@useinshwemin: ✨️ အဖေ အဖေက ဘုန်းကြီးကျောင်းထွက်ပါ ကျွန်တော်တို့မောင်နှမကို တက္ကသိုလ်ရောက်တဲ့အထိ ကျောင်းထားတော့ ပတ်ဝန်းကျင်ကပြောကြတယ်... မင်းမှာ သားသမီးလေး ၂ ယောက်ရှိတာ ၂ ယောက်လုံးကို တက္ကသိုလ်တွေပို့တော့ မင်းလယ်ယာတွေ ဘယ်သူဆက်ခံလုပ်မလဲ.. မင်းပင်ပန်းမယ်... တဲ့ အဖေက ပြန်ပြောလိုက်တယ်။ ငါ့လို လယ်ယာထဲ ပင်ပင်ပန်းပန်းလုပ်ရတဲ့ဘဝကလွတ်ဖို့ သားသမီးတွေ ဘွဲ့ရမှဖြစ်မှာပေါ့... ငါ့လို ဘုန်းကြီးကျောင်းသားကမွေးတဲ့ သားနဲ့သမီးက ဘွဲ့ရကြတယ်ဆိုရုံနဲ့ ငါ ငါ့ကိုငါ ဂုဏ်ယူတယ်။ ဘွဲ့ရတဲ့ ငါ့သားနဲ့သမီးကလည်း သူတို့မျိုးဆက်ကို သူတို့ထက်သာအောင် လုပ်ပေးနိုင်ဖို့ဘဲ.. လိုတော့တယ်..တဲ့ အခု အဖေက အသက် ၉၁ နှစ်၊ ကျန်းမာလိုက်တာ ရှေးရှေးကပြုခဲ့ဖူးတဲ သီလတွေကြောင့်... ကျွန်တော်အပြင်ထွက်တဲ့အခါ အိမ်ပြန်လာမယ်လို့ ပြောထားရင် ဘယ်အချိန်ထိဖြစ်ပါစေ ပြန်လာတဲ့အထိ မအိပ်ဘဲ စောင့်နေတုန်း.. အဖေ ကျွန်တော်ပြန်ရောက်ပြီလို့ နှုတ်ဆက်မှ အေးအေး.. ဆိုပြီး အိပ်ယာဝင်တယ်။ ပြန်လာမယ်ပြောပြီး မပြန်ဖြစ်ရင် အချိန်မှီ မပြန်ဖြစ်ကြောင်း ပြောရတယ်။  မပြောရင် မအိပ်ဘဲစောင့်နေတာ...အခုထိ... ဇူလိုင် ၂၂ ရက်နေ့က လွှတ်တော်က တစ်ရက်ခွင့်ယူ မဲဆန္ဒနယ်မြေ ခဏပြန်ပြီး ပြည်သူတွေအတွက် လုပ်ပေးစရာလေး အပြေးသွားလုပ်ဖို့ အိမ်ခဏဝင် အဖေ့ကိုနှုတ်ဆက်တော့ အဖေက ကျွန်တော့လက်ကလေးကိုင်ပြီး "အေး ငါ့သား မင်းသတင်းတွေ မြန်မာအသံကနေလွှင့်တာ နားထောင်နေတာ.. ဝမ်းသာတယ်.. ငါ့သား.. အဖေကျေနပ်တယ်....တဲ့ အသံလေးတုန်လို့ ဝမ်းသာပီတိဖြစ်နေတာ.. အဖေ့ကျေးဇူးတွေ ကျေအောင်မဆပ်နိုင်ပေမယ့်... အဖေဝမ်းသာပီတိဖြစ်အောင်နဲ့ ဂုဏ်ယူရအောင် လုပ်ပေးနိုင်လို့ မိမိကိုယ်ကိုလည်း အားရကျေနပ်မိပါတယ်။

U Sein Shwe Min
U Sein Shwe Min
Open In TikTok:
Region: MM
Sunday 26 July 2026 15:27:09 GMT
207
22
4
0

Music

Download

Comments

thinaye.0
Daw Thin Thin Aye :
လေးစားဂုဏ်ယူပါတယ်ဆရာ🥰🥰🥰
2026-07-26 16:35:30
0
chanmay264
chanmay26414 :
🥰🥰🥰
2026-07-26 15:33:40
0
user14000436191710
မို့မို့ :
🥰🥰🥰🥰🥰
2026-07-26 15:40:25
0
To see more videos from user @useinshwemin, please go to the Tikwm homepage.

Other Videos


About