@panpan250001: {ဝေဘူဆရာတော်ဘုရားကြီး၏ဘေးမဲ့တောင်}🌄🌄🌄🌄🌄🌄🌄🌄🌄🌄🌄🌄 ဝေဘူချောင်၏ အရှေ့မြောက်အရပ်တွင် အဆောက်အဦးလေးတစ်ခု နှင့် ဝေဘူဆရာတော်၏ပုံတော်ကို မုဆိုးတစ်ယောက်က ရှိခိုးနေဟန်ထုလုပ်ထားသည်ကို တွေ့ ရှိနိုင်ပေသည်။ ထိုအဆောက်အဦးနှင့် ပုံတော်တို့၏ကုသိုလ်ရှင် မှာ(ကောင်းစံ စားတော်ဆက်) ဦးမြင့်ထွန်း+ဒေါ်စန္ဒာတို့က လှူဒါန်းထားကြောင်း သိရပေသည်။ ထိုနေရာတွင် ကျောက်ချပ်ကြီးတစ်ခုကိုလည်း တွေ့နိုင်ပေသည်။ ထိုကျောက်ချပ်ကြီးကိုတော့ ဘေးမဲ့ ကျောက်ဖျာဟု အများကသမုတ်၍ခေါ်ကြသည်။ ဆရာတော်ဘုရားကြီး ဝေဘူတောင်တွင် သီ တင်းသုံးစ,ကာလတုန်းက ထိုနေရာသည် သားကောင်ပေါ သော တောတစ်နေရာဖြစ်သည်။သားကောင် ငှက်ကောင်များ ပေါသောနေရာတွင် ငှက်မုဆိုး သားမုဆိုးများလာ ရောက်ကျက်စားတတ်ကြသည်မှာ သဘာဝပင်ဖြစ်သည်။ ဆရာတော်ဘုရားကြီးက ဝေဘူတောင်တွင် တရားဘာဝနာများ ရှုမှတ်နေသော်လည်း ထိုနှင့် အနီးနား တောတောင်တွင် သားငှက်တို့ကို နှိပ်စက်နေသော ဟိံသ နယ်မြေတစ်ခု ရှိနေလေသည်။ ဆရာတော်သီတင်းသုံးသည့်နေရာတွင် ညှင်းဆဲ နှိပ်စက်မှုကင်းသည့် အဟိံသနယ်မြေပင်ဖြစ်ပေသည်။ ဆ ရာတော်သည် ဂူအတွင်းမှာကြာညောင်းစွာနေလာသောအ ခါတွင် ညောင်းညာသောခန္ဓာကိုပင်ပန်းမှုကို ခံစားတော်မူ ရလေသည်။ အပင်ပန်းသက်သာစေရန် တောင်စဉ် တောင် တန်း တောတောင် လျှိုမြောင်ကြားသို့ စင်္ကြံသွားတော်မူ တတ်သည်။တစ်နေ့သောအခါ မှောင်စပျိုးအချိန်တွင် ဝေ ဘူတောင်နှင့် မနီးမဝေးနေရာလေးကိုရောက်ရှိသွားသည်။ ဆရာတော်၏ ခြေတော်ကိုတစ်ခုခုကငြိတွယ်ဖမ်းချုပ်ထား သလို သိတော်မူခဲ့သည်။ အောက်ကိုငုံ့ကြည့်လိုက်သောအခါတွင် သား ကောင်ကို ဖမ်းထောင်သော ပိုက်တစ်ခုက ဆရာတော်၏ ခြေတော်ကို ဖမ်းမိပြီးဖြစ်နေလေသည်။ထိုအခါတွင် နေရာ မရွေ့လျားပဲ ရပ်တော်မူနေလေသည်။ မုဆိုးတစ်ယောက်သည် သူထောင်ထားသော နေရာမှ ပိုက်ကွန်ကိုလာ၍ကြည့်သည်။ရဟန်းတော်တစ် ပါး၏ခြေထောက်တွင် စွပ်နေကြောင်းမြင်တွေ့ရသည်။သူ မှာ အတော်ပင် ထိပ်လန့်ကာ ရွာဘက်သို့ ပြန်ပြေးသွား သည်။ မိတ်ဆွေတစ်ယောက်အား ထိုအကြောင်းကို ပြောပြ၍ ပိုက်ကွင်းကိုအဖြုတ်ခိုင်းသည်။မုဆိုးက အလွန် ကြောက်ရွံ့ထိပ်လန့်လှသဖြင့် မဖြုတ်ရဲပေ။ထို့ကြောင့်မုဆိုး ၏မိတ်ဆွေက ဝေဘူဆရာတော် ခြေထောက်အား မိနေ သောပိုက်ကွန်ကို လာရောက်ဖြုတ်သည်။ "ဒါယကာ ဒီဟာသင့်ပစ္စည်းလား" "မဟုတ်ပါဘုရား တပည့်တော်သူငယ်ချင်းရဲ့ ပစ္စည်းပါဘုရား" "ကာယကံရှင်ကိုယ်တိုင် လာဖြုတ်ပေးရတယ်" ထိုအခါတွင် ထိုသူက မုဆိုးကိုပြန်ခေါ်ရသည်။ နှစ်ယောက်အတူ ဆရာတော်အနားသို့ချဉ်းကပ်ကာ မုဆိုး အား အဖြုတ်ခိုင်းသည်။ "ဒါယကာ ဒါသင့်ပစ္စည်းလား" " မှန်ပါဘုရား၊ တပည့်တော် ထောင်ထားတဲ့ ညွှတ်ကွင်းပါဘုရား" "ငါဟာ ဒါယကာ၏သားကောင်ဖြစ်တယ်၊ထို့ ကြောင့် သင်ပြုလိုရာပြုနိုင်တယ်။" မုဆိုးသည် အလွန်ထိပ်လန့်ကာ ရှိခိုး၍လျှောက် ထားသည်။ "မှန်ပါ့ဘုရား တပည့်တော်ငမိုက်သား မှားပါပြီဘုရား။ခွင့်လွှတ်တော်မူပါဘုရား။" "အေး ခွင့်လွှတ်ပါတယ် ဒါယကာ သင်လဲဒီလို အလုပ်ကို စွန့်လွှတ်ပြီး အသက်မွေးပါတော့။ဒီတောတောင် မှာရှိတဲ့ သားငှက် တိရစ္ဆာန်တို့ရဲ့အသက်ကို ဘေးမဲ့ပေး ရန်အတွက် ငါ့အလှူခံပါတယ်။ဒီတောတောင်ကို ဘေးမဲ့ ပေးပါ။" "မှန်လှပါဘုရား။တပည့်တော်၏အပြစ်ကိုလဲ ခွင့်လွှတ်တော်မူပါ။တစ်ပည့်တော်လဲ ဒီမုဆိုးအလုပ်ကို စွန့် လွှတ်ပါမယ်ဘုရား။ဒီတောတောင်က သတ္တဝါတွေကိုလည်း ညှင်းဆဲသတ်ဖြတ်ခြင်းမှ ရှောင်ကြည်ပါ့မယ်ဘုရား။" "အေး အေး ကောင်းလေစွ ဒါယကာ ဒီနေရာ ဟာ သတ္တဝါတို့ ဘေးမရှိရာဖြစ်လို့ ဘေးမဲ့နေရာတော တောင်ဖြစ်သွားပြီ။" သာဓု ၊ သာဓု ၊ သာဓုပါဘုရား။🙏🙏🙏 အရှင်သီရိတ(အင်ကြင်းပင်)။🙏🙏🙏 ကျေးဇူးရှင် ဝေဘူဆရာတော်ဘုရားကြီး၏🙏🙏🙏🙏🙏🙏🙏🙏 ထေရုပ္ပတ္တိနှင့်တရားတော်များ(ဒုတိယတွဲ) မှ မျှဝေပူဇော်ပါသည်။
Pan Pan
Region: MM
Saturday 25 July 2026 03:48:46 GMT
Music
Download
Comments
Tiger Tiger :
🙏🙏🙏🙏🙏.
2026-07-27 16:29:15
0
user1319097045768 :
❤️❤️❤️Sadu Sadu Sadu Kha❤️❤️❤️❤️❤️
2026-07-25 18:50:32
1
Than Htay Soe 1111 :
🙏🙏🙏🙏🙏
2026-07-26 04:33:58
0
user847393806930သူရ :
သာဓုသာဓုသာဓုပါဘုရား
2026-07-26 17:34:15
0
SuSuMay :
🙏🙏🙏🙏🙏
2026-07-26 04:53:51
0
Ko Naing :
သာဓု သာဓု သာဓုပါဘုရား
2026-07-26 14:40:10
0
U Mg Mg :
🙏🙏🙏🙏🙏.
2026-07-26 13:21:19
0
N :
သာဓု သာဓု သာဓုပါ ဘုရား
2026-07-26 02:28:21
0
GUGUGAGA :
သာဓုသာဓုသာဓု
2026-07-26 14:34:36
0
Daw Myint Myint :
အခုမှ ဝေဘူဆရာတော်အကြောင်းသိရလို့ ကျေးဇူးပါရှင်
2026-07-25 04:49:23
1
Nay Win Htoo :
သာဓုသာဓုသာဓုပါဘုရား🙏🙏🙏
2026-07-26 08:42:28
0
user4111985225126 :
🙏
2026-07-26 06:59:47
0
U Mg Mg :
🙏🙏🙏🙏🙏.KYAUKSE.
2026-07-26 13:20:52
0
khinတူးတူး :
🙏🙏🙏
2026-07-25 17:11:55
1
Thu Zar Win :
2026-07-25 14:58:10
1
Maung Win :
သာဓု သာဓု သာဓု
2026-07-28 16:36:06
0
မောင် ချမ်းသာ :
သာဓုသာဓုသာဓုပါဘုရား🙏🙏🙏
2026-07-25 17:19:22
1
လုလု :
[Sticker]
2026-07-25 17:00:09
1
Thein. Myint :
2026-07-25 16:54:13
1
မိုးမိုး :
ဝေဘူဆရာတော်ဘုရားကြီးအကြောင်းများ သိသလောက် ပြန်တင်ပေးပါရှင်
2026-07-25 05:25:07
1
To see more videos from user @panpan250001, please go to the Tikwm
homepage.