@homeland.news.mm: နေပြည်တော်မှာ စစ်တပ်နဲ့ UWSA ငြိမ်းချမ်းရေး ဆွေးနွေးမယ် "ဝ" ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ဟာ နေပြည်တော်မှာ ကျင်းပပြုလုပ်နေတဲ့ စစ်တပ်ရဲ့ ရက် (၁၀၀) ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို တက်ရောက်သွားမယ်လို့ WNL ရဲ့ သတင်းဖော်ပြချက်အရ သိရပါတယ်။ နေပြည်တော်မှာ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) နဲ့ UWSA တို့ တွေ့ဆုံမယ့် အဲဒီ ငြိမ်းချမ်းရေးဆွေးနွေးပွဲကိုတော့ လာမယ့် ဩဂုတ်လအတွင်း ပြုလုပ်သွားမှာဖြစ်ပြီး ဆွေးနွေးပွဲရက်ကိုတော့ အတိအကျ မသိရှိရသေးဘူးလို့ ပြောပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၆ ခုနှစ် ဇွန် ၁၈ ရက်ကလည်း NSPNC ဥက္ကဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နဲ့ UWSA ကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။ အလားတူ ၁၀၂၇ စစ်ဆင်ရေးကိုဖော်ဆောင်ခဲ့တဲ့ ညီနောင်မဟာမိတ်အဖွဲ့ဝင် မြန်မာအမျိုးသား ဒီမိုကရေးတစ် မဟာမိတ်တပ်မတော် (MNDAA) ကလည်း နေပြည်တော်ကို ငြိမ်းချမ်းရေးဆွေးနွေးပွဲ သွားရောက်မယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။ ညီနောင်မဟာမိတ်အဖွဲ့ဝင်ဖြစ်တဲ့ တအာင်းတပ် (TNLA) ကလည်း အခုလ ဇူလိုင် ၁၉ ရက်နေ့မှာ NSPNC နဲ့ နေပြည်တော်မှာ တွေ့ဆုံခဲ့ပြီး တအာင်းပြည်နယ်ဖွဲ့စည်းဖို့ တောင်းဆိုခဲ့ပါတယ်။ #ငြိမ်းချမ်းရေး #UWSP #UWSA #TNLA #MNDAA #SNA #RCSS #SSPP

Homeland News Agency
Homeland News Agency
Open In TikTok:
Region: TH
Friday 24 July 2026 12:15:00 GMT
2682
55
3
3

Music

Download

Comments

kokod8139
Ko Ko :
@
2026-07-27 02:30:39
0
user4512526144238
南部的叶龙👸🇦🇿 :
🥰🥰🥰
2026-07-26 15:13:54
0
a.s.d.f.g.h.j.k.l30
a s d f g h j k l z :
🥰
2026-07-28 04:20:51
0
To see more videos from user @homeland.news.mm, please go to the Tikwm homepage.

Other Videos


About