@macielaugustoo:

Maciel Augusto
Maciel Augusto
Open In TikTok:
Region: BR
Sunday 26 July 2026 15:59:28 GMT
454
36
3
1

Music

Download

Comments

vanderlei805
Vanderlei Marcelo :
2026-07-26 18:54:51
0
vanderlei805
Vanderlei Marcelo :
2026-07-26 18:54:39
0
laercio653
preto :
lula quebrou o brasil
2026-07-26 17:12:13
0
To see more videos from user @macielaugustoo, please go to the Tikwm homepage.

Other Videos

လောက လူတိုင်းဟာ မွေးဖွားလာတဲ့အချိန်ကစပြီး သေခြင်းဆီကို တစ်ရက်ချင်း နီးကပ်လာနေကြပြီ။  ဒါဟာ မကြိုက်ရင်လည်း ဖြစ်ကိုဖြစ်ကြရမယ့် အမှန်တရားတစ်ခုပါ။ မယုံချင်လည်း လက်ခံရမယ့် သဘာဝ နိယာမတစ်ခုပါ။ ကျွန်တော်တို့ဟာ အလုပ်တွေလုပ်ရင်း၊  အိပ်မက်တွေတည်ဆောက်ရင်း၊  မိသားစုကို ချစ်ရင်း၊  အောင်မြင်မှုတွေကို လိုက်ရှာရင်း  ဘဝကို ဖြတ်သန်းနေကြတယ်။  ဒါပေမယ့်… တစ်နေ့နေ့မှာ
လောက လူတိုင်းဟာ မွေးဖွားလာတဲ့အချိန်ကစပြီး သေခြင်းဆီကို တစ်ရက်ချင်း နီးကပ်လာနေကြပြီ။ ဒါဟာ မကြိုက်ရင်လည်း ဖြစ်ကိုဖြစ်ကြရမယ့် အမှန်တရားတစ်ခုပါ။ မယုံချင်လည်း လက်ခံရမယ့် သဘာဝ နိယာမတစ်ခုပါ။ ကျွန်တော်တို့ဟာ အလုပ်တွေလုပ်ရင်း၊ အိပ်မက်တွေတည်ဆောက်ရင်း၊ မိသားစုကို ချစ်ရင်း၊ အောင်မြင်မှုတွေကို လိုက်ရှာရင်း ဘဝကို ဖြတ်သန်းနေကြတယ်။ ဒါပေမယ့်… တစ်နေ့နေ့မှာ "အချိန်ပြည့်သွားပြီ" ဆိုတဲ့ အခိုက်အတန့်ကတော့ လူတိုင်းဆီကို မလွဲမသွေ ရောက်လာပါလိမ့်မယ်။ အဲဒီအချိန်ကို ဘယ်သူကမှ ရှောင်လွှဲလို့ မရပါဘူး။ ◾ဗုဒ္ဓမြတ်စွာဘုရားရှင်က "ဇာတိပိ ဒုက္ခာ၊ ဇရာပိ ဒုက္ခာ၊ ဗျာဓိပိ ဒုက္ခာ၊ မရဏမ္ပိ ဒုက္ခံ" ဟု ဟောကြားတော်မူခဲ့ပါတယ်။ မွေးဖွားခြင်း၊ အိုမင်းခြင်း၊ နာကျင်ခြင်းနဲ့ သေခြင်း… ဒီလေးမျိုးဟာ သက်ရှိအားလုံး မလွဲမသွေ ကြုံတွေ့ရမယ့် သဘာဝအမှန်တရားတွေပါ။ ထို့ကြောင့် သေခြင်းဟာ ပြစ်ဒဏ်မဟုတ်ပါဘူး။ ဒါဟာ သဘာဝတရား အတိုင်းပါပဲ။ သို့သော်လည်း… တရားအသိမရှိတဲ့ စိတ်အတွက်တော့ သေခြင်းဟာ ကြောက်စရာအကောင်းဆုံး အတွေ့အကြုံတစ်ခု ဖြစ်လာနိုင်ပါတယ်။ တရားမကိန်းသူအတွက် သေခြင်းဆင်းရဲဟာ အကြီးမားဆုံး ဒုက္ခဝေဒနာ ဖြစ်လိမ့်မယ်။ ◾လူတော်တော်များများဟာ သေခြင်းကို ကြောက်တာမဟုတ်ပါဘူး။ မပြီးဆုံးသေးတဲ့ နောင်တတွေကို ကြောက်နေကြတာပါ။ "ငါ ကောင်းတာတွေ မလုပ်ရသေးဘူး။" "မိဘကို ကျေးဇူးမဆပ်ရသေးဘူး။" "တရားကို သေချာ မလေ့လာရသေးဘူး။" "စိတ်ကို မသန့်စင်ရသေးဘူး။" ဒီလို နောင်တတွေကသာ နောက်ဆုံးအချိန်မှာ စိတ်ကို အလေးလံဆုံး ဖြစ်စေပါလိမ့်မယ်။ လောကမှာ စုဆောင်းထားတဲ့ ငွေကြေးတွေက အဲဒီအချိန်မှာ မကူညီနိုင်တော့ဘူး။ ရာထူးတွေလည်း လိုက်မလာနိုင်တော့ဘူး။ ကျော်ကြားမှုတွေလည်း အဓိပ္ပာယ်မရှိတော့ဘူး။ ချစ်ရတဲ့သူတွေက လက်ကို ကိုင်ပေးနိုင်ပေမယ့်… သေခြင်းတံခါးကို ကိုယ့်အစား ဖြတ်လျှောက်ပေးနိုင်မယ့်သူ တစ်ယောက်မှ မရှိပါဘူး။ နောက်ဆုံးခရီးမှာ ကိုယ်နဲ့အတူ ပါသွားမှာက… ကိုယ်ပြုခဲ့တဲ့ ကုသိုလ်ကံ၊ ကိုယ်မွေးမြူထားတဲ့သီလ၊ ကိုယ်လေ့ကျင့်ထားတဲ့ သမာဓိ နဲ့ ကိုယ်ဖွံ့ဖြိုးထားတဲ့ ပညာ ပဲ ဖြစ်ပါတယ်။ ◾ဗုဒ္ဓတရားက သေခြင်းကို မရှောင်ခိုင်းပါဘူး။ သေခြင်းကို နားလည်ခိုင်းပါတယ်။ သေခြင်းကို နားလည်လာတဲ့အခါ…အသက်ရှင်နေတဲ့ နေ့ရက်တိုင်းကို ပိုတန်ဖိုးထားတတ်လာတယ်။ စိတ်ဆိုးဖို့ အချိန်နည်းသွားပါတယ်။ အငြိုးထားဖို့ စိတ်လျော့လာပါတယ်။ မေတ္တာထားဖို့ ပိုလွယ်လာပါတယ်။ ခွင့်လွှတ်ဖို့ ပိုရဲရင့်လာပါတယ်။ ဒါဟာ တရားရဲ့ အလှတရားပါ။ Mindfulness ဆိုတာ လက်ရှိအခိုက်အတန့်မှာ နိုးနိုးကြားကြား အသက်ရှင်နိုင်ခြင်းပါ။ အသက်ရှူနေတဲ့ လေတစ်ရှိုက်ကို သိမှတ်နိုင်တဲ့စိတ်… ပေါ်လာတဲ့ ဒေါသကို သတိနဲ့ မြင်နိုင်တဲ့စိတ်… ဖြစ်ပျက်နေသမျှကို မတွယ်တာဘဲ ရှုမြင်နိုင်တဲ့စိတ်… ဒီလိုစိတ်မျိုးကို တဖြည်းဖြည်း လေ့ကျင့်လာနိုင်ရင်… သေခြင်းတရားဟာလည်း ရန်သူမဟုတ်တော့ပါဘူး။ ◾အချို့လူတွေက ဘဝအောင်မြင်မှုကို ငွေကြေးနဲ့ တိုင်းတာကြတယ်။ အချို့က ကျော်ကြားမှုနဲ့ တိုင်းတာကြပါတယ်။ ဒါပေမယ့် ဗုဒ္ဓတရားကတော့… တကယ့်အောင်မြင်မှုဆိုတာ ကိလေသာ နည်းသွားတဲ့စိတ်၊ မေတ္တာ ပိုများလာတဲ့နှလုံးသား၊ သစ္စာကို ပိုမြင်လာတဲ့ဉာဏ် လို့ သင်ပေးပါတယ်။ အဲဒီအောင်မြင်မှုကို ဘယ်သူမှ လုယူလို့မရပါဘူး။ သေခြင်းတရားတောင် မဖျက်ဆီးနိုင်ပါဘူး။ တကယ်တော့ ဒီနေ့ အသက်ရှင်နေသေးတာဟာ ကုသိုလ်လုပ်ဖို့ အခွင့်အရေးတစ်ခုပါ။ ဒီနေ့ အသက်ရှူနေရသေးတာဟာ တရားနာဖို့ အချိန်တစ်ခုပါ။ ဒီနေ့ မျက်လုံးဖွင့်နိုင်သေးတာဟာ မေတ္တာမျှဝေဖို့ အခွင့်ကောင်းတစ်ခုပါ။ ဒါကြောင့်မို့… အမုန်းတွေကို လျှော့လိုက်ပါ။ ဒေါသတွေကို ဖြေလျှော့လိုက်ပါ။ မနာလိုမှုတွေကို လက်လွှတ်လိုက်ပါ။ ကုသိုလ်ကို တိုးပွားစေပါ။ သီလကို လုံခြုံအောင် စောင့်ထိန်းပါ။ တရားကို နာယူပါ။ တရားကို ဆင်ခြင်ပါ။ တရားကို လက်တွေ့ကျင့်သုံးပါ။ ◾အဓိက High Light ပြောလိုတာက ကျွန်တော်တို့ရဲ့ ဘဝကို တန်ဖိုးရှိစေတာဟာ အသက်ဘယ်လောက်ရှည်ခဲ့လဲ ဆိုတာ မဟုတ်ပါဘူး။ အိမ်ဘယ်နှလုံး ပိုင်ခဲ့လဲ ဆိုတာလည်း မဟုတ်ပါဘူး။ ဘဏ်ထဲမှာ ငွေဘယ်လောက် ကျန်ခဲ့လဲ ဆိုတာလည်း မဟုတ်ပါဘူး။ တကယ်တန်ဖိုးရှိတာက… "နောက်ဆုံးထွက်သက် အသက်ရှူချိန်မှာ ငါ့စိတ်ဟာ ငြိမ်းချမ်းနေသလား" ဆိုတဲ့ မေးခွန်းကို အပြုံးနဲ့ ဖြေနိုင်ခြင်းပါပဲ။ အဲဒီငြိမ်းချမ်းမှုကို ပေးစွမ်းနိုင်တာ… လောကပစ္စည်းတွေ မဟုတ်ပါဘူး။ ဒါက တရားဓမ္မသာ ဖြစ်ပါတယ်။ ◾ထို့ကြောင့်… ဘဝရှိနေသေးတဲ့ အချိန်တိုင်းကို အလဟဿ မဖြုန်းတီးပါနဲ့။ သစ္စာတရားကို ရှာဖွေပါ။ သီလကို လုံခြုံစွာ စောင့်ထိန်းပါ။ သမာဓိကို မွေးမြူပါ။ ပညာကို တိုးပွားစေပါ။ မေတ္တာကို နေ့စဉ် ဖြန့်ဝေပါ။ အဲဒီလမ်းဟာ… သေခြင်းကို မကြောက်တော့တဲ့လမ်း… နောင်တကင်းတဲ့လမ်း… မြတ်ဗုဒ္ဓ ညွှန်ပြခဲ့တဲ့ အရိယမဂ္ဂင်လမ်း ပဲ ဖြစ်ပါတယ်။ 🪷 မဂ်ဉာဏ်၊ ဖိုလ်ဉာဏ်တို့ကို ရရှိနိုင်ကြပါစေ။ 🪷 ဗုဒ္ဓ၊ တရား၊ သံဃာ ရတနာသုံးပါး၏ အေးမြသောအရိပ်အာဝါသအောက်တွင် စိတ်ချမ်းသာ၊ကိုယ်ကျန်းမာကြပါစေ။ crd မူရင်းရေးသားသူအား လေးစားလျက် #SYT Fanshion #SYTယိုးဒယား တီရှပ် လက်ကားဒိုင်

About