@tik.toker_tiktoker: အမေရိကန် ဒေါ်လာသန်းရာချီတန်တရုတ်ဒုံးပျံ ပစ်လွှတ်ပြီး စက္ကန့်ပိုင်းအတွင်း မိုးကြိုးပစ်ခံရ ဒီမိုကရက်တစ်ပရက်စ် ၂၄ ဇူလိုင် ၂၀၂၆ အမေရိကန်ဒေါ်လာ သန်း ၂၀၀ အထက် တန်ဖိုးရှိသည့် တရုတ်နိုင်ငံ၏ Long March-3B ဒုံးပျံသည် ရှီးချန်း အာကာသယာဉ် ပစ်လွှတ်ရေးစခန်း (Xichang Satellite Launch Center) မှ ပစ်လွှတ်ပြီး စက္ကန့်ပိုင်းအလိုတွင် မိုးကြိုးပစ်ခတ်ခံခဲ့ရခြင်းဖြစ်သည်။ သို့သော်လည်း ခရီးစဉ်အတိုင်း ဆက်လက်ပျံသန်းကာ Tianlian-2-06 ဂြိုဟ်တုကို သတ်မှတ်ပတ်လမ်းကြောင်း (GTO) အတွင်းသို့ ပို့ဆောင်ပေးခဲ့ကြောင်း တရုတ်အစိုးရက သတင်းထုတ်ပြန်ခဲ့သည်။ အဆိုပါဖြစ်စဉ်သည် မိုးကြိုးပစ်ခတ်မှု ထူထပ်သည့် ရှီးချန်းစခန်းမှ ပစ်လွှတ်လိုက်ချိန်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဒုံးပျံ ပစ်လွှတ်စင်မှ ထွက်ခွာသွားသည်နှင့် လျှပ်စီးကြောင်း ပစ်ခတ်ခံခဲ့ရခြင်းဖြစ်သည်။ Tianlian-2-06 ဂြိုဟ်တုသည် တရုတ်၏ အချက်အလက်များ ဆက်သွယ်ပေးပို့သည့် ကွန်ရက် (Data Relay Network) အတွက် ၆ စီးမြောက် ဂြိုဟ်တုဖြစ်သည်။ ယင်းဂြိုဟ်တုများသည် မြေပြင်စခန်းများနှင့် ဝေးကွာသော အာကာသယာဉ်များ၊ လူလိုက်ပါသည့် အာကာသခရီးစဉ်များနှင့် ဒုံးပျံပစ်လွှတ်မှုများအတွက် ဆက်သွယ်ရေးဆိုင်ရာ အချက်အလက်များကို ချိတ်ဆက်ပေးပို့ပေးသည်။ #democraticpress #china #rocket

Tiktoker
Tiktoker
Open In TikTok:
Region: US
Friday 24 July 2026 10:11:13 GMT
251128
10277
349
875

