@anyar.diary: "ငါ ပြိုလဲလို့ မဖြစ်ဘူး..." ဆိုတဲ့စိတ်နဲ့ နေ့ရက်ပေါင်းများစွာကို အံကြိတ်ဖြတ်သန်းခဲ့ဖူးတယ်။ "ငါ သန်မာနေရမယ်..." လို့ မာန်တင်းရင်း ဘယ်အရာကိုမှ အရှုံးမပေးခဲ့ဘူး။ လောကဒဏ်ရဲ့ ရိုက်ခတ်မှုတိုင်းကို အပြုံးတုတစ်ခုနဲ့ တုံ့ပြန်ရင်း၊ ပတ်ဝန်းကျင်ရဲ့ အမြင်မှာတော့ ငါဟာ အမြဲတမ်း သန်မာပြီး မယိုင်လဲတတ်တဲ့ လူတစ်ယောက်ပေါ့။ ဒါပေမဲ့... အမေရယ် သန်မာပါတယ်ဆိုတဲ့ သစ်ပင်ကြီးတောင် မုန်တိုင်းပြင်းလာရင် လဲပြိုတတ်သေးတာပဲ။ သန်မာပါတယ်ဆိုတဲ့ လူတစ်ယောက်ကလည်း လောကရဲ့ ဒဏ်ချက်တွေကို နေ့စဉ် ရင်ဆိုင်ရင်း လဲပြိုလုနီးနီး ဖြစ်နေတဲ့အချိန်တွေ ရှိတာပါပဲ... အမေရယ်။ အတောင်ပံ ညောင်းလာရင် ခဏလောက် နားခိုဖို့တောင် ခက်ခဲလှတဲ့ ဒီလောကကြီးထဲမှာ၊ ရင်ဖွင့်နားခိုစရာ ရင်ခွင်ဆိုတာလည်း စာနာနားလည်ပေးမယ့်သူထက်၊ ဟန်ဆောင်မျက်နှာဖုံးတွေကို ဆောင်းထားတဲ့ လူတွေနဲ့သာ ပိုပြီး ပြည့်နှက်နေတယ်။ ဆူးခင်းလမ်းပေါ်က ခြေလှမ်းတိုင်းက မောပန်းလွန်းလို့ ကလေးငယ်တစ်ယောက်လို အော်ဟစ်ငိုချင်ပေမယ့်၊ ကိုယ့်နောက်မှာ ကိုယ့်ကို မှီခိုရှင်သန်နေတဲ့ အသီးအပွင့်လေးတွေ ရှိနေသေးလို့ ယိုင်နွဲ့နေတဲ့ ပခုံးကို ထပ်ပြီး တင်းထားရပြန်တယ်။ ပြိုလဲပိုင်ခွင့်တောင် မရှိတဲ့ ဘဝမှာ သန်မာသူရဲ့ ရင်ဘတ်ထဲက အားငယ်ခြင်းဟာ... တစ်ခါတလေတော့ လောကကြီးတစ်ခုလုံးထက်တောင် ပိုလေးလံလွန်းပါတယ်။ အဲဒီလို အခိုက်အတန့်မျိုးမှာတော့... "ငါ ပြိုလဲသွားလို့ မဖြစ်ဘူး..." ဆိုတဲ့ စိတ်ကို ခဏလောက် မေ့ထားပြီး၊ အမေ့ရင်ခွင်မှာ ခေါင်းလေးတင်ရင်း... "အမေရယ်..သမီးပင်ပန်းလှပါပြီ" ဆိုပြီး နာကျင်ရသမျှတွေကို ရင်ဖွင့်လိုက်ချင်မိတယ်😢🤱

Anyar Diary
Anyar Diary
Open In TikTok:
Region: TH
Sunday 26 July 2026 13:16:35 GMT
672254
55756
1107
2996

