@anon.anonlay: " ကံမတူရင် ကြာကြာမဆုံပါဘူး " တစ်ချို့လူတွေဟာ ကိုယ့်ဘဝထဲမှာ အမြဲရှိနေဖို့ ရောက်လာတာ မဟုတ်ပါဘူး ကိုယ့်စိတ်ကို ရင့်ကျက်လာစေဖို့ သင်ခန်းစာတစ်ခုအနေနဲ့ ခဏတာ ဖြတ်သန်းသွားလာရုံပါ။ အစမှာတော့ လူတိုင်းက ကိုယ့်အတွက် အရေးကြီးသူ လို့ ထင်ရတယ်။ အမြဲတမ်း အတူရှိမယ်လို့လည်း ယုံကြည်မိတတ်ကြတယ်။ ဒါပေမယ့် အချိန်ဆိုတာ ကြာလာလေလေ လူတွေရဲ့ စိတ်နေစိတ်ထား တန်ဖိုးထားတဲ့အရာ ရည်ရွယ်တဲ့ဘဝ လျှောက်တဲ့လမ်းတွေက မတူညီလာတော့ဘူး။ အဲဒီအချိန်မှာ အရင်လို မနီးတော့တာဟာ မေတ္တာကုန်သွားလို့တော့ မဟုတ်ပါဘူး အတူလျှောက်ဖို့ မသင့်တော့တာ ပါ။ မြစ်တစ်စင်းထဲ စီးလာတဲ့ ရေတွေတောင် အကွေ့အကောက်ရောက်ရင်လမ်းကြောင်းပြောင်းပြီ ကွဲသွားတတ်တယ်။ လူ့ဘဝတွေကလည်း ဒီလိုပဲခဏတာ ဆုံကြတယ်။ ခဏတာ နွေးထွေးကြတယ်။ ပြီးရင် တစ်ယောက်တစ်လမ်းစီ ဖြစ်သွားပြန်ကြတယ်။ လောကဓမ္မအရဖက်တွယ်ကြတယ်။ ဆုံခြင်းနောက်မှာ ခွဲခြင်းက ရှိနေပြီးသားပဲမဟုက်လား။ ဒါကို လက်မခံနိုင်တဲ့အခါ လူတွေက နာကျင်ကြတယ်။ မသင့်တော့တဲ့ ဆက်ဆံရေးကိုတောင် အတင်းဆွဲထားချင်ကြတယ်။ လက်ထဲက သဲကို ပိုဖမ်းလေလေ ပိုထွက်ကျလေလေ ဖြစ်သလို မဖြစ်နိုင်တော့တဲ့ လူတစ်ယောက်ကို အတင်းဖက်တွယ်လေလေ ကိုယ့်စိတ်ပဲ ပိုပင်ပန်းလာလေလေ ဖြစ်တတ် တယ်။ ဒါပေမယ့် သစ်ပင်တစ်ပင်ဟာ အရွက်ဟောင်းတွေ မကြွေမချင်း အရွက်သစ်တွေ မထွက်နိုင်ဘူး။ ဘဝမှာလည်း မသင့်တော်တော့တဲ့ လူတွေ မထွက်သွားမချင်း ကိုယ့်အတွင်းကငြိမ်းချမ်းမှုအသစ်တွေ မဝင်လာနိုင်သေးဘူး။ တချို့လူတွေ ဝေးသွားတာဟာ ဆုံးရှုံးမှုတစ်ခုလို ထင်ရပေမယ့် တကယ်တော့ ကိုယ့်စိတ်ကို ကယ်တင်ပေးသွားတာ ဖြစ်နေတတ်တယ်။ ဘာလို့လဲဆိုတော့ ဘုန်းကံချင်း မတူတဲ့သူတွေဟာ အချိန်တန်ရင် အလိုလို ဝေးသွားတတ်ပြီး ဘုန်းကံတူတဲ့သူတွေကတော့ ဘယ်လောက်ဝေးဝေး တစ်နေ့မှာ ပြန်ဆုံလာတတ်လို့ပါ။ ဒါကြောင့် ဘဝထဲက ထွက်သွားတဲ့သူတိုင်းကို မုန်းနေဖို့အထိ မလိုပါဘူး။ တချို့လူတွေက ကိုယ့်ဘဝထဲမှာ ရှိနေဖို့ မဟုတ်ဘဲ သင်ပေးဖို့ ရောက်လာခဲ့ကြတာပါ။ နောက်ဆုံးပြောချင်တာက လူတစ်ယောက် ဆုံးရှုံးသွားတာထက် ကိုယ့်စိတ်အေးချမ်းမှုကို ပြန်ရလိုက်တာက ပိုတန်ဖိုးရှိတယ်ဆိုတာကို အချိန်တန်ရင် နားလည်လာပါလိမ့်မယ်။ ချစ်ခြင်းများစွာဖြင့်။ "ကံမတူရင် ကြာကြာမဆုံပါဘူး။" #crdစာသား #fypシ #🌿

Another Day
Another Day
Open In TikTok:
Region: MM
Sunday 26 July 2026 15:43:38 GMT
90100
10065
47
608

