@_menahil19:

𝓜𝓲𝓷𝓪𝓱𝓲𝓵🐣
𝓜𝓲𝓷𝓪𝓱𝓲𝓵🐣
Open In TikTok:
Region: PK
Thursday 23 July 2026 12:08:02 GMT
18803
2494
22
37

Music

Download

Comments

To see more videos from user @_menahil19, please go to the Tikwm homepage.

Other Videos

အမြဲတမ်း ကိုယ့်ကိုယ်ကိုယ် ပြန်မေးမိတဲ့ မေးခွန်းတစ်ခုရှိတယ်။
အမြဲတမ်း ကိုယ့်ကိုယ်ကိုယ် ပြန်မေးမိတဲ့ မေးခွန်းတစ်ခုရှိတယ်။ "ချစ်ခြင်းတရားမှာ တကယ်ပဲ အရည်အချင်း သတ်မှတ်ချက်တွေ ရှိနေတာလား" လို့။ သူ့ရှေ့မှာ ရပ်နေတဲ့ ကိုယ့်ကိုကြည့်လိုက်ရင်... သူလိုချင်တဲ့ ဂုဏ်ဒြပ်တွေ၊ သူမျှော်လင့်တဲ့ ပြည့်စုံမှုတွေ ကိုယ့်မှာ ရှိမနေခဲ့တာ အမှန်ပါပဲ။ ဒါပေမဲ့ ကိုယ့်မှာရှိတဲ့ အရာအားလုံးကို ပုံအောပြီး ပေးဆပ်ခဲ့တဲ့အချစ်ကတော့... ဘယ်သူ့ထက်မဆို ပိုပြီး စစ်မှန်ခဲ့ပါတယ်။ ဒါကိုပဲ မပြည့်စုံတဲ့သူက ပေးတဲ့အချစ်မို့လို့ သူ့အတွက် တန်ဖိုးမရှိတာလား...။ သူ ကိုယ့်ကို ဥပေက္ခာပြုပြီး ကျောခိုင်းထွက်သွားတဲ့ အခိုက်အတန့်က... တကယ်ကို ရက်ရက်စက်စက်ပါပဲ။ ကိုယ့်ရဲ့ ကမ္ဘာတစ်ခုလုံး ပြိုလဲသွားတာကို သိလျက်နဲ့တောင်သူ တစ်ချက်ကလေးမှ လှည့်မကြည့်ခဲ့ဘူး။ သူ့အတွက်တော့ အမှိုက်တစ်ခုကိုလွှင့်ပစ်လိုက်သလို လွယ်ကူလွန်းလှပေမယ့်၊ကိုယ့်မှာတော့ ရင်ဘတ်တစ်ခုလုံး ဓားနဲ့အမွှန်းခံလိုက်ရသလို ခံရခက်လွန်းပါတယ်။ "အဆင်ပြေလား" လို့ မေးဖို့ နေနေသာသာ... ကိုယ့်ရဲ့ တည်ရှိမှုကိုပါ သူ့ရဲ့ မှတ်ဉာဏ်ထဲကနေ အပြီးတိုင် ဖျောက်ဖျက်ပစ်လိုက်တာ။ ကိုယ်ပေးခဲ့တဲ့ သံယောဇဉ်တွေ၊ကိုယ်နဲ့အတူတူ ဖြတ်သန်းခဲ့တဲ့ အချိန်တွေက... သူ့အတွက်တော့ ဒီလောက်တောင် လွယ်လွယ်နဲ့ မေ့ပစ်လို့ရတဲ့ အရာတွေလား။ တစ်ခါတလေကျရင် တွေးမိတယ်...။ ကိုယ်သာ သူလိုချင်တဲ့ ပုံစံမျိုးနဲ့ ပြည့်စုံနေခဲ့ရင်... သူ ကိုယ့်ကို ဒီထက်ပိုပြီး တန်ဖိုးထားမလား? သူ ကိုယ့်အပေါ် ဒီထက်ပိုပြီး ကြင်နာမလား? ဒါပေမဲ့ အဖြေက ရှင်းနေပါပြီ။ သူက ကိုယ့်ရဲ့ "အချစ်" ကို ကြည့်ခဲ့တာမဟုတ်ဘဲ၊ ကိုယ့်ရဲ့ "မပြည့်စုံမှု" ကိုပဲ အပြစ်မြင်ခဲ့တာကိုး။ ရက်စက်လွန်းတဲ့ သူ့ရဲ့ ဥပေက္ခာတွေအောက်မှာ နာကျင်စွာနဲ့ပဲ သင်ခန်းစာတစ်ခု ရလိုက်ပါတယ်။ အချစ်ဆိုတာ ပေးဆပ်ရုံနဲ့ မလုံလောက်ဘူးဆိုတာရယ်...၊ တန်ဖိုးမထားတတ်တဲ့သူ ရှေ့မှာတော့ ကိုယ့်ရဲ့ အချစ်တွေက အပိုအလုပ်တစ်ခု ဖြစ်နေတတ်တယ်ဆိုတာပါပဲ။ #Credit #viral #trending #tiktok #views

About