Music

Download

Comments

ayenandarhtwe1998
Shyan Baby Collection :
ကိုယ်လည်းအမေ့ရင်ခွင်ထဲဝင်ပြီး ကြုံလာသမျှ လောကဒဏ်ကိုရင်ဖွင့်ချင်ပေမယ့် ငယ်ကတည်းကအမေ့ရဲ့ယုယမှုကိုမရခဲ့ရတဲ့ အိမ်ရဲ့အလတ်တစ်ယောက်မို့ အမေ့ရှေ့မှာလည်း သန်မာချင်ယောင်ဆောင်ထားရတာ ပင်ပန်းလိုက်တာ🥺
2026-07-28 07:37:36
14
cho.yee.thet
✨မေမေ့အသဲတုန်လေးဝန်းရံခ👶👶👶✨ :
copyယူတင်ခွင့်ပြုပါရှင့်🥰🙏
2026-07-27 02:45:02
16
meemee55012
🍀 EiMon🍀 -Official :
Copy ယူခွင့်ပြုပါနော် ၃နှစ်သမီးထိ အမေနဲ့သာနေပြီ အဘိုးအဘွားတေရဲ့တရားဝင်ပြန်မွေးစားတာခံခဲ့ရလို့ အမေနဲ့ မရင်းနှီးခဲ့ဘူး ကျောင်းပြီ လုပ်ငန်းခွင်ရောက်တော့ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်ပြီနေခဲ့လို့ အမေ့ပခုံးတဘက်သည် ကိုယ့်အတွက်မဟုတ်ခဲ့ဘူး စိတ်ညစ်စရာဘယ်လောက်ရှိရှိ ခုထိဖွင့်မပြောပြခဲ့ဘူး ခုဆို သမီးတယောက်ရဲ့ ဝတ္တရားအပြင် ကွယ်လွန်သွားတဲ့ အဖေ့ရဲ့ တာဝန်တေပါ ကျေအောင် ဆပ်ပေးနေတယ် ကိုယ်ရဲ့ကံဇာတာက မိဘ ညီကိုယ်မောင်နှမနဲ့ အတူနေခွင့်မပါပဲ တယောက်ထဲ ရပ်တည်ရင်း မိသားစုအတွက် ပေးဆပ်ခဲ့ရတာ တခါတလေကြရင် မိဘတေက သားသမီးကို အရမ်းသိ အရမ်းချစ်တာ မြင်ရရင် အားကျတယ် အရမ်းချစ်တက်တဲ့အဖေကြ ကလေးဘဝမှာပဲ ဆုံးသွားခဲ့တယ် အရင်က နောင် ဘဝကြရင် မိဘတေနဲ့ ပျော်ပျော်ပါးပါး အတူနေချင်တဲ့စိတ်ရှိခဲ့တယ် ခု ဘုရားတရားတေလုပ် ပါချုပ်ဆရာတော် ၊ မိုးကုတ်ဆရာတော် ၊ မဟာပုရိသတောရဆရာတော် တရားတေ နာပြီ ပဌာန်းပူဇော် တရားထိုင်လာတဲ့အခါ ခန္ဓာကို မလိုချင် တော့ဘူး မွေးဖွားခြင်းမရှိတဲ့ သံသရာကို ချုပ်ငြိမ်း ချင်ပြီ တရားထူးရချင်စိတ်တခုပဲ ရှိတော့တယ် 🌸🥰🌸
2026-07-27 05:04:58
23
ma.yu8968
DaW Yu :
ပိုပေပါလာ
2026-07-27 05:25:46
1
thwethweaung173
🎀thwe🎀 Minbu သူလေး🌸 :
ကော်ပီယူခွင့်ပြုပါရှင့်🥰🥰
2026-07-30 08:46:11
0
myayanwinzaw
Mya Yan Win Zaw :
copy ယူခွင့်ပြုပါ
2026-07-30 10:18:19
0
may200054
may taurus ♉ :
copy တင်ယူခွင့်ပြုပါလားရှင့်🥺🥺
2026-07-29 14:02:38
