@mohanmyo: ■ မော်လမြိုင်မှ ရန်ကုန်သို့ ထွက်ခွာသည့် DEMU ရထားပေါ်တွင် ဆူညံစွာသီချင်းဆိုခြင်း၊ လျှောက်လမ်းပိတ်၍ ထမင်းဝိုင်းဖွဲ့စားသောက်ခြင်းစသည့် ခရီးသည်များ စိတ်အနှောက်အယှက်ဖြစ်အောင် ပြုလုပ်ခဲ့သော ဒေါ်မြသန်းပါ ၅၄ ဦးကို အရေးယူ မော်လမြိုင်မှ ရန်ကုန်သို့ ထွက်ခွာသည့် DEMU ရထားပေါ်တွင် ဆူညံစွာသီချင်းဆိုခြင်း၊ လျှောက်လမ်းပိတ်၍ ထမင်းဝိုင်းဖွဲ့စားသောက်ခြင်းစသည့် ခရီးသည်များ စိတ်အနှောက်အယှက်ဖြစ်အောင် ပြုလုပ်ခဲ့သော ဒေါ်မြသန်း ပါ ၅၄ ဦးကို အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဇူလိုင် ၂၃ ရက် မော်လမြိုင်ဘူတာမှ ရန်ကုန်ဘူတာကြီးသို့ ထွက်ခွာသည့် အမှတ်(၈၄)အစုန် DEMU ရထားပေါ်တွင် ဆူညံစွာအော်ဟစ်သီချင်းဆိုခြင်း၊ ရထားထိုင်ခုံ လက်တန်းပေါ်တွင်ထိုင်ခြင်း၊ ရထားကြမ်းခင်းတွင် လျှောက်လမ်းပိတ်ဆို့၍ ထမင်းဝိုင်းဖွဲ့ စားသောက်ခြင်း၊ Tik Tok များ ရိုက်ကူးခြင်းများဆောင်ရွက်နေကြသော ဦးမြင့်ကြည်၊ ဒေါ်မြသန်း၊ မအေးအေးစံ၊ မခင်ဆန်းဝင်း၊ မမြင့်မြင့်ချို၊ မဖြိုးဖြိုးစံ၊ မဘေဘီသန်း၊ မမြင့်မြင့်ခိုင်၊ မသန်းသန်းထွေး၊ မဝါဝါလွင်၊ မစီစီညွန့်၊ မစမ်းစမ်း၊ မသီတာအောင်၊ မစိုးမိုးပွင့်ဖြူ၊ မစမ်းသီတာဝင်း၊ မစိုးစိုးညွန့်၊ မမိုးမိုး မြင့်၊ မအိမ်ချစ်၊ မတီတီစိန်၊ မသင်းရနံ့၊ မနီလာ၊ မခင်ချိုဝင်း၊ မတင်လှ၊ မသီတာမျိုး၊ မနှင်းနှင်းသော်၊ မဝင်းမင်းကို၊ မဝင်းသိန်း၊ မထွေးသန်း၊ မစန်းအေး၊ မစန္ဒာဝင်း၊ မအိအိသိန်း၊ မစန္ဒာမြင့်၊ မလဲ့ရည်ဝင်း၊ မသုစံ၊ မရီဝင်း၊ မကြည်ဝါဝင်း၊ မလဲ့လဲ့ခိုင်၊ မတင်မိုးခိုင်၊ မလေးလေးနွယ်၊ မဥမ္မာအေး၊ မသီရိနု၊ မမြသန္တာအောင်၊ မသီတာ၊ မစန်းမော်၊ မသင်းသင်းယု၊ မအေးအေးမြင့်၊ မယဉ်စုထွန်း၊ မနွယ်နီဝင်း၊ မမြင့်တင်အေး၊ မခင်မာကြူ၊ မအေးမြင့်၊ မဌေးဝင်း၊ မမြမြမိုး၊ မအေးခိုင် တို့(၅၄)ဦးအား ဥပဒေအရအရေးယူပေးပါရန် ဇူလိုင် ၂၆ ရက်တွင် မြန်မာ့မီးရထား၊ တိုင်းအမှတ်(၈)(မော်လမြိုင်)မှ အထူးတန်းရုံပိုင်ကြီး၊ ဦးသန်းစိုးမှ မော်လမြိုင်မြို့မရဲစခန်းတွင် တရားလိုပြုလုပ်တိုင်တန်းခဲ့ကြောင်း သိရသည်။ ထိုသို့တိုင်တန်းသဖြင့် ၎င်းတို့အား (ပ)၁၂၉/၂၀၂၆၊ ရထားပို့ဆောင်ရေး ဥပဒေပုဒ်မ-၈၈(က)အရ အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ #မော်လမြိုင်မှ ရန်ကုန်သို့ #DEMU ရထားပေါ် #ဒေါ်မြသန်းပါ ၅၄ ဦးကို အရေးယူ #elevennews ■ ပုံစာ- လူမှုကွန်ရက်တွင် ပျံ့နှံ့နေသည့် ရထားပေါ်၌ စားသောက်နေသော ဒေါ်မြသန်းပါ ၅၄ ဦးအဖွဲ့ကို တွေ့ရစဉ်။

Han Mon
Han Mon
Open In TikTok:
Region: MM
Monday 27 July 2026 00:48:16 GMT
154506
2980
174
96

