@namobuddhassa2026: ရှေးက ဆိုအပ်ခဲ့ပြီးသောအတိုင်း ခြင်္သေ့မင်းနှင့် တူတော်မူသော အလောင်းတော်မင်းသားသည် ဘုရားဖြစ်မည့်သူပြီပြီ ရထားထိန်းက “သူသေဟူသည် သေသူကိုလည်း ကျန်ရစ်သူ ဆွေမျိုးများက နောက်ထပ် မြင်ကြရတော့မည် မဟုတ်၊ သေသူကလည်း ကျန်ရစ်သော ဆွေမျိုးများကို နောက်ထပ် မြင်ရတော့မည် မဟုတ်”ဟူ၍ သေခြင်းတရား = (မရဏတရား)၏ သူသိသမျှ လောကသဘောကို ပြောကြား လျှောက်ထားစေကာမူ ထိုမရဏတရား, ရှေးက တွေ့သိပြီးဖြစ်သော ဇရာတရား, ဗျာဓိတရား ဤတရားသုံးပါးတို့၏ အကြောင်းရင်းဖြစ်သော ပဋိသန္ဓေ တည်နေရခြင်း (= ဇာတိ)တရားကို ထင်ရှားဆင်ခြင် သိမြင်တော်မူသည် ဖြစ်ရကား ရွှေနန်းတော်သို့ ရောက်သည်ရှိသော် “(အိုး) ပဋိသန္ဓေ တည်နေမှု တည်းဟူသော ဇာတိသဘောသည် ရွံမုန်း စက်ဆုပ်ဖွယ်ကြီးပါတကား..၊ ယင်းသည့် ပဋိသန္ဓေ တည်နေမှု (= ဇာတိ)တရား ထင်ရှားရှိပြီးသူ (ပဋိသန္ဓေ တည်နေပြီးသူ)မှန်သမျှ အိုမင်းရင့်ရော်မှု (= ဇရာ)တရား ထင်ရှား ရှိရမည်သာ၊ နာဖျားမှု (= ဗျာမိ)တရား ထင်ရှား ရှိရမည်သာ၊ စုတိပြတ်ကြွေ သေလွန်မှု (= မရဏ)တရား ထင်ရှား ရှိရမည်သာ ဖြစ်စွာ့တကား”ဟု သံဝေဂဉာဏ်စက်သွားဖြင့် စဉ်းစားဆင်ခြင်တော်မူကာ မျက်နှာမရွှင် မကြည်လင်နိုင် ကြံမှိုင်၍သာ နေတော်မူလေ၏။ #မဟာဗုဒ္ဓဝင်အခဏ်း၂ #နမောဗုဒ္ဓဿ #အလောင်းတော်မင်းသား၏တရားသံဝေဂ #foryou
နမော ဗုဒ္ဓဿ Namo Buddhassa 🙏
Region: MM
Friday 31 July 2026 14:30:00 GMT
Music
Download
Comments
sawyumon686 :
hi
2026-07-31 15:32:20
1
To see more videos from user @namobuddhassa2026, please go to the Tikwm
homepage.