@itsmeyeswanaung: ညမအိပ်ခင် ကိုယ့်အတွက်ကိုယ် သုံးသင့်တဲ့ မိနစ် ၃၀ ⌛ တနေ့တာ ပြီးဆုံးသွားပြီဆို ချက်ချင်း ခေါင်းချပြီး အိပ်လိုက်တာမျိုး မဟုတ်ဘဲ ကိုယ့်အတွက်ကိုယ် နာရီဝက်လောက် အချိန်ပေးပါ။ ဒီလို ညဘက် ကိုယ့်အတွက်ကိုယ် အချိန်ပေးတာက ပိုမို ထိရောက်တဲ့ ဘဝနေထိုင်မှုပုံစံကို ဖြစ်ပေါ်စေတာမို့ အကျိုးရှိစေမယ့် ဒီနာရီဝက်ကို မအိပ်ခင် ဘယ်လိုအသုံးပြုမလဲဆိုတာ ဝေမျှပေးပါမယ်။ ⏰ Close the day (0-10 Minutes) ဒီအချိန်က ကိုယ့်ရဲ့ တစ်ရက်တာစွမ်းဆောင်ရည်တွေကို ပြန်လည်သုံးသပ်ရမယ့် အချိန်ပါ။ ▪️ ဒီနေ့ ဘာတွေပြီးမြောက်အောင် လုပ်နိုင်ခဲ့လဲ။ ▪️ ဘာတွေ အသစ်သင်ယူခဲ့ရလဲ။ ▪️ ကိုယ့်ရဲ့ လုပ်ဆောင်မှုတွေ၊ တိုးတက်မှုတွေကို ပြန်သုံးသပ်ပြီး မှန်ကန်တဲ့လမ်းကြောင်းပေါ် ရောက်မရောက် စစ်ဆေးပါ။ ပြောရရင် Journaling သဘောမျိုး ရေးတာပါပဲ။ ဒါကို တစ်ရက်တာ၊ တစ်ပတ်တာ၊ တစ်လတာ၊ တစ်နှစ်တာ ပြန်ပြီး Reflection လုပ်တဲ့အနေနဲ့ ရေးလို့ရပါတယ်။ ရိုးရိုးရှင်းရှင်းနဲ့ ဘဝအတွက် အကျိုးသက်ရောက်မှု ကြီးတဲ့ လုပ်ဆောင်မှု တစ်ခုဖြစ်ပါတယ်။ ⏰ Review tomorrow’s calendar (10-20 Minutes) စိတ်ဖိစီးမှုနဲ့ စိုးရိမ်ပူပန်မှုတွေရဲ့ အဓိက အကြောင်းရင်းက မဖြေရှင်းရသေးတဲ့ ပြဿနာတွေ၊ ကြိုတင်မပြင်ဆင်ထားတဲ့ ကိစ္စတွေကနေ လာတာပါ။ ▪️ မနက်ဖြန် လုပ်မယ့် အလုပ်တွေကို သေချာ စီစဉ်ပြီး အရေးကြီးတာတွေကို အရင်လုပ်ဖို့ ဦးစားပေး သတ်မှတ်ပါ။ ကြိုတင်စီစဉ်ထားပြီး အစီအစဉ်အတိုင်း လုပ်တာက လူရော စိတ်ရော စိတ်ဖိစီးမှုကို လျှော့ချပေးပြီး ကိုယ့်ရဲ့ Energy တွေကိုလည်း မလိုအပ်တဲ့နေရာမှာ မကုန်အောင်လို့ တားဆီးပေးနိုင်ပါတယ်။ ⏰ Prepare your tomorrow (20-25 Minutes) မနက်ရောက်မှ အလုပ်သွားခါနီး၊ အပြင်သွားခါနီး ဘာဝတ်ရမလဲ၊ ဘာတွေ ပြင်ဆင်ရမလဲ စဉ်းစားပြီး ခေါင်းစားနေတာမျိုး ကြုံဖူးလား? မနက်ဖြန်မှာ ဘာလုပ်မလဲဆိုတဲ့ အစီအစဉ်ကို ရေးဆွဲပြီးပြီဆိုရင် အဲ့အတွက် လိုအပ်တဲ့အရာလေးတွေကို ကြိုတင်ပြင်ဆင်ထားလို့ရပါတယ်။ ▪️ ညထဲက မနက်ဖြန်အတွက် ဝတ်မယ့်အဝတ်အစား၊ ယူသွားမယ့် အသုံးအဆောင်ပစ္စည်းများ၊ လိုအပ်တဲ့အရာလေးတွေကို ပြင်ဆင်ထားပါ။ ဒီနေရာမှာ ၅ မိနစ်လောက် အချိန်ပေးလိုက်တာက နောက်ရက်ကို သေချာလေး စနစ်တကျလေး ဖြတ်သန်းဖို့အတွက် အထောက်အကူပြုနိုင်ပါတယ်။ ⏰ Visualization (25-30 Minutes) မနက်ဖြန် တစ်ရက်လုံးမှာ ဖြစ်ပေါ်လာနိုင်မယ့် အခြေအနေတွေကို စိတ်ထဲမှာ အသေးစိတ် ပုံဖော်ကြည့်ပါ။ ကိုယ့်အနေနဲ့ တစ်ရက်တာကို ဘယ်လိုမျိုး ဖြတ်သန်းမလဲဆိုတာလေးတွေကို စဉ်းစားကြည့်လို့ရပါတယ်။ ▪️ မနက်ဖြန်လုပ်ရမယ့် အရေးကြီး အစည်းအဝေး ဒါမှမဟုတ် Presentation တစ်ခုခုရှိနေရင် ဘယ်လိုချောချောမွေ့မွေ့ ပြီးမြောက်အောင် လုပ်မလဲဆိုတာကို စိတ်ထဲကနေ ကြိုတင် လေ့ကျင့်ထားပါ။ ဒီလို Visualize လုပ်တာက ယုံကြည်မှု တိုးစေပြီး အခက်အခဲတွေကို ပိုမို အေးဆေးတည်ငြိမ်စွာ ရင်ဆိုင်နိုင်အောင် ကူညီပေးပါတယ်။ ဒီ Content လေးဖတ်ပြီး ကိုယ့်ရဲ့ မအိပ်ခင် နာရီဝက်ကို အကျိုးရှိရှိ သုံးတတ်သွားမယ်လို့ မျှော်လင့်ပါတယ်။ နောက်ထပ် Content တွေမှာ ပြန်ဆုံကြပါမယ်။ သာယာကောင်းမွန်တဲ့နေ့ရက်လေး ဖြစ်ပါစေ။ It’s me, Ye Swan Aung “Your Productivity Partner” #itsmeyeswanaung #productivity

