@thura82864: စစ်အစိုးရကို အကြိမ်ကြိမ်တော်လှန်ခဲ့တဲ့ ဇာဂနာ စစ်အစိုးရက အကြိမ်ကြိမ်ထောင်ချခဲ့တဲ့ ကိုသူရ ခေါ် ဇာဂနာ ၂၀၂၁အာဏာသိမ်းပြီး ဘာကြောင့် နှုတ်ဆိတ်နေတာလဲ?.... နိုင်ငံရေးနှင့် ပတ်သတ်လာရင် အရှေ့မှီ အနောက်မှီ တပ်ရဲ့ အတွင်းရေး ပါတီရဲ့ အတွင်းရေးတွေကို ကကြီးကနေ အ အထိ အကုန်သိတော်မူတဲ့ ဇာဂနာ ငယ်စဉ်လူရွှင်တော် ဘဝကတည်းက စင်ပေါ်ရောက်ရင် စစ်အစိုးရ မကောင်းကြောင်းပြောတဲ့ဇာဂနာ လက်ရှိတော်လှန်ရေးဘက်ကို ဘာကြောင့်မရပ်တည်ပေးတာလဲ?.. ဒီအကြောင်းတွေ သိရအောင် သူရေးခဲ့တဲ့ ‌ဆောင်းပါးတစ်ခုကို မူရင်အတိုင်း ကူးယူ မျှဝေ ပေးလိုက်ပါတယ်။ နိဒါန်း ......ပြည်သူအများတွေးတာက..... စစ်တပ်က လက်နက်အားကိုးနဲ့ အာဏာသိမ်းတယ် မတရားဘူးပေါ့ သူတို့ မတွေးတာက ဒေါ်စု အစိုးရက အာဏာရ တက်လာပြီး မကြာမီမှာဘဲ ဥပဒေကို သိသာထင်ရှားစွာ ချိုးဖောက်ပြလိုက်တယ် အဲဒါကို သူတို့ မသိဘူး သမ္မတ ဦးထင်ကျော် ရာထူးက နှုတ်ထွက်တဲ့အခါ အခြေခံဥပဒေအရ ဒု-သမ္မတ (၁) က သမ္မတ ရာထူးတက် ဒု - သမ္မတ (၂) နေရာကို ရွေးရမယ် ဒါပေမဲ့ အန်တီက စီနီယာအတိုင်း မလုပ်ဘဲ စည်းလွတ်ဘောင်လွတ် လက်ထဲအာဏာ ငါတို့မှာရှိတာဆိုတဲ့ ပုံစံမျိုး လုပ်ပြခဲ့တယ် အမှန်တော့အန်တီက ခြေဥကို ကျမ်းကျိန်ပြီး တက်လာတာ ခြေဥထဲက ဥပဒေကို လေးစားလိုက်နာရမှာပေါ့ မလိုက်နာခဲ့ဘူး။ မဲဆွယ်ကာလမှာလည်း သမ္မတသည် ပါတီကိုယ်စားပြု မဲမဆွယ်ရဘူး တိတိလင်းလင်းပါပြီးသား ဦးဝင်းမြင့်ကိုယ်တိုင် ဦးသိန်းစိန်အစိုးရလက်ထက်မှာ ကန့်ကွက်ခဲ့ပြီးသား။ ဒါပေမဲ့လည်း သိသိကြီးနဲ့ပဲ ပါတီလိုဂိုတွေနဲ့ ပေ့ခ်ျ ဖွင့်ပြီး မဲဆွယ်ခဲ့တယ်။ ဒီအထိလည်း စစ်တပ်က ဘာမှ မပြောသေးဘူး ဥပဒေကို ချိုးဖောက်နေတာ သူတို့ မသိနေမလား မဲစာရင်းတွေ ထပ်တာ မဲကွာတာတွေကိုလည်း သတင်းစာရှင်းလင်းပွဲနဲ့ ထွက်ရှင်းတယ် မဲပေးရမဲ့ လူဦးရေ ၃၈ သန်းကျော်ကို မဲစာရင်းကွာဟမှု ၁၀သန်းကျော် မှားနေတာ သာမန်မှားယွင်းမှု မဟုတ်ဘူးဆိုတာ စဉ်းစားတတ်သူတိုင်း သိတယ်။ တာဝန်အပြည့်ရှိတဲ့ UECကို ရှင်းပေးဖို့တောင်းဆိုတယ် ပါတီတွေကလည်း ကန့်ကွက်သူ ကန့်ကွက် စခန်းမှာ တိုင်သူကတိုင် အမှုပေါင်းမြောက်များစွာ UEC က ထည့်ကို မစဉ်းစားဘူး။ UEC ကသာ ဘာမှ ထွက်မရှင်းတာ ပါတီရဲ့ပြောခွင့်ဆိုခွင့်ရ ဒေါက်တာမျိုးညွန့်က UEC ကို ကာဗာပေးပြီး ထ,ထရှင်းတယ်။ UEC က ဘာမှ မရှင်းပေးလို့ သမ္မတကို တိုင်တယ် သမ္မတကလည်း အဖက်လုပ်ပြီး စာတစ်ကြောင်းတောင် မထုတ်ပြန်ဘူး စစ်ပေးမယ်လို့ လေသံတောင် မဟဘူး။ အာဏာရအစိုးရက ဒုတိယအကြိမ်လွှတ်တော်ကို ကျော်ပြီး တတိယအကြိမ်လွှတ်တော်ကို ခေါ်ဖို့ကိုပဲ အသဲအသန်လုပ်တယ်။ စစ်တပ်နဲ့ တခြားပါတီတွေက ဒုတိယအကြိမ်လွှတ်တော်ခေါ်ပေးဖို့ တောင်းဆိုတယ် အာဏာရပါတီက ဂရုကို မစိုက်ဘူး အစိုးရဖွဲ့နိုင်ဖို့ တတိယအကြိမ်လွှတ်တော်အတွက်ပဲ ပြင်ဆင်နေတယ်။ ဒုတိယအကြိမ်လွှတ်တော်ခေါ်ရင် အမတ်တွေက မဲမသမာမှူကို စစ်ဆေးပေးဖို့.အဆိုပြုကြမယ် လွှတ်တော်က စစ်ပေးဖို့အတွက်ကို လက်ခံရတော့မယ် UEC ကလည်း မဖြေရှင်းနိုင်ဘူး တကယ်လည်း ခိုးခဲ့တာကိုး သမ္မတနဲ့ အန်တီကလည်း ဒါကို သိထားတယ် အဲတော့ ရှေ့ထွက်ပြီး မရှင်းနိုင်ဘူး။ စစ်တပ်ကလည်း အခုလိုတွေ မလုပ်ချင်လို့ မေတ္တာရပ်ခံစာတွေရော သတင်းစာရှင်းလင်းပွဲတွေရော အကြိမ်ကြိမ်အခါခါ တောင်းဆိုတယ် အစိုးရဘက်က တုန့်ပြန်မှု တစ်စုံတစ်ရာ မရခဲ့ဘူး။ အန်တီ့ဘက်ကလည်း တွေးပြီးသား တွက်ပြီးသားပါ ထွက်ရှင်းရင်လည်း အရှက်ကွဲမယ် စစ်တပ်က ဒေတာ အမှန်တွေနဲ့ နိုင်ငံတကာအထိ ချပြပြီးသား