@nyo78893: ဘဝမှာ ကိုယ်နဲ့ ပတ်သက်ခဲ့ရတဲ့ လူတိုင်းဟာ သံသရာအဆက်ဆက်က ပါလာတဲ့ ရှေးရေစက်ကြောင့်ပါ ....။ တချို့က.... ကိုယ်က ပေးဆပ်ရမယ့် ဝဋ်ကြွေးကို ပြန်ယူဖို့အကြောင်းနဲ့ ဆုံလာကြတာ ....။ တချို့ကတော့ .... ကိုယ့်ဆီကနေ ကြွေးသစ်ယူသွားကြတဲ့ သူတွေလဲ ရှိမှာပေါ့လေ ...။ ပြုသူအသစ် ဖြစ်သူအဟောင်း တဲ့ … ဘာပဲဖြစ်ဖြစ်ပေါ့ အကြောင်းမကင်းလို့ ပေါင်းသင်းကြရတာ အကြောင်းရှိလို့ ပေါင်းမိကြရတာပါပဲ ...။ ကိုယ်က ကောင်းပါရဲ့နဲ့ .... ကိုယ့်ကို အနိုင်ကျင့်တာ ခံရတဲ့အခါ စော်ကားတာကို ခံရတဲ့အခါ ငြိုငြင်တာကို ခံရတဲ့အခါ အထင်လွဲတာကို ခံရတဲ့အခါ သစ္စာဖောက်တာကို ခံရတဲ့အခါ ဒီလိုလေး နှလုံးသွင်းလိုက်ပါ ....။ ပေးဆပ်ရမယ့် ဝဋ်ကြွေးတွေ တစ်ခုပြီး တစ်ခု ကျေသွားတယ်လို့ပဲ သဘောထားလိုက်ပါ ...။ ခံရတဲ့သူက အဟောင်း ခံရတာပါ လုပ်တဲ့သူကသာ အသစ် လုပ်နေတာပါ များများပေးဆပ်ရရင် မြန်မြန်ကျေတာပေါ့လို့ သဘောထားပြီး... အခြေအနေ တချို့ကို ကျေကျေနပ်နပ် လက်ခံလိုက်ပါ ...။ ကိုယ့်ရဲ့ အတ္တကို ဖြေးဖြေးလေး ဖြေလျှော့လိုက်ပြီး ... ဘယ်သူ့ကိုမှ တင်းတင်းကြပ်ကြပ် မနှောင်ဖွဲ့တော့ဘဲ ဖြစ်လွယ် ပျက်လွယ်တဲ့ သဘောတရားကို နားလည် လက်ခံနိုင်ခဲ့ရင် ... အနည်းနဲ့ အများတော့ စိတ်သက်သာရာ ရလိမ့်မယ်လို့ မျှော်လင့်မိပါတယ် ...။🍀 #crd
ညို 🤎
Region: SG
Sunday 26 July 2026 01:34:12 GMT
Music
Download
Comments
Hsu Lay Phyu :
ခဏတာ ခိုနားသူကို တကယ်ချစ်တယ်ထင်ပီး အရမ်းချစ် ဂရုစိုက်ပေးခဲ့တယ် ဘလော့သွားတယ် ၀ဋ်ကြွေး ကုန်လို့နေမယ် သူပျော်ပါစေ🥰🥰🥰🥰🥰🥰🥰🥰🥰
2026-07-26 03:21:42
1
myanma.gems :
ဆပ်စရရှိခဲ့ရင်လဲကုန်ပီထင်ပါရဲ့
2026-07-26 07:20:20
0
Nawe Nawe :
ဟုတ်မာပါ
2026-07-26 06:24:23
0
Zabu Hlaing :
ဟုတ်မှာ
2026-07-26 03:47:43
0
Twal Tar :
စာသားလေးlinkချပေးပါလား🥰
2026-07-26 05:02:35
0
shon shon :
အချိန်တိုင်းကိုယ်ကကြီးသူတို့ကိုပေးဆပ်နေတာကျတော့ရောဝဋ်ကြွေးလား🥺🥺
2026-07-26 05:25:50
0
ထိပ်ခေါင်တင်မမ :
တကယ်ကြီးချစ်ပြခဲ့တော့အဟုတ်ကြီးထင်ခဲ့တာ🥺
2026-07-26 03:32:05
0
♥"မိုး အိမ်" 🇲🇲🇲🇲 :
🥰🥰🥰🥰🥰🥰
2026-07-26 01:49:12
0
သားကြီး နဲ့ သမီးလေး မေမေပါ :
💞💞💞
2026-07-26 05:14:01
0
To see more videos from user @nyo78893, please go to the Tikwm
homepage.