@danipinheirooficial: #CapCut

Dani Pinheiro Oficial 🌹
Dani Pinheiro Oficial 🌹
Open In TikTok:
Region: BR
Friday 24 July 2026 23:34:27 GMT
11235
316
0
3

Music

Download

Comments

There are no more comments for this video.
To see more videos from user @danipinheirooficial, please go to the Tikwm homepage.

Other Videos


"ဒီနေ့ခေတ်က ဝိနည်းနဲ့ပတ်သက်ရင် သိက္ခာပုဒ်အသေး လေးတွေကို လိုက်နာစရာမလိုဘူးလို့ ယူဆနေကြတယ်။ သိက္ခာပုဒ်အသေးလေးတွေကို ဂရုတစိုက်လိုက်နာမှ သိက္ခာပုဒ်အကြီးတွေကို ထိန်းနိုင်မှာပေါ့။ ပါရာဇီကကျတဲ့ရဟန်းဆိုတာ သိက္ခာပုဒ်အသေးကို လွန်ကျူးမိတာက စတာပဲ။ သိက္ခာပုဒ်အသေးကို မလွန်ကျူးဘဲ ပါရာဇီကကျတဲ့ အဖြစ်မျိုးရောက်ဖို့ ခက်တယ်။ သိက္ခာပုဒ်အသေးတွေကို အလေးမထားဘဲ တစ်စတစ်စ လွန်ကျူးရာကနေ သိက္ခာပုဒ်အကြီးတွေကို အရှက် အကြောက်မရှိ လွန်ကျူးမိတော့တာပဲ။ ဥရောပက ဒကာတယောက်က သီရိလက်ာဘုန်းကြီး တစ်ပါးကို မေးတယ်။ "အရက်သောက်ပေမယ့် သူများကိုဒုက္ခမပေးရင်လဲ သုရမေရယသီလ ပျက်တာပဲလား" တဲ့။ "ဟုတ်တယ်၊ ဘယ်သူ့ကိုမှ ဒုက္ခမပေးပေမယ့် အရက် သောက်ရင် သုရာမေရယသီလ ပျက်တာပဲ" လို့ ဘုန်းကြီးကဖြေတယ်။ ဒကာက ဒီမဖြေကို သဘောမကျမှန်းသိတော့ ဘုန်းကြီး က ဆက်ပြီးရှင်းပြတယ်။ "သူများကို ဒုက္ခမပေးပေမယ့် မိမိရဲ့စိတ်ကိုမထိန်းဘဲ စိတ်အလိုလိုက်ပြီး အရက်သေစာကို သောက်စားနေရင် စိတ်စွမ်းအားတွေ ကျဆင်းတယ်။ စိတ်ကိုထိန်းချူပ်နိုင်စွမ်း အားနည်းရင် အခြားသီလတွေ ကို ထိန်းနိုင်ပါ့ဦးမလား။ ဒါကြောင့်ဘုရားက သုရာမေရယ ငါးပါးသီလထဲမှာ ထည့်ဟောထားတာပေါ့။ သူပြောတာမှန်တယ်၊ အသေးအဖွဲ့ဆိုပြီး လျော့မတွက်ဖို့ ဘုရားကိုယ်တိုင် "လဋုကိကောပမသုတ်" {မဇ္စျိမပဏ္ဏသ- ၁၁၁} မှာ ဟောထားတာရှိတယ်" အရှင်အဘယာလင်္ကာရ (မဟာဝိဟာရဝါသီ) #ဆုံးမသြဝါဒ #KSCF #KoShineCharity #foryoupage #fypシ゚

About