0
winethuzar8935
🍁W💗T💗Z🍁 :
✨:copyယူတင်ခွင့်ပြုပါရှင့်🥰🙏
2026-07-27 03:38:21
1
khat0210528
DAN😎😎 :
copyယူခွင့်ပြုပါ
2026-07-27 03:39:45
1
user850461402748
နှလုံးသားအက္ခရာ💝🫵 :
😭😭😭😭😭😭😭😭😭😭😭😭😭ဟုတေဗျာမေမေကိုသတိအရဆုံးပါ
2026-07-28 01:52:32
1
saung4493
🍂DAW,MYINT,SAWE🍂 :
အဝေးမာ ကျန်ရစ်နေတဲ့သမီးလေးကိုဒီကမေမေအရမ်းလွမ်းတယ်ရှင်🥹🥹🥹😭
2026-07-29 08:31:13
0
scoprio601
Aye Thazin🦂 :
အမေကိုဖက်ပြီးငိုချင်ပေမဲ့အမေကထားသွားခဲဲ့ပြီလေ ကိုယ့်ဘာသာကိုယ်ပြန်ထလိုက်ပြိုလဲလိုက်ပေါ့😔😔😔
2026-07-29 15:56:02
0
panyeewin3
panyeewin3 :
ယူသုံးလိုရလာရှင့်
2026-07-27 04:10:21
1
nge.nge.355
🍒🍂𝓪𝔂𝓮𝓪𝔂𝓮𝓷𝓪𝓲𝓷𝓰🍒🍂 :
အမေ့ကိုလွမ်းတယ်😥😥😥
2026-07-29 14:31:08
0
thu.zar16404
Nge Nge :
တူတူပါပဲ အမေမရှိတော့ 😭😭😭
2026-07-27 03:34:21
1
daw.toe.toe.yee
daw toe toe yee :
ပြန်တင်ခွင့်ပြုပါရှင့်
2026-07-27 05:16:01
1
hla.hla.htay5090
Hla Hla Htay :
အားတင်းထားပါတစ်ယောက်တည်းမဟုတ်ပါဘူး အားပေးကူညီဖော်ဆိုတာရှိစမြဲပါ
2026-07-27 03:25:48
1
hlaing.lay9491
ထီလာသူလေး🤭☘️☘️ :
ပင်ပန်းလည်းကြိုးစားနေတဲ့သူတစ်ယောက်မို့အတတ်နိင်ဆုံးအားတင်းထားပါတယ်ဘာလို့လဲဆိုတော့အမေရှိသေးတယ်ဆိုတဲ့အရာလေးကြောင့်ပါ😞
2026-07-29 11:49:01
0
ei.ei.su
happy girl :
အားရှိစေတဲ့စာပေလေးတင်ပေးလို့ကျေးဇူးပါ
2026-07-29 13:59:21
0
hay.mar6669
𝓗𝓪𝔂 𝓜𝓪𝓻 :
ကူးယူ ခွင့်ပေးပါနော်🥰
2026-07-27 03:40:05
1
hlaaye815
ငါဘဝမှငါဘုရင်မပဲ :
ထက်တပါနော်ဖိုက်တင်ပါ🥰🥰🥰
2026-07-29 06:12:05
0
nangnwayyeenangnw
🍂yépã🍂 :
copyလေးယူတင်ခွင့်ပြုပါရှင့်🙏🥰
2026-07-27 03:31:14
1
phyulay9944
Phyu Phyu Lay :
ပုံလေး ယူခွင့်ပြုနော် 💕💕💕💕 လက်ရှိ က ခု ပုံလေးနဲ့စာသားအတိုင်းပါပဲ
2026-07-30 08:59:51
0
ngemee0
NGE :
ပြန်တင်မယ်နော် ရှင့်
2026-07-29 02:49:29
1
To see more videos from user @anyar.diary, please go to the Tikwm homepage.

Other Videos


About