားနိုင်ဖို့ လိုတယ်... ‎ ‎အဲ့ဒါကို ဘယ်လို သိနိုင်မလဲဆိုရင် မင်း လက်ကို ဖြန့်လိုက်ပါ တကယ်လို့ အဲ့ဒီအရာက မင်းနဲ့ ထိုက်တန်တယ် မင်းကို လိုအပ်တယ်ဆိုရင် ‎လက်လွှတ်လိုက်ပေမယ့်လည်း မင်းနားက ထွက်သွားမှာ မဟုတ်ဘူး... ‎ ‎ဒါပေမယ့် မင်းက အတင်းဆုပ်ကိုင်ထားမှသာ ‎မြဲနေတာမျိုးဆိုရင်တော့ အဲ့ဒါ မင်းကို ပင်ပန်းစေမယ့် အရာတစ်ခုပဲ... ‎ ‎ဒါဆိုရင် လက်လွှတ်လိုက်တာက ပိုပြီး ခိုင်မြဲစေတယ်လို့ ပြောချင်တာလား.... ‎ ‎မဟုတ်ဘူး လက်လွှတ်လိုက်ခြင်းက အမှန်တရားကို မြင်ရစေတာ တင်းကြပ်အောင်ဆုပ်ကိုင်ထားလို့ တည်မြဲနေတဲ့အရာထက်... ‎ ‎လွတ်လပ်ခွင့် ပေးထားလျက်နဲ့ မင်းနားမှာ ရှိနေတဲ့အရာကမှ ပိုပြီး တန်ဖိုးရှိတာလေ... ‎ ‎မင်းကို တန်ဖိုးထားတဲ့ အရာဆိုရင် မင်းက လက်လွှတ်လိုက်လည်း သူက ထွက်သွားမှာ မဟုတ်ဘူး... ‎ ‎တခါတလေမှာ ကျွန်တော်တို့ဟာ ကိုယ်ဖြစ်ချင်တာတွေကိုပဲ အတင်းအကြပ် ဆုပ်ကိုင်ထားရင်းနဲ့ တဖက်လူရဲ့ ဆန္ဒ (ဒါမှမဟုတ်) အခြေအနေမှန်ကို မျက်ကွယ်ပြုမိနေတတ်ကြတာပဲ... ‎ ‎ကိုယ့်ကို တကယ်လိုအပ်တဲ့အရာ ကိုယ်နဲ့ တကယ်ထိုက်တန်တဲ့အရာဆိုရင် ဘယ်လို အခြေအနေမျိုးမှာမဆို ကိုယ့်နားမှာ ရှိနေမှာပါ... ‎ ‎အတင်းအကြပ် ဆုပ်ကိုင်ထားရမှ မြဲနေမယ့် အရာမျိုးဆိုရင်တော့ ကိုယ့်အတွက်ရော သူ့အတွက်ပါ နှစ်ဖက်စလုံးရဲ့စိတ်အေးချမ်းမှုအတွက် လက်လွှတ်လိုက်တာကသာ ‎အကောင်းဆုံး ဆုံးဖြတ်ချက် ဖြစ်ပါလိမ့်မယ်... ‎ ‎ဘယ်အရာကို စိုးရိမ်စိတ်နဲ့ အရမ်းကြီး ဆုပ်ကိုင် မထားပါနဲ့။ ဒါက သင့်အတွက် အဖြေမှန် မဟုတ်ပါဘူး လွှတ်ချကြည့်လိုက်ပါ..... crd_to_owner_with_respect

SST 151
SST 151
Open In TikTok:
Region: SG
Thursday 23 July 2026 11:52:01 GMT
22059
1654
10
187

Music

Download

Comments

oo.min.zaw412
Oo Min Zaw :
❤️
2026-07-24 04:46:59
1
nay686338
Nay :
ညီမလေးမဂ်လာနံနက်ခင်လေးပါ
2026-07-24 01:57:12
1
yan10294
Yan :
🥰🥰🥰
2026-07-23 13:30:28
1
user608697029
myo aung :
🥰🥰🥰
2026-07-26 08:27:49
1
amm1360
Pyu Kyaw :
🥰🥰🥰
2026-07-26 04:31:27
1
way.gyi95
Way Gyi :
🥰🥰🥰
2026-07-24 15:34:06
1
ukyaw.kyaw22
Ukyaw kyaw ပျူနွယ်ဖွား :
🥰🥰🥰
2026-07-26 11:24:56
1
nay686338
Nay :
😳😳😳
2026-07-24 01:57:18
1
minlwin481
minlwin481 :
❤️❤️❤️
2026-07-23 12:28:50
1
aungmyolwim44
AungMyoLwim44 :
🥰🥰🥰🥰🥰🥰🥰
2026-07-26 17:10:18
1
To see more videos from user @panthitsar578, please go to the Tikwm homepage.

Other Videos


About