မရှင်းရင် စစ်တပ်ကို အာဏာလွှဲရမယ်ဆိုတာကို အစောကတည်းက စစ်တပ်က ညှိနိူင်းမှုလုပ်ဖို့ အကြိမ်ကြိမ်တောင်းဆိုတယ် မလိုက်လျောဘူး UEC လုပ်တာလို့ ထိုးကျွေးရအောင်လည်း အန်တီ့စနက်တွေပါနေတော့ UEC ကလည်း ငြိမ်ခံမနေဘူး တွဲခေါ်သွားရင် အရှက်က ပိုကွဲဦးမယ်။ မထူးဇာတ်ခင်းပြီး ငြိမ်နေတော့ စစ်တပ်ကလည်း ခြေဥအတိုင်း အာဏာခဏထိမ်းလိုက်တယ် ဥပဒေနားမလည်တဲ့ ပြည်သူတွေက မတရားအာဏာသိမ်းတယ်ထင်ပြီး ပေါက်ကွဲကုန်ကြတယ်။ အမှန်တော့ အာဏာရ အန်တီတို့ အစိုးရအဖွဲ့က အခြေခံဥပဒေကို ပေါ်ပေါ်ထင်ထင် ချိုးဖောက်ခဲ့ကြတာ အန်တီ့ကို ထောက်ခံတဲ့ ပြည်သူတွေက မသိနားမလည်တော့ စစ်တပ်အမုန်းတရား ရိုက်သွင်းခဲ့တဲ့ နိုင်ငံရေး လုပ်စားသမားကြီးတွေ ပြည်ပက ထောက်ပံ့ငွေယူပြီး အိမ်ကြက်ချင်း အိုးမဲသုတ်ပြီး ခွပ်ခိုင်းနေတဲ့ လေးဘက်ထောက်မီဒီယာ အာဘော်တွေရယ် တစ်ဖက်သတ် စစ်တပ်ကို မမုန်းမုန်းအောင် လော်နေတဲ့ တစ်ဖက်ပိတ် လော်ဘီတွေရယ်ကြောင့် ပြည်သူအများစုက ဘာသိလဲဆို ဘာမှမသိ လော်ဘီတွေပြောတာပဲသိပြီး မျက်စိရော နားရောစုံပိတ်ပြီး ဆဲနေကြတော့တာ။ စစ်တပ်က မပိုင်ဘဲ ဘာမှမလုပ်ဘူး သူတို့မှာ Plan A to Z ရှိပြီးသား ဥပဒေဘောင်အတွင်းက သွားဖို့ အကြိမ်ကြိမ် သတိပေးတယ် မေတ္တာရပ်ခံတယ် တောင်းဆိုတယ် သူတို့အလွန် တစ်ခုမှ မရှိဘူး မဲမသမာမှု တစ်ခုတည်းနဲ့လည်း ပြီးမယ်မထင်နဲ့ အဂတိလိုက်စားမှူတွေနဲ့ တရားစွဲခံရဦးမှာ။ ကံကောင်းပါစေလို့ ဆုတောင်းပေးရုံက လွဲပြီး တစ်ခြားမရှိ ကိုယ်စိုက်ခဲ့တဲ့ အပင် ကိုယ်စားပေါ့ ချိုတယ် ငံတယ် ပြောလို့ မရဘူး။ သဗ္ဗေသတ္တာ ကမ္မသကာပဲပေါ့။ ဦးသူရ ( ခေါ် ) ဇာဂနာ Crd:ဇာဂနာ ရက်စွဲ 24/7/2024 #ဇာဂနာ #လူရွှင်တော် #နိုင်ငံရေး #တော်လှန်ရေး #NewsUpdate The Soul of Myanmar

