@yannaing.mgmg: ရည်းစားထားဖူးတဲ့သူတွေဆို သိမှာပါ... 😂 ည ၉ နာရီလောက်က... "ခဏလေးပဲ ပြောမယ်နော်..." ဆိုပြီး Chat စလိုက်တာ... သတိထားမိတော့... ညသန်းခေါင်ကျော်လို့ မနက် ၁ နာရီ၊ ၂ နာရီ ဖြစ်နေပြီ။ "နင်အရင်အိပ်..." "မင်းဖုန်းချမှ ကိုယ်ချမယ်..." "Good Night ❤️" ကိုလည်း အခါတစ်ရာလောက် ပြောပြီးမှ အိပ်ဖြစ်ကြတာ။ အဲဒီ Chat Box လေးထဲမှာ... သူ့မြို့မှာ အခြေချမလား... ကိုယ့်မြို့ကို ခေါ်လာမလား... ဘယ်လိုအိမ်လေး ဆောက်မလဲ... အဲဒါတွေနဲ့တင် မပြီးသေးဘူး... သားသမီး ဘယ်နှယောက်ယူမလဲ... နာမည် ဘာပေးမလဲ... ဘယ်ကျောင်းထားမလဲဆိုတာအထိ... ကလေးတောင် မမွေးရသေးဘူး... တစ်ဘဝလုံးအတွက် အစီအစဉ်တွေ ကြိုဆွဲထားလိုက်ကြသေးတယ်။ 😄 အဲဒီတုန်းကတော့... ဒါတွေအားလုံး တကယ်ဖြစ်လာမယ်လို့ ယုံကြည်ခဲ့ကြတာပေါ့။ အခုတော့... အစိမ်းရောင်မီးလေးကို စောင့်ကြည့်ရတဲ့နေ့တွေလည်း မရှိတော့ဘူး... Block သွားလို့... သူ့ Friend List ထဲမှာလည်း ကိုယ်မရှိတော့ဘူး... ကိုယ့် Friend List ထဲမှာလည်း သူမရှိတော့ဘူး... 😂 တစ်ချိန်က... "Good Night ❤️" မပြောဘဲ မအိပ်တတ်တဲ့ လူနှစ်ယောက်က... အခုတော့... Account ရှာချင်ရင်တောင် ရှာမတွေ့တော့တဲ့ အခြေအနေထိ ရောက်သွားကြပြီ။ 😅 ဒါပေမယ့်... တချိန်က အိပ်ရေးပျက်ခံပြီး Chat Box ထဲမှာ စာရိုက်ခဲ့တာတွေက... အကျိုးတော့ မယုတ်ခဲ့ပါဘူး။ စာရိုက်နှုန်း မြန်လာတယ်... Reply ပြန်တာ မြန်လာတယ်... စကားပြောစွမ်းရည်လည်း တိုးလာတယ်။ အခုဆို... လူတစ်ယောက်နဲ့ Chat Box ထဲမှာ စကားနည်းနည်းလောက် ပြောလိုက်တာနဲ့... သူ့စာရိုက်တဲ့အမြန်နှုန်းကို ကြည့်ပြီး... "ဒီလူ... ညအိပ်ပျက်ခံပြီး Chat ခဲ့ဖူးတာ သေချာတယ်..." လို့ တွေးမိနေပြီ။ 😄 ပြီးတော့... ကျွန်တော်ကတော့... ကျွန်တော်ထက် စာရိုက်ပိုမြန်တဲ့သူတွေကို ပို​ပြီးတော့ အထင်မသေးရဲဘူး။ 🤭 ဘာလို့လဲဆိုတော့... ဒီလို Typing Skill က... လူတစ်ယောက်တည်းနဲ့ Chat ခဲ့လို့ ရလာတဲ့ Level မဟုတ်လောက်ဘူး... 😜 #foryou #Relationship#typingskill 🤣

Yannaing
Yannaing
Open In TikTok:
Region: MM
Friday 24 July 2026 08:58:06 GMT
342
54
25
2

Music

Download

Comments

jklatt83
a mone tinchay🦋🦋🍃🍂🍃 :
ကျတော့်ကိုပြောတာလားကိုကြီး🙄🙄🙄
2026-07-24 16:05:24
1
thet.naing.oo3535
ကိုသားကြီး :
မရယ်ချင်ဘူးနော်..ဟွန်း..
2026-07-24 09:28:15
1
user3373130578395
☺မမွန် 😊 :
😂😂😂😂အခုမသူံးဘူးတာပါဗျ🥰🥰🥰
2026-07-24 10:26:07
1
daw.you.theingi
မွိုင်လုယန် :
🥰🥰
2026-07-24 09:29:45
1
tin.mar.cho516
Tin Mar Cho :
2026-07-24 15:12:34
1
nono.nandar
Nono nandar :
😅😅😅😅😅
2026-07-24 10:11:28
1
xarminxtet
Ma khaing :
ဟုတ်လောက်တယ် အခုဆို နာတို့တောင်စာရိုက်တာနည်းနည်းမြန်လာပေါ့ 🤣🤣🤣
2026-07-24 09:26:39
1
jasmidpxb59
စံပယ် :
💋💋💋
2026-07-24 10:08:03
1
khantthawleo
Khant:Pharmacy Official 11:11 :
🍀🍀🍀
2026-07-24 09:15:57
1
ayethiayethi1
ayethiayethi1 :
😁😁😁😁😁
2026-07-25 07:44:49
1
To see more videos from user @yannaing.mgmg, please go to the Tikwm homepage.

Other Videos


About