@wooden.art.ko.hei: ဆရာတော်ဘုရားကြီးက ဗုဒ္ဓတရားတော်နဲ့အညီ သတ္တဝါတွေကိုမေတ္တာထားပြီး ဒုက္ခရောက်နေတဲ့ခွေးလေးတွေဆို ကျောင်းမှာအများကြီးကယ်ထားတာတဲ့သမီးရေ။ငါ့သမီး ဝါဆိုသင်္ကန်းလာကပ်တုန်းကလဲ လိမ္မာလွန်းလို့ ဆရာတော်ကြီးကမျက်စိထဲကမထွက်ဘူးတဲ့။အခုလဲ ငါ့သမီးလေးဘဝတစ်ပါးပြောင်းသွားတော့ ဆရာတော်ကြီးကိုယ်တိုင်လာပြီး သက်ပျောက်တရားဟောပေး ဘဝကူးကောင်းဖို့အမျှအတန်းဝေပေးသွားတယ်နော်။သမီးအတွက်ရည်စူးပြီး သင်္ကန်း ထီး ဖိနပ် ဆေး ဝတ္တုငွေ၅သိန်းအဖေတို့လှူပေးတယ်။သာဓုခေါ်နော်
wooden art ko hein
Region: MM
Saturday 25 July 2026 03:21:26 GMT
Music
Download
Comments
grogu :
ကလေးလေးကုသိုလ်ကံကောင်းလိုက်တာဒီလိုသခင်နဲ့တွေ့ရတာ ကို့ဘက်ကအကောင်းဆုံးတေပေးခဲ့ပီးပီမလို့အရမ်းတေဝမ်းနည်းမနေပါနဲ့နော်
2026-07-25 08:50:25
1534
🇰🇵 :
လူတွေဦးနှောက်မဲ့ကုန်ပီ
2026-08-23 11:47:43
36
♛Mg Kaung :
ခွေးချင်းအတူတူနတာင် တစ်ချို့ခွေးတွေက ရက်ရက်စက်စက်ပဲ
2026-08-14 08:04:39
236
MayThawtarHtet 🇲🇲🌸 :
တပုံစံတည်းပါပဲလား ... ရက်ပိုင်းလေးပဲကွာတယ် ... ကျွန်မသားလေးဆုံးတာလည်း ၁၃ ရက်ရှိပီ ... သရဏဂုံတင်ပီးကိုယ်တိုင်သဂြိုလ်စက်ထဲထည့်ခဲ့ရတယ် ... ခုထိရင်ကွဲခံစားနေရတုန်းပါ 😭💔
2026-07-25 10:47:50
314
T.T.Htwe🤴W.M.Kyaw🥰 :
ဝူးးဝုတ်ဝုတ်ဝုန် လို့သာဓုခေါ်ရမလား
2026-08-10 08:50:40
21
eieimon4187 :
သားသမီးအပူဘယ်အရာနဲ့မှမတူဘူး
ငါတို့မပါဘဲ ငါ့သမီးအဆင်ပြေပါ့မလားဆိုတဲ့စိတ်က ရင်ထဲနင့်နေတာဘဲ
2026-07-26 03:23:11
88
𝐌𝐚𝐲 ♒️ :
ဘဝတွေခြားသွားပေမဲ့ ခုထိ လွမ်းနေ ငိုနေရတုန်းပါပဲ 😔
2026-07-25 11:32:15
52
Aung Nyein Lin :
အဟိတိရစ္ဆာနကိုအမျှပေးလို့ရပါငလား!ဘုရား
လုပ်စား သူတွေနဲ့့တွေ့နေမှာ (သာသနာ)အတွက်စိုးးရွန့်ကြောက်မိလို့ မေးလျှောက်မိတာပါဘုရား
2026-07-29 15:10:07
8
A.Nyar.Thar :
ကိုကြီးငိုတော့ညီမတောင်မျက်ရည်ကျမိတယ်မသိပေမဲ့ထပ်တူခံစားရပါတယ်
2026-07-25 05:36:52
142
Ei khin khin :
သမီးလေး ကောင်းရာမွန်ရာ ရောက်ပါစေ
2026-07-25 04:18:51
24
Thet Naing :
ငါ့သားလေး ဒီအချိန်ဆို ကောင်းတဲ့ဘုံဘဝကိုရောက်နေမှာပါ
2026-07-28 07:47:12
16
Zin Mar Kyaw :
ဝတုတ်မလေးရေကုသိုလ်အမျှရပြီးကောင်းရာဘဝရောက်ပါစေ
2026-07-25 08:33:20
17
lattann :
သမီးလေး လူဘုံဘဝကို ပြန်ရောက်မှာပါ 🥰🥰🥰
2026-07-25 08:36:36
13
Allina :