Music

Download

Comments

000000kkk3
Ok :
ခြောက်လတိတိ ရထားလာရင် ကားလမ်းပိတ်တဲဲ့သံတခါး အပိတ်ဖွင့် လုပ်ခိုင်းရမှာ
2026-07-27 02:43:23
95
may.lay9909
May Lay :
good job 👍👍👍👍👍👍
2026-07-27 04:08:15
1
user1530602381077
Ko Min :
တိုးတတ်ချင်ရင်တော့စ ည်းကမ်းပါတခါထဲပါလာရပါမယ်
2026-07-27 05:09:21
19
nobody100088
Nobody :
အဲ့မှာ တာဝန်ကျနေတဲ့ ရဲပါ အရေးယူရမှာ ဘာမှ မပြောဘူးလား မြင်တာကို
2026-07-27 04:25:51
14
lae.lae7198
Su Pyae :
အပြစ်ရှိတာတော့အမှန်ဘဲ ဒါပေမယ့် နောက်မလုပ်အောင်ဒဏ်ငွေလောက် နဲ့ဘဲပြီးစေချင်တယ် ထောင်ချတာမျိုးတော့မဖြစ်စေချင်ဘူး တစ်ချို့ကထောင်အတင်းချခိုင်းနေတာသူများဒုခ္ခရောက်စေချင်နေကြတာ မြင်ရတွေ့ရတာ တွေကအကုသိုလ်များလိုက်တာ
2026-07-27 08:21:26
3
kojay.642
🇲🇲VIPကံကောင်းVIP🇲🇲 :
30000×54=1620000
2026-07-27 02:00:14
0
user8515605191034
ဗိုလ်ကျော် :
စည်းကမ်းဆိုတာဘယ်သူမျက်နှာမှမလိုက်မှနိုင်ငံတိုးတက်
2026-07-27 05:35:02
7
.by.maxi
ကျောက်စိမ်းချစ်သူ(MDY) :
ကြည့်လိုက် ရတာ ငါ့အမေ များပါမလားလို့😂
2026-07-27 04:17:36
9
ning.lin.aung497
Naing Lin Aung :
ဒုက္ခရောက်စေချင်တာမဟုတ်ဘူး အရေးယူသင့်တယ် နောက်လူတွေထပ်မလုပ်အောင်လို့ပါ
2026-07-27 03:50:18
15
kokkkyayywthnnkkktkk
KO. :
အတွဲလိုက်အပြက် ငှားစီးတာဆိုရင်တော့ အရေးမယူသင့်ပါဘူး
2026-07-27 02:59:41
3
user2455523617655
AUNG :
အများပြည်သူစည်ကမ်းလိုက်နာကြမှ သန့်ရှင်းတဲ့လူနေမှုဘဝကို ရရှိကြမှာပါ၊🥰
2026-07-27 04:24:41
6
user59120679618265
Ko Myo :
ဒဏ်ငေ ွေလောက်နဲမရပါထောင်ဒဒဏ်တော့ပေးသင့်တာပေါ့
2026-07-27 02:34:09
12
fyguj985
U Mg Mg Zaw :
အဲ့လိုအရေးယူမှစည်းကမ်းရှိမှာ
2026-07-27 04:18:16
9
user8266688273414
ပါရမီခရီးသည် -ဘိက္ခူ :
သုံးသောင်းနည်းတါပေါ့ ဟန်ပြဖြစ်နေ စ ံပြဖြစ်စေရန် ၁သိန်းအနည်းဆုံးလောမှ မှတ်ကြမှာ ။
2026-07-27 02:07:47
17
shinthirithant4445
Than Sein :
တာဝန်ကျဝန်ထမ်းတွေက အရင်ဆုံး ပြောရမှာပါ
2026-07-27 06:12:42
5
zaw.htun9317
Thet Bo :
ထိရောက်စွာအရေးယူပေးပါ🥰🥰🥰
2026-07-27 03:30:15
6
julia79856
Julia :
မှတ်သားလောက်အပြစ်ပေးပါ
2026-07-27 03:21:39
9
u.win.ti
uwinti :
ရှေ့လူအရေးမယူပြရင်နောက်လူတွေပိုဆိုးလာမယ်
2026-07-27 05:15:10
3
k7325189
44 နှစ်ဆိုတော့ ဦးပေါ့ :
ဥပဒေ အရ ထိုက်တန်စွာ အပြစ်ပေးပါ ရထားသန်းရှင်းရေး အဖြစ် တနှစ်လောက် တာဝန် ထမ်းစောင်းခိုင်းလိုက်ပါ
2026-07-27 03:44:20
8
aungnaingthu3282
aung naing thu :
လုံခြုံရေးပါဘူးလား အဲ့ကတဲကထိမ်းမရလို့လား ဘာလားညာလား
2026-07-27 09:00:47
0
u.s.h90
U.S.H :
ထိထိရောက်ရောက်၊အရေးယူဖို့လိုပါသည်။
2026-07-27 04:25:04
4
u.than.win2893
U Than Win :
နောက်စီးမယ့်သူ ရှိပါ့မလား
2026-07-27 04:08:02
0
nd.nandar3
nd.nandar3 :
Express , YBS ကားပေါ်တွေမှာလဲ အရေးယူပေးပါ
2026-07-27 05:01:50
4
mgnaing5515
MgNaing :
စည်းကမ်းလေးတော့ရှိပါကွာ
2026-07-27 04:33:01
4
saibhone30
Ko Bhone :
2026-07-27 03:29:09
0
To see more videos from user @mohanmyo, please go to the Tikwm homepage.

Other Videos


About