Music

Download

Comments

pudding.218
Pudding 🍮 :
၇ လတာရှိခဲ့တာကို ၇ နှစ်လောက်လို့ ခံစားရတယ် အခုထိလဲလွမ်းတယ် ပြန်လာမှာစောင့်နေမိတယ် ဒါပေမဲ့သူ့ကိုကြည့်ရတာ အဆင်ပြေနေတဲ့ပုံဘဲ ကိုဘဲကြေကွဲနေရတယ်
2026-08-10 06:45:48
2
no...1211
November twelve :
ကိုယ့်ကံကညံ့တာနေမှာပါ သူတို့ကျပျော်နေကြတာဆိုတော့🥺
2026-08-06 14:01:31
7
akari_897
🍓 :
ကို့ကြောင့်သူ့ဘ၀လေး ကောင်းကောင်းရပ်တည်နိုင်ပီ ဆိုရင် ရှေ့ဆက်လမ်းခွဲရလည်း ကျေနပ်ပြီ😌
2026-08-10 10:17:16
4
zinzinaung20925
🌞❦𝒵🌻 :
စာသားလေးယူအုံးမယ်နော်
2026-08-09 14:48:14
1
xiverhp12
Broken inside :
မင်းကိုယ်တိုင်တောင် မသေချာတဲ့စကားကို. ငါကို လာဂတိပေးနေတာ. 😅
2026-08-08 01:28:36
3
kyawyethukyawyeth3
Alexander Victor Opal :
ကံမတူလို့ကြာကြာမဆုံခဲ့ရပေမယ့်သူတယောက်အတွက်မေတ္တာအမြဲပို့ပေးပါတယ် ထစ်ခနဲဆိုဒေါသထတတ်တဲ့ကျွန်တော်က သူ့အတွက်ကျတော့ မနေနိုင်ဘူးဗျာ
2026-08-10 12:02:58
1
may.hnin.cherry1
May🖤 :
လွမ်းလိုက်တာဟာ😊
2026-08-09 17:04:03
1
blew1k5uu
ဇလုံချာရဲ့ရားဇီးလေး🌷🪽 :
ပြန်တင်မယ်နော်🥺
2026-08-07 15:56:05
2
chocholay083
Pa Pa :
စာသားလေရော video ရောပ်ြတင်မယ်နော်
2026-08-08 05:59:37
2
jumadinika
Không :
ကြုံဆုံဖို့ရေစက်ပါပေမဲ့ ဖူးစာမပါရင် ဝေးကြရုံပေါ့🥺 ကြာကြာဆုံခွင့်ငါတို့မှာ ကံမပါလာတာလား?
2026-08-09 11:28:54
1
shanfoegyi
Kyaw Rain Win :
စာသားလေး မျှပါ
2026-08-09 05:29:26
0
yu493417
Yu🍂🍁 :
vedioယူသုံးချင်ပါတယ်ရှင်ရလားနော်
2026-07-29 03:54:20
2
nanehsuemwe6
Nan Myint Myint Moe🌻 :
သိပေမယ့် လက်မခံနိုင်သေးမို့အချိန်တော်တော်ယူရအုံးမှာ😓
2026-08-09 05:08:39
1
may029586
🦋𝐵-𝒖-𝒕-𝒕-𝒆-𝒓-𝒇-𝒍-𝒚🦋 :
ပြန်တင်ခွင့်ပြုပါရှင့်
2026-08-09 04:21:19
1
mahnn69
🫶Lin✨ :
ပြန်တယ်မယ်ဗျာ
2026-08-06 11:45:17
1
meemee112008
🎀Mee Mee🎀 :
စာသားလေးချပေးပ့လား"
2026-07-27 12:46:12
2
oo.oo.wai.yan11
Oo Wai Yan 𝄃𝄃𝄂𝄂𝄀𝄁𝄃𝄂𝄂 :
video လေးတွေ ပြန်သုံးခွင့်ပြုပါနော်🥰🥰🥰
2026-08-08 03:36:44
1
jar.htoi.tsin.lp16
🇯🇵jar htoi🇯🇵japan Official :
လှလိုက်တာ
2026-08-09 07:15:24
1
qualityxzxocxy
𝐐𝐮𝐚𝐥𝐢𝐭𝐲 𝐗 𝐳𝐗𝐨𝐜𝐗𝐲 :
စာသားလေးယူပါရစေ ဗျ
2026-08-08 02:17:19
1
cc754229
Rachel Khant Ko💜 :
ကံမတူရင် ကြာကြာမဆုံပါဘူး သိပ်လှတဲ့စကားလေး❤️
2026-08-09 15:40:10
2
g3334443
Xīng Xīng 🥢 :
ယုံခဲ့မိလို့ နောင်တလဲ ရနေပါပီ ဖစ်နိုင်ရင် သူစ စကားလာပြောတဲ့နေ့ကို ပြန်ရောက်သွားချင်မိလေရဲ့ သေချာပေါက် ငြင်းမာနလို့
2026-08-08 09:52:32
2
myatthet990
MyatThet :
ဆွဲမထားချင်တော့ဘူး ကိုယ်စိတ်နှစ်ရင်နှစ်သလောက်ပင်ပန်းရတာမို့လို့ အပူတွေလည်းမယူချင်တော့ပါဘူး စာတွေလည်းတတ်သင့်သလောက်တတ်သွားပီမို့လို့နောက်ပိုင်းတော့ကိုယ့်ဘဝထဲဝင်လာမယ့်သူတွေကိုအတတ်နိုင်ဆံုးအပေါ်ယံပဲဆက်ဆံဖစ်မယ်ထင်တယ်
2026-08-10 18:36:41
0
winwinhtay794
『ˢᴷ』 • Win Win Htay࿐ :
videoရောစာလေးတေရောပြန်သုံးခွင့်ပြုပါနော်
2026-08-08 12:48:24
0
To see more videos from user @anon.anonlay, please go to the Tikwm homepage.

Other Videos


About