It’s me, Ye Swan Aung
It’s me, Ye Swan Aung
Open In TikTok:
Region: MM
Sunday 26 July 2026 08:54:06 GMT
134506
15020
23
999

Music

Download

Comments

chine1291
PeTer ParKer :
အခုတော့ အိပ်လိုက်အုန်းမယ်
2026-09-01 12:41:43
4
thantzinaung.883
Thañt Zïñ Aūñg :
3နာရီမှအိပ်ပြီး 9:47မှတွေ့တယ်😂
2026-07-29 03:18:01
2
cautio22
o A t h. :
ဖတ်တယ် တးထိုင်တယ်ဒါပဲ🫶🏻
2026-07-29 03:57:24
2
mini03410
Nway[နွေ ] :
ကျေးဇူးပါရှင့်
2026-08-23 09:47:18
1
ein.tra099
. :
မနက်မတွေ့
2026-07-29 00:15:52
2
khun.rkarsoe
Khun Řkar Soe :
Thank you
2026-08-05 17:29:50
1
myokycmhuxj
Ko Myo :
ကျေးဇူးတင်ပါတယ် ခုလိုသိရလို့
2026-09-14 13:38:06
1
somay7656
Skylar 🩵☁️ :
ကျေးဇူးပါရှင်
2026-08-10 05:34:14
1
shinykate71
Kate :
ကျေးဇူးပါ
2026-07-27 15:29:45
3
puffy705
Phoo🧸🇯🇵 :
ဟုတ်ကဲ့
2026-07-28 08:49:22
1
lucifer_1469
@Lucifer_1469 :
🥰🥰🥰
2026-07-27 16:55:22
1
tuliphsu3
Hsu🌷 :
💌✨🍀
2026-07-27 14:39:50
1
yu.yaswe
Yuya🍀 :
😍😍😍
2026-07-27 01:50:37
1
ann9y8
ANA :
🥰🥰🥰
2026-08-25 16:06:22
1
baeboss2613
_нαииαн_🥷🏻 :
😁😁😁
2026-07-31 16:11:32
0
angle.lay111006
🤍mahuyar Queen 🤍 :
🍀🍀🍀
2026-09-13 16:03:03
1
melody2041
Melodia Luna Andrew :
😳😳😳
2026-08-12 18:58:01
0
wghgcjkjv1
DGsFgGhc :
🥰🥰🥰
2026-09-05 00:14:40
0
.user254377496589
....... :
🥰🥰🥰
2026-08-23 14:01:08
1
zinmoehtwe518
🇲🇲M☘️☘️ H🇲🇾 :
🥰🥰🥰
2026-09-11 14:18:33
1
hsaunghni
Pearl 🫧 :
✨✨✨
2026-07-26 08:57:32
1
titiphyu3048
Ti Ti Phyu :
[Like][Like][Like][Like][Like][Like]
2026-09-17 04:14:49
0
To see more videos from user @itsmeyeswanaung, please go to the Tikwm homepage.

Other Videos


About