@mkl43007: အမျိုးသမီး (၈) ယောက်မှာ (၁) ယောက်ဟာ ရင်သားကင်ဆာ ဖြစ်ပွားနိုင်ခြေ ရှိတယ်ဆိုတာ သင်သိပါသလား⁉️ နောက်ပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ ခန့်မှန်းချက်အရ ရင်သားကင်ဆာကြောင့် တစ်နှစ်တာအတွင်း ကမ္ဘာတစ်ဝန်းမှာ အမျိုးသမီး (၆) သိန်း (၈) သောင်းခန့် သေဆုံးလျက်ရှိပါတယ်။ ဒီကိန်းဂဏန်းကို တစ်မိနစ်နှုန်းနဲ့ တွက်ချက်ကြည့်မယ်ဆိုရင် တစ်မိနစ်မှာ ပျမ်းမျှအားဖြင့် ၁ ဒသမ ၃ ယောက်ခန့် သေဆုံးနေတယ်လို့ ဆိုနိုင်ပါတယ်။ 😱 ဒါပေမယ့် ရင်သားကင်ဆာဆိုတာ စောစီးစွာ ရှာဖွေတွေ့ရှိပြီး မှန်ကန်တဲ့ ကုသမှု ခံယူနိုင်ရင် သေဆုံးနိုင်ခြေကို အများကြီးလျှော့ချပေးနိုင်ရုံသာမက ရောဂါကို အမြစ်ပြတ်ကုသနိုင်ပါတယ်။ . ✨ရင်သားကင်ဆာကို အိမ်မှာပဲ ကိုယ်တိုင်စစ်ဆေးကြမယ် ✨ ရင်သားကင်ဆာကို စောစီးစွာသိရှိနိုင်ဖို့ အိမ်မှာတင် အလွယ်တကူ စစ်ဆေးကြည့်နိုင်ပါတယ်။ 👉 စစ်ဆေးဖို့ အကောင်းဆုံးအချိန်က ရာသီလာပြီးပြီးချင်း (၃) ရက်နဲ့ (၅) ရက်ကြားမှာ စစ်ပါ။ ဒီအချိန်ဆိုရင် ရင်သားက နူးညံ့ပြီး စမ်းရတာ ပိုလွယ်တယ်။ 👉 ရာသီမလာတော့တဲ့သူတွေဆိုရင်တော့ တစ်လမှာ တစ်ရက်လောက် သတ်မှတ်ပြီး ပုံမှန်စစ်ပေးပါ။ . 💢 စစ်ဆေးတဲ့နည်းလမ်း (၃ ဆင့်) 1️⃣ မှန်ရှေ့မှာ ရပ်ပြီး ကြည့်မယ်။ အဝတ်အစားချွတ်ပြီး မှန်ရှေ့မှာ ရပ်ပါ။ လက်ကို ဘေးချလိုက်၊ ခါးထောက်လိုက်၊ ပြီးရင် လက်နှစ်ဖက်ကို အပေါ်မြှောက်လိုက်လုပ်ပြီး ကိုယ့်ရင်သားပုံစံကို သေချာကြည့်ပါ။ အရွယ်အစား တစ်ဖက်နဲ့တစ်ဖက် မတူတော့တာ၊ အရေပြားအရောင် ပြောင်းသွားတာ၊ ဒါမှမဟုတ် နို့သီးခေါင်းက အတွင်းကို ချိုင့်ဝင်သွားတာမျိုး ရှိမရှိ စစ်ကြည့်ပါ။ 2️⃣ လှဲအိပ်တဲ့ အနေအထားနဲ့ စမ်းကြည့်မယ်။ ဘယ်ဘက်ရင်သားကို စမ်းမယ်ဆိုရင် ဘယ်လက်ကို ခေါင်းအောက်မှာ ထားပြီး ညာလက်နဲ့ ဘယ်ဘက်ရင်သားကိုစမ်းပါ။ ညာဘက်ရင်သားကို စမ်းမယ်ဆိုရင် ညာလက်ကို ခေါင်းအောက်မှာ ထားပါ။ ညာဘက်လက်ချောင်းထိပ် (လက်ညှိုး၊ လက်ခလယ်၊ လက်သူကြွယ်) သုံးချောင်းကို သုံးပြီး ရင်သားတစ်ဝိုက်ကို စက်ဝိုင်းပုံစံလေး ဖြစ်ဖြစ်၊ အပေါ်အောက်ပုံစံလေး ဖြစ်ဖြစ် ဖြည်းဖြည်းချင်း ဖိပြီး စမ်းကြည့်ပါ။ ရင်သားတစ်ခုလုံးနှံ့စပ်အောင် စမ်းဖို့လိုသလို၊ ချိုင်းကြားကိုပါ စမ်းပေးဖို့ မမေ့ပါနဲ့။ . ဘာတွေကို သတိထားရမလဲ⁉️ 👉 အဖုအကျိတ်တစ်ခုခု စမ်းမိနေတာ (မနာဘဲ မာပြီး ရွှေ့မရတဲ့အဖုဆိုရင် ပိုသတိထားပါ) 👉 အရေပြားက လိမ္မော်သီးအခွံလိုမျိုး ကြမ်းတမ်းပြီး အပေါက်ကလေးတွေ ဖြစ်နေတာ 👉 နို့သီးခေါင်းကနေ သွေးထွက်တာ၊ အရည်တစ်ခုခုထွက်တာ (နို့တိုက်မိခင် နို့ရည်ထွက်ခြင်းမှလွဲ၍) 👉 နို့သီးခေါင်း (သို့မဟုတ်) ရင်သားတစ်နေရာရာက အထဲက ချိုင့်ဝင်သွားတာ ရှိရင်ဆရာဝန်နဲ့ အမြန်ဆုံး သေချာစစ်ဆေးကြည့်ဖို့လိုပါမယ်။ ✍️ by Dr. Khine_ကျန်းမာပျော်ရွှင်သောဘဝ

