@ty651945ss5: "နှိမ့်ချခြင်းရဲ့တန်ဖိုး" ➖➖🦋🦋🦋➖➖🌷🌷🌷➖➖➖🌹🌹🌹 လောကမှာ မပြည့်တဲ့ အိုးတွေက ဘောင်ဘင်ခတ် တတ်ပါတယ်။ အဲ့ဒီလို ဘောင်ဘင်ခတ်ရင်းနဲ့ အိုးထဲက အရာတွေ တဖြည်းဖြည်း ကုန်သွားတတ်ပါတယ်။ လူတချို့က ကိုယ့်ကိုယ်ကိုယ် အတော်ဆုံးပါလို့ ထင်မြင်ပြီး တစ်ဖက်သားကို အထင်သေးတတ်ကြတယ်။ အဲ့ဒီလိုလူမျိုးတွေက ခပ်များများပဲ။ ကိုယ့်ထက် မိုးပျံအောင် တော်တတ်နေသူတွေ တပုံကြီးရှိတယ်ဆိုတာ သိထားဖို့ လိုပါတယ်။ လူတချို့က ကိုယ့်ကိုယ်ကိုယ် အချမ်းသာဆုံးပါလို့ မှတ်ထင်ပြီး ဆင်းရဲနွမ်းပါးတဲ့ တစ်ဖက်သားကို ချိုးနှိမ်တတ်ကြတယ်။ ကိုယ့်ထက် ကျပ်ကျပ်တောက် ချမ်းသာသူတွေ ဒုနဲ့ဒေး ရှိတယ်ဆိုတာ သိထားဖို့ လိုပါတယ်။ လူတချို့က ကိုယ့်ကိုယ်ကိုယ် ပြည့်စုံလွန်းသူလို့ သတ်မှတ်ပြီး တစ်ဖက်သားကို နှာခေါင်းရှုံ့တတ်ကြတယ်။ ကိုယ့်ထက်ပေါများ ပြည့်လျှံသူတွေ အမြောက်အများ ရှိတယ်ဆိုတာ သိထားဖို့ လိုပါတယ်။ ဘဝမှာ လူတိုင်းကတော့ သူ့အရည်အချင်းနဲ့သူ ရှိကြပါတယ်။ ကိုယ့်မှာ မရှိတဲ့ အရည်အချင်းတွေ သူ့ဆီမှာ ရှိနိုင်သလို သူ့မှာ မရှိတဲ့ အရည်အချင်းတွေလည်း ကိုယ့်ဆီမှာ ရှိနိုင်ပါတယ်။ ဘာမှ မမြဲတဲ့ လောကကြီးမှာ ဘဝကို ပုံသေ တွက်မထားပါနဲ့။ အောင်မြင်ခြင်းနဲ့ ရှုံးနိမ့်ခြင်းဆိုတာ ခေါင်းနဲ့ ပန်းလိုပဲ အနီးဆုံးမှာ ရှိနေတာမို့ ဘယ်သူ့ကိုမှ အနိမ့်နဲ့ အမြင့် မခွဲခြားတာ ကောင်းပါတယ်။ လောကမှာ အမြဲတမ်း အောင်မြင်နေတဲ့သူ မရှိနိုင်သလို အမြဲတမ်း ရှုံးနိမ့်နေတဲ့သူလည်း မရှိပါဘူး။ ထိုနည်းတူစွာ အမြဲတမ်း ချမ်းသာနေမယ်လို့ ပြောလို့မရသလို အမြဲတမ်း ဆင်းရဲနေမယ်လို့လည်း မထင်လိုက်ပါနဲ့။ ဒါကြောင့် ဘယ်သူ့ ဘယ်သူ့ကိုမှ အထင်မသေးပါနဲ့ လျှော့မတွက်ပါနဲ့။ မပြည့်တဲ့အိုးလို မဖြစ်ပါစေနဲ့။ ကိုယ်က မပြည့်တဲ့အိုး ဖြစ်နေခဲ့ရင်တောင် ဘောင်ဘင် မခတ်အောင် နေတတ်ရမယ်။ လောကမှာ မပြည့်တဲ့ အိုးတွေက တအားကို ဘောင်ဘင် ခတ်တတ်လို့ပါ။ #Crd

Sai sai💫💫
Sai sai💫💫
Open In TikTok:
Region: TH
Saturday 25 July 2026 00:40:15 GMT
5802
591
12
98

Music

Download

Comments

shwe.chaw10
ဇီးရိုး😎😎😎 :
အခုလိုစာဖတ်ရတာရင်ထဲတခုခုခံစားမိတယ်
2026-07-25 14:48:12
0
u.kyaw2141
U kyaw :
စာသားလေးကူးယူခွင့်ပြုပါခင်ဗျာ #credit
2026-07-25 16:12:33
0
eizar135790
🇲🇲ကျွန်းအိမ်🇲🇲 :
2026-07-25 03:09:55
1
aye.nyein8097
Aye Nyein :
အမှန်ပဲ🥰🥰🥰
2026-07-25 01:30:37
1
shweyilinn892
ShweYiLin :
အားလုံးကသူ့တန်ဖိုးနဲ့သူ တော်ကြတဲ့သူတွေမို့...🥰🥰🥰
2026-07-25 00:49:10
1
user7634837826102
MYO MIN :
ရင်ထဲမှာဒိစားလေးဖတ်ရတာတအားကိုအကျိူးရှိတယ်ဗျာ🥰🥰🥰🥰🥰🥰🥰🥰🥰
2026-07-25 18:17:42
1
kazee13468
🦇ဒစ်ကာ🦇 :
မပြည့်မချင်ဖြည့်မယ်။ဘောင်ဘင်တော့မခတ်ဘူး။အောက်တန်းကျတဲ့စိတ်ဖြစ်လို့ရှောင်ပါတယ်။
2026-07-25 17:35:41
0
maryahmee
Mary Ah Mee :
🥰🥰🥰🙏🙏🙏
2026-07-25 13:37:59
1
user4329802547745
ပန်း ရောင်ချယ် :
🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰
2026-07-25 02:11:59
0
kokon0132
koko :
🥰🥰🥰🥰🥰🥰
2026-07-25 02:49:07
1
To see more videos from user @ty651945ss5, please go to the Tikwm homepage.

Other Videos


About