@mnonewstt: AA ထိန်းချူပ်ရာ သံတွဲမြို့နယ်ထဲကို စစ်တပ်က ၂ရက်ဆက်တိုက်ဗုံးကြဲလို့ ​ဒေသခံ ၃ဦး​သေဆုံးခဲ့ 25 JULY 2026 ရခိုင်ပြည်နယ်၊သံတွဲမြို့နယ်ထဲကို စစ်တပ်က နှစ်ရက် ဆက်တိုက် ဗုံးကြဲခဲ့လို့ ဒေသခံ ၃ ဦး သေဆုံးခဲ့ပြီး ၂၁ ဦး ဒဏ်ရာရခဲ့တယ်လို့ AA က ထုတ်ပြန်ပါတယ်။ ဇူလိုင် ၂၃ ရက်နေ့မှာ သံတွဲမြို့နယ်၊ငပလီမြို့ရှိ ဂျိတ္တောရပ်ကွက်နဲ့ လင်းသာကမ်းခြေဘက်ကို စစ်တပ် ဗုံးကြဲလို့ ပြည်သူ ၆ ဦးဒဏ်ရာရခဲ့ပြီး အဆောက်အဦးတွေ ပျက်စီးသွားခဲ့ပါတယ်။ ဇူလိုင် ၂၄ ရက်နေ့မှာ သံတွဲမြို့ပေါ်ကို တစ်နေကုန်နီးပါး ဆက်တိုက် ဗုံးကြဲခဲ့လို့ ကလေးငယ် ၁ ဦးအပါအဝင် ၃ ဦးသေဆုံးခဲ့ပြီး ဘုန်းကြီးကျောင်း၊စာသင်ကျောင်းနဲ့ လူနေအိမ်တွေ ပျက်စီးသွားခဲ့တယ်လို့ ဖော်ပြထားပါတယ်။ဇူလိုင်လ ဒုတိယပတ်မှစပြီး ရခိုင်ပြည်နယ်ရှိ AA ထိန်းချူပ်ရာနယ်မြေတွေကို စစ်တပ်က ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခဲ့တာပါ။ ဒါ့ကြောင့် AA က မဟာမိတ်အဖွဲ့တွေနဲ့ ပူးပေါင်းပြီး စစ်တပ်ကို လက်တုံ့ပြန်တိုက်ခိုက်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။ ရုပ်ပုံ- AA Info Desk #whatishappeninginmyanmar #mnonews #aa MNO NEWS Youtube Channel ကို Subscribe လုပ်ခြင်းဖြင့် အချိန်နှင့်တစ်ပြေးညီ သတင်းများကို ကြည့်ရှုနိုင်ပါသည်။ အောက်ပါ့လင့်များမှလည်း သတင်းများ ကြည့်ရှုနိုင်ပါသည်။ Website- www.mnonews.com Facebook- https://www.facebook.com/share/1AMGQiqdTK/ Youtube-https://youtube.com/@mno-news?si=RtZjlpkC0MD6tvoQ #mnonews #fyp #pdf #aa

MNO NEWS
MNO NEWS
Open In TikTok:
Region: AU
Saturday 25 July 2026 06:41:44 GMT
1237
15
1
2

Music

Download

Comments

user8120572373150
ချစ်သမီးလေး ရွှေရည်ဖူး :
🥰
2026-09-12 08:49:49
0
To see more videos from user @mnonewstt, please go to the Tikwm homepage.

Other Videos


About