Music

Download

Comments

chawmon294
တောသား လေး :
လူမပြောနဲ့ သကြားမင်းက တောင်မုန်းတာ
2026-07-24 11:59:39
740
nyithuta042
koLin :
ကောင်ကင်ရော မြေကြီးကပါလက်မခံတော့ဘူး
2026-07-24 15:06:40
346
user1087211280267
စိန်ရွှေဖြိုး :
မိုးနက်မင်းတောင်လက်မခံတော့ဘူး
2026-07-24 16:03:12
97
uchiha.sasuke8720
Uchiha Sasuke :
China wii fail
2026-07-25 12:58:06
0
tin494816
Chit ya aung :
ကောင်းကင်က တောင်တရုတ်ကိုလက်မခံဘူး
2026-07-24 15:07:01
127
mr.jinmelin
Mr.Jinmelin :
မိုးနတ်မင်းကသူ့ပစ်တယ်ထင်ပြီးပြန်ပစ်တာ
2026-07-26 03:26:47
11
saibernhkumzaumai1
SAIBER COFFEE ☕️💝 :
😲နတ် တောင်မကြိုက်မှတော့ပြင်ဆင်သင့်ပြီ စိတ်နေစိတ်ထား
2026-07-24 15:20:05
82
ulaygyi6875
U Lay Gyi :
ကမ္ဘာစောင့်နတ်တွေကတောင် လက်မခံတော့ဘူးနော်
2026-07-25 02:31:08
44
kohein19880
ကွေ့တီယို :
သကြားမင်းက သူ့ကိုပစ်တယ်မှတ်လို့ ဒုံးခွင်းနဲ့ပြန်ပစ်လွှတ်လိုက်တာနေမှာ🤭
2026-07-24 15:56:47
16
kosithushine
မဟာဂန္ဓာရီဣစ္ဆာသယ :
လူရောနတ်ရောအမုန်းခံနေရပီ
2026-07-24 15:50:11
20
user2588600358228
user2588600358228 :
ကံညံနေရင်ဘာမှမလုပ်တာကောင်းတယ်
2026-07-25 03:56:20
11
zaw.myanmar44
𝔃𝓪𝔀 𝓝𝓪𝓲𝓷𝓰 𝓣𝓾𝓷 :
တရုတ်လဲ ဘာဖြစ်မသိ မျိုးစုံဖြစ်နေတာ
2026-07-24 16:49:57
11
u.pan778
U Pan :
ပျက်ကျယင် နိမိတ်မကောင်းဘူးလို့ ပြောမလို့ ပျက်မကျပဲ လိုရာလဲရောက်တယ် ဒုံးပျံနောက်ပိုင်းမဟုတ်ပဲ ရှေ့ကနေနောက် အဲလိုပစ်တာမို့ တရုတ်ဟာ လူထု သို့အစိုးရ သို့ ခေါင်းဆောင်ပိုင်းဟာ ပစ္စုပ္ပာန်လက်ရှိမျိုးဆက်ကောင်းစားဖို့ ရှိတယ်လို့ နိမိတ်ဖတ်မယ် ဒါပေမယ့် အတွန်းအတိုက် အတိုက်အခိုက်ခံရမယ် ကျော်လွှားနိုင်မယ် အတန်ငယ် ယိုင်နှဲ့မယ်တန့်မယ် ဒီလို ဖတ်ချင်တယ်ဗျာ ။မှန် မမှန် ဆယ်စုနှစ် တစ်ခု နဲ့ အဲ့ကာလ ကျော် ၀န်းကျင်ကြာယင် နိမိတ်စကား မှန်၊မမှန် သိရမယ်။
2026-07-24 16:40:08
8
user4621797101725
Sai Khant :
😁မိုးကြိုးပစ်တယ်ဆိုကထည်းကနိမိတ်မကောင်းဘူးတရုတ်စက်က
2026-07-24 15:49:07
20
u.aye.naing860
U aye Naing :
ဒုံးပျံတွေလွှတ်တင်ရင် မိုးကြိုးအန္တရယ်ရှိတပ်မှန်းသိလို့ ကြိုတင်ကာကွယ်တဲ့စနစ်လုပ်ထားပါတယ် အခုလည်းအောင်မြင်သွားတာပဲ လူသားတွေရဲအောင်မြင်မှု့ဖြစ်တဲ့အတွက်လူတွေဂုဏ်ယူရမှာပေါ့
2026-07-25 00:27:56
11
iceice28686
Ice Ice :
သကြားမင်းတောင်မနေနိုင်တော့ဘူး😁😁😁😁😁😁😁😁😁
2026-07-24 23:05:15
8
myatsusuwin.3
myatsusuwin :
ကြမာရဟတ်လှည်ပြီး
2026-07-24 12:51:06
10
ran.chyo
Ran Chyo :
ငယ်ငယ်က ပြည်သူ့တရားရှင်ဇာတ်ကားထဲကလိုပေါ့ သူတို့အယူအဆအရတော့ အပြစ်ပေးတာပါပဲ
2026-07-24 16:15:26
7
user31600568363196
Aung Gyi :
အမေရိကန်ကလှမ်းပစ်တာဖစ်မယ်😂
2026-07-24 15:16:47
6
mayu35834
ma yu :
ငါထင်သလိုပြောကြတာပဲ
2026-07-24 12:56:00
12
ko.kyaw.zin992
Ko.Kyaw.Zin(☸Official☸) :
2026-07-25 11:29:01
2
ko.latt5954
KO LATT :
မိုးကြိူးလွဲ တပ်ဖို့ မေ့သွားတယ် sorry 🥺🥺🥺
2026-07-26 02:03:19
4
star.photo09
Star photo :
စဉ်းစားကြည့်မြင်အောင်ကြည့်ဖြစ်စဉ်တွေကသဘာဝတရားရဲ့ဒဏ်ခတ်ချင်းဆိုတာရှောင်လွဲမရစိတ်ကောင်းမွေးကျပါ
2026-07-25 00:03:47
0
king.author46
King Author :
Beginning the thundering
2026-07-25 09:41:14
0
pyaephyoaung7943
Pyae Phyo Aung1996 :
လူမပြောနဲ့မိုးနတ်မင်းတောင်မကြိုက်ဘူး😆😆😆
2026-07-24 16:28:27
4
To see more videos from user @tik.toker_tiktoker, please go to the Tikwm homepage.

Other Videos


About