@remontempan: Fenomena #KaburAjaDulu: Saat Gen Z Memilih 'Log Out' dari Realitas Finansial dan Karier

remontempan
remontempan
Open In TikTok:
Region: ID
Friday 24 July 2026 09:08:51 GMT
0
0
0
0

Music

Download

Comments

There are no more comments for this video.
To see more videos from user @remontempan, please go to the Tikwm homepage.

Other Videos

ယောက်ျားတစ်ယောက်က သူဒေါသထွက်နေတဲ့အချိန် သူ့ပါးစပ်ကနေ ပြောထွက်လာတဲ့ စကားလုံးတွေက သူတို့စိတ်ရင်းထဲကလာတာ။
ယောက်ျားတစ်ယောက်က သူဒေါသထွက်နေတဲ့အချိန် သူ့ပါးစပ်ကနေ ပြောထွက်လာတဲ့ စကားလုံးတွေက သူတို့စိတ်ရင်းထဲကလာတာ။ "သူဒေါသထွက်လို့ ပြောလိုက်တာ၊ နေပါစေ" လို့ ဖြည့်မတွေးနဲ့။ ဘယ်ယောက်ျားမှ မ 'အ' ဘူး။ သူတို့ဘယ်စကားလုံးကိုသုံးရင်၊ ဘယ်လိုလုပ်ရပ်ကိုလုပ်ရင် ဒီမိန်းမ ဘယ်လောက်ထိ နာကျင်သွားမလဲ သူတို့ကောင်းကောင်းသိတယ်။ "ကိုယ်နာကျင်သွားမှာကို နည်းနည်းလေးမှ မစိုးရိမ်လို့၊ ကိုယ့်ကိုမငဲ့ညာလို့" ပြောရက်လို့ ပြောထွက်တာ၊ လုပ်ရက်လို့ လုပ်ကြတာ။ မိန်းမတွေက ရန်ဖြစ်တဲ့အချိန်မှာ ရင်ထဲမပါတဲ့စကားလုံးတွေနဲ့ စကားနာထိုးတယ်၊ ပြန်အဆင်ပြေသွားတဲ့အချိန် ရင်ထဲက စကားတွေပြောတယ်။ ယောက်ျားတွေက ရန်ဖြစ်စကားများတဲ့အချိန် ရင်ထဲမှာ မြိုသိပ်ထားတဲ့စကားလုံးတွေ ပေါက်ကွဲထွက်လာတယ်၊ ပြန်အဆင်ပြေသွားတဲ့အချိန် ရင်ထဲမပါတဲ့စကားတွေနဲ့ ပလီတယ်။ ကိုယ့်မကြိုက်တဲ့ အရာတွေကို ပါးစပ်က ထုတ်ပြောပြီး complains တက်နေတယ်ဆိုတာ တစ်ဖက်သားအပေါ် စိတ်မပျက်သေးပဲ နှစ်ယောက်ကြားက ဆက်ဆံရေးကို ပိုပြီးကောင်းမွန်အောင် တည်ဆောက်ချင်စိတ် ရှိနေသေးလို့လို့ ဒီလို မလုပ်ပါနဲ့ မကြိုက်ပါဘူး ဒီလိုလုပ်ရင် ဘယ်လို စိတ်အနာတရ ဖြစ်ရပါတယ်လို့ သေချာပြောပြ ချပြထားပါရက်နဲ့ ရည်ရွယ်ချက်ရှိရှိ ကျူးလွန်နိုင်ခြင်းဟာ ကိုယ်နဲ့ဝေးရမှာ မကြောက်လို့ပဲ။ တချို့လူတွေက ဘယ်တော့မှ မထားခဲ့ဘူးလို့ ကတိပေးတယ် ဒါပေမဲ့ အဝေးကို ပြေးထွက်သွားအောင် သူတို့ကိုယ်တိုင် တွန်းအားပေးခဲ့ကြတာ။ ယောက်ျားတွေက သူတို့ချစ်တဲ့သူအပေါ်ပဲ ငဲ့ညာတာ။ သူတို့မချစ်တဲ့သူအပေါ်ဆို စကားလုံးနဲ့ဖြစ်စေ၊ လုပ်ရပ်နဲ့ဖြစ်စေ ထိခိုက်နာကျင်သွားအောင် လုပ်ရက်ဖို့ ဝန်မလေးကြဘူးတဲ့ တကယ်မှန်တဲ့စကား။ စိတ်ဆိုး၊ စိတ်ကောက်ချိန် မှား/မှန် မျက်ရည်တွေနဲ့ အိပ်ယာမဝင်စေပဲ ပြန်ချော့ပေးတဲ့သူ၊ ရန်ဖြစ်စကားများတဲ့အချိန် စကားလုံးနဲ့ရော အပြုအမူနဲ့ပါ ကိုယ့်ကိုမနာကျင်စေတဲ့သူ၊ ဘယ်အချိန်မျိုးမှာမဆို စိတ်လုံခြုံမှု/နွေးထွေးမှု ပေးနိုင်တဲ့သူမျိုးကိုပဲ လိုချင်ခဲ့ဖူးတာ။ ဒဏ်ရာဖြစ်အောင်လုပ်ပြီး ဆေးပေးတဲ့သူမျိုး မလိုချင်ဘူး။ အစတည်းက ဒဏ်ရာမရအောင် ကာကွယ်ပေးတဲ့သူမျိုးကိုပဲ လိုအပ်တာ။crd

About