@user113611391104khant: #စိတ်ထားလှရင် ဘဝက လှပါတယ် (၁) စိတ်ညစ်ပြီး ဘာမှမလုပ်ချင်တော့တဲ့အခါ "ငါ ဒီလိုနေလို့မဖြစ်ဘူး" ဆိုပြီး ကိုယ့်ကိုယ်ကိုယ် ပြန်ထိန်းချုပ်ပါ။ (၂) အခက်အခဲတွေနဲ့ ကြုံတွေ့ရတဲ့အခါ အားမလျှော့လိုက်ပါနဲ့။ အခက်အခဲတိုင်းဟာ သင့်ကို ကြံ့ခိုင်သန်မာစေပါတယ်။ (၃) ကိုယ့်အားကိုယ်ကိုးပြီး အရောက်လှမ်းသွားမယ့် ပန်းတိုင်လေးတစ်ခု၊ အိပ်မက်လမ်းလေးတစ်ခု ဖန်တီးရယူပါ။ (၄) တစ်ခါတလေ ငိုချင်ရင် လူမရှိတဲ့ တစ်နေရာသွားပြီး အော်ငိုပစ်လိုက်ပါ။ ငိုသင့်ရင်လည်း ငိုလိုက်ပါ။ မငိုတာကြာရင် မငိုတတ်တဲ့သူ ဖြစ်သွားနိုင်တယ်။ (၅) တစ်ခါတလေ ဝမ်းနည်းနေရင်လည်း အားရပါးရ ငိုချပစ်လိုက်ပါ။ ပြီးရင် တည်ငြိမ်လာပါလိမ့်မယ်။ (၆) အဆင်မပြေရင်လည်း အဆင်ပြေသလိုနေပါ။ တချို့ကျတော့ ကြိုးစားပေးမယ့် အဆင်မပြေပြန်ဘူး... မကြိုးစားဘဲ ထိုင်နေရင် ပိုအဆင်မပြေဖြစ်သွားကြတယ်။ (၇) ထပ်ပြီး ကြိုးစားပါ။ လူဆိုတာ ကြိုးစားချင်စိတ်ရှိရင် ဘယ်လောက်ပဲ အသက်တွေရရ ဖြစ်လာနိုင်ပါတယ်။ (၈) ဆုံးရှုံးမှုတွေရှိရင်လည်း စိတ်ကိုဖြေပြီး နောက်တစ်ကြိမ် မမှားအောင် သတိထားပါ။ (၉) ဇွဲကောင်းတဲ့ ဆုံးရှုံးခြင်းဆိုတာ ဘယ်တော့မှမရှိနိုင်သလို၊ လမ်းတစ်ဝက်တင် လက်လျှော့လိုက်တဲ့ အောင်မြင်ခြင်းဆိုတာလည်း မရှိနိုင်ပါဘူး။ (၁၀) လောကမှာ နားမလည်တဲ့ အရာတွေ ရှိနိုင်ပါတယ်။ အရေးကြီးတာက နားမလည်တာကို နားလည်အောင် ကြိုးစားဖို့ပါ။ (၁၁) အကောင်းစား ရေမွှေးနဲ့တွေ မလိုဘူး။ ကိုယ်ကျင့်တရားကောင်းအောင်နေပါ။ ကိုယ်ကျင့်တရားကောင်းရင် စိတ်ထားကောင်းရင် ကိုယ်သင်းနံ့မွှေးနေမှာပါ။ (၁၂) ဘယ်သူ့ကိုမှလည်း မလိမ်ညာပါနဲ့။ အမှန်တရားဆိုတာ တစ်နေ့နေ့ တစ်ချိန်ချိန် ပေါ်ပေါက်လာရစမြဲပါ။ (၁၃) အမှားရှိခဲ့တိုင်းလည်း အပြစ်မဟုတ်ပါဘူး။ တချို့အမှားတွေက သန့်ရှင်းပါတယ်။ လူသားတိုင်း အမှားနဲ့မကင်းနိုင်သလို အမှားရှိမှ အမှန်ဆိုတာ ဖြစ်လာခဲ့ရတာပါ။ အဓိကက အမှားတွေကို သင်ခန်းစာအဖြစ်ယူပြီး နောက်ထပ်တစ်ခါ ထပ်မမှားဖို့၊ အမှားထဲမှာ တဝဲလည်လည် မနေတတ်ဖို့ပဲ လိုတယ်။ (၁၄) လူလူချင်း စာနာတတ်သူ၊ စိတ်ရှည်သူ၊ ပညာဉာဏ်ကြီးမားသူ၊ နားလည်ခွင့်လွှတ်ပေးနိုင်သူ တစ်ဦးဖြစ်အောင် ကြိုးစားပါ။ (၁၅) ဘဝမှာ တန်ဖိုးအရှိဆုံးအရာဟာ အခြားမဟုတ်ဘူး၊ အသက်ရှင်သန်နေတာပါ။ အားလုံးမှာ တန်ဖိုးအရှိဆုံးအရာကို ပိုင်ဆိုင်နေတယ်ဆိုတာ မမေ့ပါနဲ့။ (၁၆) ချစ်ခင်သူတွေ ဝိုင်းဝိုင်းလည်နေဖို့ မလိုပါဘူး။ ပင်ပန်းအားငယ်လာတိုင်း မှီခိုအနားယူနိုင်မယ့် ရင်ခွင်လေးတစ်ခု ရှိနေဖို့တော့ လိုတယ်။ (၁၇) "ချစ်တယ်" ဆိုတဲ့စကားလုံးကို ဘယ်အချိန်ပဲပြောပြော တကယ့်စိတ်ရင်းနဲ့ပြောပါ။ (၁၈) "ဆောရီး" ဆိုတဲ့စကားလုံးကို ဘယ်အချိန်ပဲပြောပြော တစ်ဖက်လူရဲ့ မျက်လုံးကိုကြည့်ပြီး ပြောပါ။ (၁၉) ချမ်းသာတဲ့ သူငယ်ချင်း၊ အပေါင်းအသင်း ရှိဖို့မလိုပါဖူး။ #crd_to_owner_with_respect #foryoupage #fypシ

khant khant
khant khant
Open In TikTok:
Region: MM
Sunday 26 July 2026 00:19:25 GMT
339
28
2
10

Music

Download

Comments

ma.nan.kyawt.kyaw
Ma Nan Nilar :
ဟုက်ပါ
2026-07-26 01:25:36
1
To see more videos from user @user113611391104khant, please go to the Tikwm homepage.

Other Videos


About