MKL-MC
MKL-MC
Open In TikTok:
Region: MM
Thursday 23 July 2026 17:17:28 GMT
501074
22675
29
7050

Music

Download

Comments

usereithinzar12345678
꧁🐷🍓🐷𝕻𝖎𝖓𝖐𝖞🐷🍓🐷꧂ :
စမ်းလိုက်တာကြိတ်တော့တွေ့တယ်နောက်ပီးနာလဲနာတယ်
2026-07-27 13:20:07
8
thaemaroo383
💥💥ဒေါ်သဲသဲ💥💥ခရမ်းသူလေး💜💜 :
ခွဲပီးပါပီ
2026-07-27 14:06:06
5
thuzar6970
椹·Kᴀɪᴛʟʏɴ_Jone :
နို့သီးခေါင်းတဝိုက်အရေခွန်တွန့်သလိုဖြစ်တာကရော
2026-07-27 10:26:50
4
paypau1237
FOS :
နို့သီးခေါင်းက ငယ်ကတည်းကမထွက်သာဆိုရင်ကောဆရာ လက်ခဏာ လားရှင့်
2026-07-27 17:00:23
1
moe.ei045
🐷Moe ( အိ )😍 :
ဆရာလာဆရာမလာတာ့မသိဘူးရှင့် မီးရင်သားအောင်မှာအဖုအကျိတ်တစ်ခုရှိတယ်ရှင့်ဖစ်နေတာကြာပီလနှစ်တာ့ရှိပီရှင်ဆေး ခန်းပြကြည်တာ့အဆီအကြိတ်လို့ပြောတယ်ရှင် မီးဖစ်နေတာရင်သားကင်ဆာလာရှင်ပြောပြပေးနော်🥹
2026-07-28 09:31:34
1
yex.si.daing.mhawm
Yex si daing mhawm🎙️🎙️🎤🎤 :
ရင်သာကနာပြီးညစမလိုက်ရင်ပြည်ထွက်ပြီးနို့ရည်ကြည်လိုထွက်လာပါတယ်🥺🥺🥺
2026-07-28 08:32:19
0
meiqi51
🦋 :
နို့သီးခေါင်းယားရင်ဘာဖိတာလဲဟင်
2026-07-29 13:39:07
0
ye.naung.oo851
Ye Naung Oo :
ကျေးကျေး
2026-07-28 14:28:40
0
maypan69920
ကျောက်မဲ့ခရိုင်သူလေ :
မေးလို့ရမလာရှင့်
2026-07-26 13:38:21
5
wai73605
Wai 🕯️ :
တစ်ဖက်တည်းကပဲ ခဏခဏနာနေရင်ရော စိုးရိမ်ရလားရှင့်
2026-07-27 15:30:20
0
eunji6262
Eun Ji 💎official 2.4M✅ :
အတွင်းဝင်နေတာဆိုးရိမ်ရလား
2026-07-28 13:11:59
2
minkoko4974
Taurus 🇲🇲🇰🇷 :
အဲ့တာတွေသိလို့ အိမ်ကနှလုံးသားကြီးကို ညတိုင်းစို့တာ😁😌
2026-07-29 12:33:24
0
milokikileobella111
🌸PannEiZon🌸 :
မင်းပဲစမ်းပေး
2026-07-27 16:05:35
0
geetaverma297
♉Taurus♉🇮🇳🇲🇲 :
@Phyo Lay
2026-07-27 13:24:01
2
user010719281
@🍒ပူတူးရဲ့ကိုကို🍒237 :
😳😳😳
2026-07-26 01:11:26
4
kyaw.thu.lin6921
Kyaw Thu Lin :
🥰🥰🥰
2026-07-27 14:12:34
0
eainthk2
Eaint :
😂😂😂
2026-07-28 15:33:07
0
yamin.207
😘မေမေ့ချစ်မဝလေး🥰 :
🥰🥰🥰
2026-07-27 15:42:35
0
htet.htet.moe7194
🌄🪴Htet Htet Moe🌱🌻 :
😂😂😂
2026-07-29 15:16:17
0
moehtet3068
MoeHtet :
🥰🥰🥰
2026-07-26 15:12:00
1
To see more videos from user @mkl43007, please go to the Tikwm homepage.

Other Videos


About