တစ်ချို့လူတွေတွက် ဒီလိုလုပ်ပေးတာက အရေးမပါဘူးထင်ရပေမယ့် တိလေးတွေကိုချစ်တဲ့ လူတွေတွက်တောင် ကိုယ့်ကလေးကို နောက်ဆုံးလုပ်ပေးနိုင်တဲ့အရာတစ်ခုဘဲ ကိုယ်လဲ အိမ်က မိမြောင်ကြီးကို နာမည်ခေါ်ပြီး ရေစက်ချရတဲ့ချိန် မခံစားနိုင်ဆုံးဘဲ
2026-08-15 07:17:38
8
Myo That :
ဟားငါတို့လို့တိချစ်သူတွေအရမ်းခံစားရတဲ့နေ့ပေါ့ခလေးရယ်စိတ်တွေလဲမကောင်းဘူးကောင်းရာဘုံဘဝရောက်ပါစေနော်ခလေး😭😭😭😭😭
2026-07-25 08:35:57
12
Shwe Lone :
တိဘဝနောက်ဆုံးဖစ်ပါစေရှင်
2026-07-25 08:30:19
8
မိုးသစ္စာ :
ကံကောင်းလိုက်တဲ့ကလေး
နောင်ဘဝ ကောင်းတဲ့ဘုံးဘဝရောက်မှာပါ
သခင်တွေကိုလည်းလေးစားလိုက်တာ
ကျမလည်းခုမှပဲသိတော့တယ်
အခုလိုအသိပေးသင်ပေးသလိုဖြသ်တာကျေးဇူးပါရှင်
2026-07-28 04:13:44
5
naing :
ဪ ဒီခံစားချက်ကြီးကဘာအကျိုးမှမမျှော်ပဲသားသမီးအရင်းလိုပြုစုစောက်ရှောက်ကျွေးမွေးထားတဲ့သူတိုင်းနာလည်လို့မျက်ရည်ခိုင်မယ်မထင်ပါ🥺🥺🥺🥺🥺🥺🥺🥺🥺
2026-07-28 04:20:13
5
Rose :
ဟယ်
ဝတုတ်မလေး ဆုံးသွားပြီလား
မြန်လိုက်တာနော်
ဟိုနေ့ကတင် သမီးလေးဆရာတော်ဆီမှာလှူကြသေးတာလေ
ဝတုတ်မလေး ကောင်းရာဘဝရောက်ပါစေနော်
2026-07-26 14:03:29
6
Ti Phyo & Shwe Lone Diary 😻 :
ခလေးလေး ကောင်းရာမွန်ရာ ရောက်ပါစေ
တကယ်ကို ထပ်တူ၀မ်းနည်းရပါတယ်😥
2026-07-28 05:02:03
5
Ma sandar(အိမ်ရှင်မ) :
ခုမှတွေ့တာအရင်ပို့စ်အပြီးနောက်ပို့စ်မှာ
ဆုံးသွားရလားကလေးရယ်
စိတ်မကောင်းဘူး
2026-07-25 13:02:09
44
NoKoDar Floral Service🌷NoeNoe :
အိမ်ကသားလေး ဆုံးတာ ၃လကျော်လေးပဲ ရှိသေးတယ် သရဏဂုဏ်တင်ပြီး သင်္ချိုင်းမှာ မြေနေရာလေးကိုအဲ့က ဦးလေးကြီးကိုအကူအညီတောင်းပြီး သဂြိုလ်ခဲ့တယ် ကလေးက၁၀နှစ်ကျော်လေးပဲရှိသေးတာ တခါတခါ အရမ်းလွမ်းလာရင်လေ ဘယ်အရာကို ဆုတ်ကိုင်ရမလဲ မသိဘူး ဖက်ထားချင်တယ် ချစ်လို့လည်း မဝဘူး နမ်းလို့လည်း မဝခဲ့ဘူး သားလေးရေ…
2026-08-18 06:48:08
8
ရွှေမန်းသူ :
ဝါဆိုသင်ကန်းကပ်တဲ့ကလေးလေးလား😂😂😂ထပ်တူခံစားရပါတယ်ကလေးလေးကောင်းသောဘဝရောက်ပါစေဆုတောင်းပါတယ်🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🌹🌹🌹
2026-07-25 08:28:47
8
Nilar :
သမီးလေး နောက်ဘဝ လူလေးအဖြစ် ဒီအဖေ မိသားစုထဲပြန်ရောက်ပါစေကွယ်😭😭😭😭😭
2026-07-25 05:20:24
5
Nankhammoe :
ကိုယ်လည်းမွေးထားတာ သံယောဇဉ်တွေကဖြစ်နေပြီ ဒီလ်ုနေ့မျိုးမကြုံချင်ဘူး မခွဲနိုင်ဘူး တိလေးတွေနဲ့ ခံနှိုင်ရည်လည်းရှိမယ်မထင်ပါဘူး ကိုယ်ချင်းစာမိပါတယ် တိလေးရေ ကောင်းရာဘုံဘဝရောက်ပါစေ 😞
2026-07-27 01:58:26
8
To see more videos from user @wooden.art.ko.hei, please go to the Tikwm
homepage.