Thura { မျိုးချစ်သွေး }
Thura { မျိုးချစ်သွေး }
Open In TikTok:
Region: MM
Sunday 26 July 2026 07:53:30 GMT
61919
2374
84
206

Music

Download

Comments

usertayzar6
TZA🍷Official 🍷 :
ရှင်းရှင်းပြောရရင်ဦးနှောက်ရှိပီးလူပီသလူကြီးမို့ပေါ့ဗျာ🥰🥰🥰
2026-07-26 14:43:16
12
han.win.aung1726
Han Win Aung :
ဦးဇာဂနာကို လေစားတယ်ဗျာ ဒါမှာ နိုင်ငံချစ်တဲ့လူ
2026-07-26 13:35:26
27
hanwinaung1250
hanwinaung125 :
တိုင်းပြည်နဲ့လူမျိုးကိုတကယ်ချစ်တဲ့ နိုင်ငံရေးသမားပြပါဆိုရင် ကိုဇာဂနာ ( ကိုသူရ ) တယောက်ပဲပြစရာရှိတယ်
2026-07-26 13:42:01
18
ko.sai.khant7
Ko Sai Khant :
လူငယ်တွေအသိရှိဘို့လိုပါသည် လေးစားပါတယ်
2026-07-26 09:50:48
17
daddy834sai
🧑‍🤝‍🧑ပါးပါး🧑‍🤝‍🧑 :
ဟိုဘက်ရပ်ကွက်ကသူတွေ ဒီစာကိုမြင်နိုင်ပါစေ
2026-07-26 11:52:52
5
aungzmev1mz
အောင်ဇော်ထွန်း ( ပုသိမ်) :
လေးစားပါတယ်။
2026-07-26 08:07:16
2
ko.soe2825
ko soe :
အမှားအမှန် ဝေဖန်ပိုင်းခြားတဲ့ လူတော်လူကောင်းတယောက်ရဲ့အမူအကျင့်
2026-07-26 15:34:22
1
thargyi5543
Thargyi :
Right
2026-07-26 09:43:14
2
nay.min4390
nay min :
မဟုတ်ပါဘူး နားလည်သလောက်ပြောမယ် ဘာပျက် နဲ့ ဘာကျိုး တွေ့တာ ဆိုလားပေါ့ ဒေါ်စု ကို အားမပေးသလို စစ်တပ်ကိုကော သူကထောက်ခံနေလို့လား မင်းတွေးကြည့်ပေါ့ ဘာလား😅😅😅😅😅
2026-07-26 13:44:20
3
myint.san8558
Myint San :
🥰🥰🥰🥰🥰
2026-07-27 03:06:04
0
infantannihilator666
INFANT ANNIHILATOR :
အဓိကက NLDက အမေရီကန်နဲ့ relationအရမ်းကောင်းလာတယ် ဒါကိုတရုတ်က စစ်တပ်ကိုဖိအားပေးလိမ့်မယ် အဲ့တာကြောင့်အာဏာသိမ်းလိုက်တာ
2026-07-27 02:19:23
0
ko050860
U Mg Myo(kyat chaung) :
မပြောချင်လိုပါ
2026-07-27 02:30:38
0
daw.khin.pyone.yi2
Daw khin pyone yi :
လူမှန်နေရာမှန်
2026-07-27 02:11:06
0
nilarshwe44
Thein Ka Tha Mee :
မှန်လေစွ😁
2026-07-26 12:39:08
1
user1434954958538
အနုသယ လုလင်💖😁💖ငါက လူပါ :
ဒါ အမှန်တရားတွေပါ ဦးသူရ ရေ ကျေးဇူးပါဗျာ
2026-07-27 01:43:49
0
u.zin.u.zin80
U Zin U Zin :
အမှန်တရားတွေ
2026-07-27 01:44:09
0
tin.maung.kyi3
Tin Maung Kyi :
ok
2026-07-26 14:04:11
1
ma.dgsk
มานิตย์ ตั้งปฏิธาน :
အဲဒါအာဏဗျ
2026-07-26 11:59:09
0
user4141800934146
မဟာနွယ် :
အဲဒါကြောင့် ဇာဂနာ အမှားအမှန်သိသွားပြီလေ
2026-07-26 09:16:54
18
km8179132gmail.com
Myo min soe :
အကြာင်သိလိုပါ
2026-07-26 23:52:07
0
kyawthathtun8
Kyaw :
နိုင်ငံရေးသမားစစ်စစ်ဖြစ်လို့ လက်နက်ကိုင်လမ်းစဉ်ကိုအားမပေးလို့မယုံကြည်လို့ဘဲဖြစ်မှာပါ
2026-07-27 00:07:32
0
ttyy8316
Aye Aye Thin :
အရမ်းလေးစားမိပါတယ်ဦးဇာဂနာရေစိတ်ဓာတ်မှန်ကန်တဲ့အတွက်လဲကျေးဇူးတင်ပါတယ်အမှန်ဖက်ကရပ်တည်တာကိုလဲလေးစားပီးရင်းလေးစားရင်းပါဘဲဦးဇာဂနာအသက်ရာကျော်ရှည်ပါစေ
2026-07-27 04:24:33
0
narongyotyotot
ꜱᴊ ┊ʙᴀʙʏ✿ :
အမှားအမှန်ကိုခွဲခြားသိသွားလို့လေ
2026-07-27 01:00:53
0
ko.min.thu252
💥KO MIN THU🇲🇲☀️အညာသား💥 :
အဲ့ဒါပြောချင်😁တာ
2026-07-26 12:56:37
0
To see more videos from user @thura82864, please go to the Tikwm homepage.

Other Videos


About