@zph197: ယေ = အကြင်ပုဂ္ဂိုလ်တို့သည်။ ကာယေန = ကိုယ်နဲ့လည်း။ ဒုစ္စရိတံ = သတ်ဖြတ်မှု မတရားယူမှု လွန်ကျူးပျော်ပါးလိုက်စားမှုဆိုတဲ့ ဒုစရိုက်ကို။ စရန္တိ = ပြုကျင့်၍ နေကြလေကုန်၏။ ဝါစာယ = နှုတ်နဲ့လည်းပဲ။ ဒုစ္စရိတံ = မုသာဝါဒ လိမ်ညာမှု။ ပိသုဏဝါစာ = ဂုန်းချောမှု။ ဖရုသဝါစာ = ကြမ်းတမ်းရိုင်းစိုင်းတဲ့စကားတွေ ပြောဆိုမှု။ သမ္ဖပ္ပလာပ = အရည်မရ အဖတ်မရ အကျိုးမရှိတဲ့ စကားတွေပြောပြီးတော့ အချိန်ဖြုန်းမှုဆိုတဲ့ ဝစီ ဒုစရိုက်ကို။ စရန္တိ = ပြုကျင့်တွေးကြံ၍ နေကြလေကုန်၏။ မနသာ = စိတ်နဲ့လည်းပဲ။ ဒုစ္စရိတံ = မကောင်းတဲ့ အတွေးအကြံ မနောဒုစရိုက်ကို။ စရန္တိ = ပြုကျင့်တွေးကြံ၍ နေကြလေကုန်၏။ တေသံ = ထိုကိုယ်.နုတ်.စိတ် သုံးမျိုးတို့နဲ့ မကောင်းတာလုပ် မကောင်းတာပြော မကောင်းတာတွေးကြံနေကြတဲ့သူတွေဟာ။ အတ္တာ = မိမိကိုယ်ကို။ အပ္ပိယော = မချစ်တဲ့သူတွေပါပဲလို့။ ဧဝံ = ဤကဲ့သို။ မေ = ဘုရားတပည့်တော်၏။ စေတဿ ပရိဝိတက္ကော = စိတ်အကြံစည်သည်။ ဥဒပါဒိ = ထင်ရှားဖြစ်ပေါ်လာပါတယ် ဘုရားရယ်လို့။ ပသေနဒီ ကောသလော = ပသေနဒီ ကောသလအမည်ရှိတဲ့။ ရာဇာ = မင်းကြီးသည်။ ဘဂဝန္တံ = ဘုန်းတော်ခြောက်ပါသခင် ဘုရားရှင်ကိုယ်တော်မြတ်ကို။ အဝေါ စ = ရွှေနားတော်ကြားအောင် လျှောက်ထားလိုက်ပါပေတော့သတည်း။#crd #ဖိုးလမင်းဆရာတော်အရှင်စန္ဒောဘာသ #myanmartiktok🇲🇲🇲🇲 #သာသနာ့ဝန်ထမ်းရှင်ရဟန်း✨
phyo lay
Region: MM
Friday 24 July 2026 11:56:04 GMT
Music
Download
Comments
There are no more comments for this video.
To see more videos from user @zph197, please go to the Tikwm
homepage.