@choosingmypeace17: လူတစ်ယောက်ကို တကယ် ချစ်မြတ်နိုးရင်လေ အဲ့ဒီလူရဲ့အခက်အခဲဆုံး အချိန်တွေမှာ..... ဘယ်တော့မှ မထားခဲ့ရဘူး၊ အတူတူ ဖြတ်သန်းပေးရတယ် ။ ဒါဟာ ချစ်လို့လုပ်ပေးတာထက် လူသားဆန်တဲ့ စိတ်ရှိတဲ့လူတိုင်း လုပ်ပေးရမဲ့အရာပဲ ။ ဒါဟာ ချစ်သူရည်းစားမှ မဟုတ်ဘူး၊ သူငယ်ချင်းတွေ..... မိတ်ဆွေတွေ..... အပေါင်းအသင်းတွေ အကုန်ပဲ ။ သူတို့ကိုယ် သူတို့တောင် မယုံကြည်တော့တဲ့ အချိန်တွေမှာ.... ယုံကြည်ပေးတာ ။ ကိုယ့်ကိုယ်ကိုယ်တောင် သံသယဝင်နေတဲ့ အချိန်တွေမှာ..... အားပေးတာ၊ နှစ်သိမ့်ပေးတာ ။ အမှားတွေ တကယ်လုပ်မိရင်တောင်မှ..... ကာကွယ် စောင့်ရှောက်ပေးတာမျိုးက တကယ်ကောင်းတဲ့ လူတွေပဲ လုပ်ပေးနိုင်တာ ကိုယ့်အပေါ် တကယ်ခင်တဲ့လူ ချစ်တဲ့လူတွေမှ လုပ်ပေးနိုင်တာမျိုးပါ ။ လူတိုင်းက ကိုယ့်ကို အဲ့လို လုပ်ပေးနိုင်မှာ မဟုတ်ပါဘူး ။ ဒါကြောင့်လည်း ဘဝရဲ့ခက်ခဲတဲ့ အချိန်တွေက လူမှန်တွေကို စစ်ထုတ်ပေးတတ်တာ ဘယ်သူက အနားမှာ ကျန်နေခဲ့လဲ...?? ဘယ်သူက ယုံကြည်ပေးလဲ...?? ဘယ်သူက လူမှန်လဲ ဆိုတာကိုပေါ့ ။ တစ်ဖန်ပြန်ပြီး အဆင်ပြေတဲ့ ရက်တွေရောက်သွားတဲ့ အခါ ခက်ခဲနေတဲ့ အချိန်တုန်းက..... ကိုယ့်နားမှာ စိတ်ရောလူရော ရှိနေပေးတဲ့ လူတွေကို မမေ့ပစ်ရဘူး ။ အဲ့ဒီလိုပဲ စွန့်ခွါသွားတဲ့ လူတွေကိုလည်း ဘယ်တော့မှ ပြန်လက်မခံမိစေနဲ့ ။ ကောင်းတဲ့နေ့ရက်တွေ၊ အခြေအနေကောင်းတွေထဲမှာ လူတွေဟာ ကိုယ်နဲ့အတူတူရှိနေနိုင်ပေမယ့်..... ဆိုးတဲ့နေ့ရက်တွေကို ဝေမျှပြီး ရှိနေပေးတဲ့ လူတွေကတော့ တကယ့်လူကောင်းတွေပါ ။ လူတွေက တစ်ဘဝလုံး အတူတူ ရှိနေနိုင်သွားကြမှာ မဟုတ်ဘူး ။ ဒါပေမဲ့ တကယ်ကောင်းတဲ့ လူတွေကတော့..... အခြေအနေဆိုးတွေထဲမှာ ဘယ်တော့မှ ပစ်မထားခဲ့တတ်ကြဘူး ။ နှစ်ယောက်က မအက်စပ်နေဘူး ဆိုရင်တောင်..... အခြေအနေဆိုးတွေထဲမှာတော့..... အတူတူရှိနေပြီး အခြေအနေကောင်းသွားမှ ကိုယ့်လမ်းကို ဆက်လျှောက်ကြဖို့ ရွေးချယ်ရင် ရွေးချယ် တတ်ကြလိမ့်မယ် ။ ဒါဟာ ဆက်ဆံရေးတိုင်းရဲ့အခြေခံ Ruleပဲ.... ခက်ခဲနေတဲ့အချိန်မှာ အတူတူ ရှိမနေခဲ့တဲ့ လူတွေဟာ..... ဘဝမှာ ဆက်ပြီးအတူတူရှိဖို့ စဉ်းစားစရာကို မလိုတဲ့ လူတွေပါပဲ ......✅✅✅✅ #lifequotes #deepthoughts #inspiration #myanmartiktok🇲🇲🇲🇲 #foryou

🍀𝑺𝑯𝑰𝑵𝑬 🍀
🍀𝑺𝑯𝑰𝑵𝑬 🍀
Open In TikTok:
Region: MM
Sunday 26 July 2026 16:00:00 GMT
4518
157
20
27

Music

Download

Comments

mg.mg.saw55
mg mg saw :
အင်းးးး 👍👍👍👍
2026-07-27 14:55:52
1
yoonna345
Yoon Na( 윤아)💜 :
အချို့သောသူတွေသိစေချင်တယ် တကယ့်အမှန်တရားပါပဲ ကိုယ်ဒုက္ခရောက်ချိန်မှ ဘယ်သူကောင်းတယ်မကောင်းဘူးဆိုတာ ဘယ်သူမေတ္တာစစ်တယ် မစစ်ဘူးဆိုတာ သိသာစေတယ် သာနေချိန်မှာ ရှိတဲ့လူထက် ကိုယ်စိတ်ဓာတ်ကျ ခက်ခဲနေချိန် အနားမှာ ဖေးမရှိနေပေးသူ ကို ပိုတန်ဖိုးထားတယ်
2026-07-27 13:30:45
1
thawe156203
@thaw156203သားလေမေမေပါ❤️🥰🥰❤️ :
အမှန်ပါဘဲ👍
2026-07-27 12:09:50
1
thisoe48
thisoe48(Official) 🏳️‍🌈 :
စာသားလေးချပေးပါ🥰
2026-07-27 03:02:53
1
dar.dar9803
Shwe Wut Yee :
မှန်တာပေါ့ရှင်...အရာရာတိုင်းမှာကိုယ်ချင်းစာတရားနဲ့နေရင် လူသားဆန်ပြီးသားပါရှင်🥰
2026-07-26 17:06:50
2
pwintoowai2026
ℙ𝕨𝕚𝕟𝕥 𝕆𝕠 𝕎𝕒𝕚 :
စာသာချ ပေးပါလား...bro
2026-07-27 03:10:22
1
zero.to.hero999
MNL 😊 💙 🇲🇲🇲🇲 :
🥰
2026-07-27 06:43:03
1
choosingmypeace17
🍀𝑺𝑯𝑰𝑵𝑬 🍀 :
😌
2026-07-26 16:07:37
0
To see more videos from user @choosingmypeace17, please go to the Tikwm homepage.

Other Videos


About